အခွင့်ကြုံလျှင်တော့ဖြင့် ထာဝစဉ် အေးသက်တိုးငြိမ်နေမြဲဖြစ်သော ထိုနေရာလေးသို့ အရောက်သွားလျှက် ဝဋ်ကြွေးတော်ပြေ ခေါင်းလောင်းကို တစ်ချက်လောက်ဖြစ်ဖြစ် ထိုးခတ်လိုက်ချင် ပါသေးသည်
01 August 2026
ကျွန်တော် ဘယ်သူ့ဆီမှာ အသနားခံစာ တင်သွင်းရမှာလဲ။ ပွဲချိန်ပြည့် ကစားခွင့်မရဘဲ ကျွန်တော့်ဘဝကို ဒီလိုပဲ လမ်းတစ်ဝက်ကနေ အရှုံးပေးလိုက်ရတော့မှာလား။ ကျွန်တော် မရှုံးချင်သေးဘူးဗျာ။ မရှုံးချင်သေးဘူး။ ဒီအချိန်မှာ ကျွန်တော် အရှုံးမပေးချင်သေးဘူး။
တောကျော်ရေဟု စူးစူးဝါးဝါး အော်လိုက်သော ထန်းသမား ကိုပေသီးအသံကြောင့် ကိုတောကျော်မှာ ခူးလက်စ ဂုံညွန့်တွေကို ပစ်ထားခဲ့ကာ အသံလာရာဆီသို့ ပြေးလာမိသည်။ သရက်ပင် ခြေရင်းမှာ လူလေးငါးယောက် ဝိုင်းအုံနေသည်မို့ တစ်ခုခုတော့ ဖြစ်ပြီဟု သူ သိလိုက်သည်။
လူတစ်ယောက်သည် ပန်းဆိုးတန်းလမ်းအတိုင်း တောင်မှမြောက်သို့ လျှောက်လာရာမှ အနော်ရထာလမ်းသို့ အရောက်တွင် အရှေ့ဘက်မှလာသော ကားများ ရှင်းမရှင်းကြည့်ပြီး မျဉ်းဝါကြားအတွင်းမှ တစ်ဘက်ပလက်ဖောင်းသို့ ဖြတ်ပြေးလေတော့သည်
ကာလသား လူပျိုပေါက်ကလေးများ၏ ဂစ်တာနှင့် ကျေးလက်သီချင်း ကြက်တွန်သံ ခွေးဟောင်သံ ဘုရားကျောင်းမှ ခေါင်းလောင်းသံ စသည်များတို့နှင့် ကင်းခဲ့ ဝေးကွာခဲ့ရသည်မှာ တော်တော် ကြာခဲ့သည်ကိုး
သူတစ်ပါးကို လှောင်ပိတ်ထားသလို ကိုယ်လည်း အလှောင်ခံရတဲ့ ဝဋ်ဆိုတာ ရှိတယ်။ ဘာညာပေါ့။ ဝဋ်မှာ အမြဲ ငရဲမှာ အပဆိုတဲ့ အရပ်သုံးစကားလား၊ ဒေသနာထွက် စကားလား မသိတဲ့ ဆိုရိုးနဲ့ ညှိပြောကြတာပေါ့။