'ကိုယ်ချင်းစာတရား နည်းနည်းမှ မရှိတဲ့လူဗျာ သူ သွားစရာရှိလို့ဆိုပြီး ကျွန်တော့်ကို မောင်းထုတ်လိုက်တယ်ဗျ လောဘကလည်း အတော်ကြီးပုံပါပဲဗျာ အရုပ်ကဆိုးဆိုး ထိပ်ကပြောင်ပြောင်နဲ့ သူနဲ့ စကားပြောရင်း ကျွန်တော့်မျက်လုံးထဲမှာ ဘီလူးတစ်ကောင်နဲ့ ပြောနေရသလိုပဲ'
01 August 2026
ကမ္ဘာပေါ်က ကြီးကျယ်ခမ်းနားခဲ့တဲ့ စစ်သူရဲကောင်းတွေအကြောင်း အမွှန်းတင်ရေးသားခဲ့ကြသူတွေဟာ စစ်နိုင်သူတွေဖက်ကချည်း ရေးခဲ့ကြတာမို့ သိပ်အားကျဖို့ ကောင်းခဲ့တာတွေရှိတယ်။ စစ်ပွဲတစ်ပွဲရဲ့နောက်မှာ မွမွကြေသွားတဲ့ ဘဝတွေဟာ ဘယ်လို စစ်သမိုင်းကမှ တခမ်းတနား မဖော်ပြကြပါဘူး။
01 July 2026