စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။
01 November 2025
ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ ဆိုပြရမယ်ဆိုလည်း ဆိုတာပဲ။ ကိုယ်ဆိုတာကိုကြည့်ပြီး ပျော်နေတယ်ဆိုရင် ဘဘလည်း ပျော်တာပဲ။
01 November 2025
မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်ဖို့ပဲ အရေးကြီးပါတယ်။
01 October 2025
ဂျပန်တက္ကသိုလ်တွေကလည်း အဲဒီလိုပဲ တက္ကသိုလ်တစ်ခုနဲ့ တစ်ခု သီချင်းချင်း မတူကြဘူး။ ဂျပန်တပ်ထဲမှာက တက္ကသိုလ်ကျောင်းသားတွေလည်း နိုင်ငံတာဝန် ထမ်းဆောင်ရင်း ပါလာတာဆိုတော့ သူတို့ကလည်း သူတို့ တက္ကသိုလ်တွေရဲ့ သီချင်းတွေကို သင်ပေးကြတယ်။ ဒီတော့ ဘဘအနေနဲ့ ဂျပန်နိုင်ငံအရပ်ရပ်က ဒေသ သီချင်းတွေရော၊ ဂျပန်တက္ကသိုလ်တွေက...
01 October 2025
ဝါသနာပါတဲ့ သူတစ်ယောက်အနေနဲ့ ဘယ်လို သရုပ်ဆောင်ရမယ်လို့ စိတ်သွင်းလိုက်တာနဲ့ တစ်ပြိုင်နက် အလိုလို မျက်လုံးတွေက ပြောင်းသွားပါတယ်။ ကားတစ်ကားမှာ ဒီမင်းသားဟာ ကိုယ့်ချစ်သူဖြစ်ပေမယ့် နောက်တစ်ကားမှာ ကိုယ့်သားအဖြစ် သရုပ်ဆောင်ချင်ဆောင်ရမယ်။ ဒီတော့ အကြည့်မှားသွားပြီဆိုရင် ပျက်ပြီပေါ့။
01 September 2025
ဘဘ ဂျပန်သွားမယ်ဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးက ယဉ်ကျေးမှု တာဝန်ခံကလည်း NHK က တာဝန်ရှိသူတွေဆီကို စာတစ်စောင် ရေးပေးလိုက်တယ်။ ဒီပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံမှာ နာမည်ကြီး အဆိုကျော် တစ်ယောက်ဖြစ်တယ်။ သူဟာ ဂျပန်သီချင်းကိုလည်း ကောင်းကောင်း သီဆိုနိုင် တယ်လို့ ရေးပေးလိုက်တယ်။
01 September 2025