ဝင်းငြိမ်း
ဘဘ သားသမီး ဘယ်နှယောက် ထွန်းကားပါသလဲ။
သားနှစ်ယောက်၊ သမီး
တစ်ယောက်၊ သားအကြီးက မောင်ရေချမ်း၊ ဒုတိယသားက မောင်ချမ်းဘို၊ သမီး တစ်ယောက်နာမည်က
ခင်မေအံ့ကြီး။ ဒါပဲ။
ဘဘရဲ့ သားသမီး
သုံးယောက်ထဲမှာ ဘဘရဲ့ အနုပညာအမွေကို ဆက်ခံနိုင်တဲ့ သူတွေ မပါဘူးလား။
သုံးယောက်စလုံး ခြေရာနင်းပါတယ်။ ဒါပေမယ့် သူတို့က အများရှေ့မှာတော့ လုပ်လေ့မရှိဘူး။ ကိုယ့်မိသားစုဝင်တွေချည်းပဲလုပ်တဲ့ House Party တွေမှာတော့ ဆိုကြပါတယ်။ သုံးယောက်စလုံး ဆိုကြတာပါ။ ဒါပေမယ့် ပွဲကြီးပွဲကောင်းတွေ၊ စင်ပေါ်တက်ဆိုရမယ့်ဟာမျိုးတွေမှာတော့ သူတို့ မဆိုကြပါဘူး။ ဆိုမယ်ဆိုရင်လည်း ဆိုလို့ ရကြပါတယ်။ ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ ဆိုပြရမယ်ဆိုလည်း ဆိုတာပဲ။ ကိုယ်ဆိုတာကိုကြည့်ပြီး ပျော်နေတယ်ဆိုရင် ဘဘလည်း ပျော်တာပဲ။
(နားထောင်နေတဲ့ ကိုသန်းနိုင်က ဝင်ပြီး ဖြည့်စွက်ပါတယ်။ 'ကျွန်တော်တို့ ငယ်ငယ်တုန်းက ဘဘ သီချင်းဆိုပြီဆိုရင် အောက်ကထိုင်ပြီး ငေးနားထောင်ခဲ့ကြတာ။ ဘယ်နှပုဒ်ဆိုဆို နားထောင်ရတာ ငြီးငွေ့တယ်ရယ်လို့ မရှိခဲ့ဘူး။ နေ့တိုင်းတီး နေ့တိုင်း နားထောင်တာပဲ။) ဘဘက အမေရိကားမှာ နေတဲ့အချိန် ပိုများတယ်နော်။ ဟုတ်တယ်။ ဟိုမှာက သမီးရော သမက်ကပါ ဆရာဝန်တွေဆိုတော့ ဘဘရဲ့ ကျန်းမာရေးကို အနီးကပ် စောင့်ရှောက်နိုင်ကြတယ်။ သားငယ်
ကိုချမ်းဘိုနဲ့ ဘဘရဲ့ဇနီး ဒေါ်မေညွန့်ရယ်၊ ဘဘရယ်က တစ်အိမ်နေကြပြီး သမီးနဲ့ သမက်က တစ်အိမ်နေတယ်။ သူတို့က သားသမီး မထွန်းကားဘူး။ သားကြီးက သား နှစ်ယောက်၊ သားငယ်က သားတစ်ယောက်ဆိုတော့ ဘဘမှာ မြေးသုံးယောက်ရှိတယ်။ သူတို့အဘွားက မြေးတွေနဲ့ နေရတာကိုပျော်လို့ မြန်မာပြည်မှာ မြေးတွေနဲ့ ၆ လလောက် လာလာနေတယ်။ ခုလည်း မတ်လကတည်းက ရောက်နေတာ။ သူက ဒီမှာပဲ ပျော်တယ်။
အခု ဘဘ ကိုဝင်းငြိမ်းကို
ပြောပြခဲ့တာတွေဟာ မှတ်တမ်းတစ်ခု ဖြစ်စေချင်လို့ ပြောခဲ့တာပါ။ ဘယ်သူ့ကိုမှ
ထိခိုက်စေချင်လို့၊ ကြွားဝါချင်လို့ ပြောတာ မဟုတ်ပါဘူး။ ဂျပန်၊ အင်ဒို နီးရှား၊
အိန္ဒိယ၊ တရုတ် စတဲ့ နိုင်ငံခြား အသံလွှင့်ဌာနတွေမှာ ဆိုခဲ့တယ် ဆိုတာတွေကလည်း နိုင်ငံတော်က
တာဝန်ပေးလို့ ဆိုခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် ဆောင်ရွက်ခဲ့တဲ့
ကိစ္စတွေပါ။
□
ဘဘ
ဦးအံ့ကြီးနဲ့ ကျွန်တော် တစ်ထိုင်တည်း ပြောဖြစ်ခဲ့တဲ့ စကားများ ဖြစ်ပါတယ်။
အင်တာဗျူး
ကမ်းလှမ်းခဲ့တဲ့ သူများအားလုံးထဲက ရွှေအမြုတေအတွက် လက်ခံပြီး ဖြေကြားပေးအောင်
ဝိုင်းဝန်းတိုက်တွန်းခဲ့တဲ့ ခင်မေအံ့ကြီး၊ ထွန်းထွန်းရဲ့ မိဘနှစ်ပါးဖြစ်တဲ့
ကိုတင်ထွန်းနဲ့ မရွှေစင်၊ ပလေးဘွိုင်းသန်းနိုင်၊ ကိုတင်အောင်မိုးတို့ကို
အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါတယ်။
▀
ဝင်းငြိမ်း
(အမှတ် ၁၉၅၊
ဖေဖော်ဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။
မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...
ဂျပန်တက္ကသိုလ်တွေကလည်း အဲဒီလိုပဲ တက္ကသိုလ်တစ်ခုနဲ့ တစ်ခု သီချင်းချင်း မတူကြဘူး။ ဂျပန်တပ်ထဲမှာက တက္ကသိုလ်ကျောင်းသားတွေလည်း နိုင်ငံတာဝန် ထမ်းဆောင်ရင်း ပါလာတာဆိုတော့ သူတို့ကလည်း သူတို့ တက္ကသိုလ်တွေရဲ့ သီ...