ခင်လေးမြင့်
၂ဝဝ၆ ခုနှစ် ဇန်နဝါရီလရဲ့ ရွှေအမြုတေမဂ္ဂဇင်း မျက်နှာဖုံးရှင်အဖြစ်
မင်းမော်ကွန်းကို
အယ်ဒီတာအဖွဲ့က ရွေးချယ်လိုက်ပါတယ်။ မင်းမော်ကွန်းက လူငယ်စတိုင်လ်နဲ့
ဇာတ်ကားတော်တော်များများကို ရိုက်ကူးသလို သဘာဝဆန်ဆန်နဲ့ ဘဝသရုပ်ဖော် ဇာတ်ကားများမှာလည်း
သရုပ်ဆောင်သူပါ။
ဟာသဉာဏ်လည်းရှိတဲ့
မင်းမော်ကွန်းကို မျက်နှာဖုံး ဓာတ်ပုံရိုက်တဲ့နေ့က တွေ့ဆုံဖြစ်ပါတယ်။
အကြည့်စူးစူးလေးတွေနဲ့
ကင်မရာကို ကြည့်တတ်သလို တည်ငြိမ်တဲ့ အမူအရာ၊
လွတ်လပ်ပေါ့ပါးတဲ့
လူငယ်အသွင်များကို သရုပ်ဆောင်ပြီး ဓာတ်ပုံ ဝဏ္ဏခွာနီး လိုချင်တာများကိုလည်း
ဖြည့်ဆည်းသရုပ်ဆောင်ပေးတာကို တွေ့ရပါတယ်။ အသက် ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ရှင်ဘဝကို ခံယူပေမယ့်
အနုပညာအလုပ်တွေကို အောင်မြင်အောင် လုပ်ကိုင်နေတဲ့ မင်းမော်ကွန်းက မျက်နှာထား
တည်ပေမယ့် ဟာသဉာဏ်လည်း ရှိသူပါ။ မျက်နှာထားတည်တာက ကျွန်တော့်ရဲ့စရိုက်ပါ။ ဒါပေမယ့်
စိတ်က ပျော်ရွှင်ကြည်လင်စွာ နေတတ်ပါတယ်လို့ဆိုတဲ့ မင်းမော်ကွန်းကို
ဓာတ်ပုံရိုက်ပြီးချိန်မှာ မေးမြန်းဖြစ်တာများက...
အသက် ၂ဝ
ကျော် အိမ်ထောင်ရှင်တစ်ယောက်အနေနဲ့ စိတ်ကို လွတ်လပ်စွာ ထားနိုင်ဖို့
ဘယ်လိုလုပ်ပါသလဲ။
ဟိုတုန်းကတည်းက
အခုအချိန်အထိ Free ပဲ နေခဲ့တာ။ ကိုယ့်ဘာသာ အမြဲတမ်းတက်ကြွပြီး
အလုပ်လုပ်ရင်ကော၊
အိမ်မှာနေရင်ကော ဘယ်တော့ဖြစ်ဖြစ် ပျော်ပျော်ပဲ နေတယ်။
ပျော်ရွှင်လွတ်လပ်စွာ
နေထိုင်မှုတွေက တစ်ခါတလေ မိသားစု ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ထိခိုက်မှုဆိုတာမျိုး
ရှိခဲ့လား။
လွတ်လွတ်လပ်လပ်နေပြီး
ကိုယ်လုပ်ချင်ရာတွေ လျှောက်လုပ်နေရင်တော့ ကိုယ့်အတွက်ကော ပတ်ဝန်းကျင်အတွက်ကော
ထိခိုက်နိုင်ပါတယ်။ ကျွန်တော်ပြောတဲ့ လွတ်လွတ်လပ်လပ်ဆိုတာက
သူများလည်း
ဒုက္ခမရောက်ဘူး။ ကိုယ့်ဘာသာ စိတ်ပျော်ပျော်လေးနဲ့ စိတ်သန့်သန့်စင်စင်လေး၊
ကြည်ကြည်လင်လင်လေးကို ပြောတာပါ။
စိတ်ကို
သန့်စင်ကြည်လင်ဖို့နဲ့ ပျော်ရွှင်ဖို့ ကျော်ကျော် ဘာတွေများ လုပ်ရလဲ။
အကောင်းဆုံးကတော့
Meditation လေးလုပ်ရင် ပေါ့ပေါ့ပါးပါးလေး ဖြစ်လာတယ်။
ကျွန်တော်လည်း
နည်းနည်းပါးပါး လုပ်ဖြစ်ပါတယ်။ လူငယ် ယောကျ်ားလေးတွေက
Meditation လုပ်တာ နည်းကြတယ်။ Meditation လုပ်တာက
စိတ်အားတစ်ခုရတယ်။ ကိုယ့်ဘာသာ အေးချမ်းတာပေါ့။ တရားထိုင်တဲ့နည်း မဟုတ်ဘဲ စိတ်ကို
ရှင်းသန့်အောင် လုပ်ဖြစ်တာကော ရှိသေးလား။ အကောင်းဆုံးက Meditation အကောင်းဆုံးပါပဲ။ ကျန်တဲ့ဟာတွေလည်း လုပ်ကြည့်လို့ ရပါတယ်။ ကိုယ့်ဘာသာ
စိတ်ထဲမှာ သန့်စင်အောင် နေလိုက်ရင်ပြီးတာပါပဲ။
တတ်နိုင်သမျှ
စိတ်ကို သန့်စင်အောင် လုပ်ပေမယ့် ပတ်ဝန်းကျင်ကြောင့် ညစ်နွမ်းတာမျိုးကော
ရှိခဲ့သေးလား။
ကျွန်တော်က
ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ဘူး။ ဟိုတုန်းကတည်းက အခုချိန်အထိ
ပတ်ဝန်းကျင်က
ကိုယ့်အပေါ် ဘယ်လိုပဲမြင်မြင် ကိုယ်မှန်တယ်ထင်တာ ကိုယ်လုပ်တာပဲ။
များသောအားဖြင့်
ကျွန်တော်က ပတ်ဝန်းကျင်ကို လျစ်လျူရှုနိုင်ပါတယ်။ ဒါပေမယ့်
ကိုယ်အားနည်းနေတဲ့အချိန် အငိုက်မိတာမျိုးတွေ ရှိပါတယ်။ အဲဒါမျိုးကျရင်
ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိအောင် လုပ်ရတယ်။
သွေးဆိုးတွေကို
ဖောက်မထုတ်ခင် အချိန်က ကျော်ကျော့်ဆီမှာ ဘယ်လိုဆိုးကျိုးတွေ ခံရလဲ။
မကောင်းတာ
လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။
အဲဒီတုန်းက
ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။
အဲဒါကို
အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်ဖို့ပဲ အရေးကြီးပါတယ်။
ဒီလိုမျိုးနည်းနဲ့
စိတ်ထွက်ပေါက်ပေးဖြစ်တာက အသက်အရွယ် ငယ်လို့လား။ တခြား ဘယ်လိုကြောင့်များ ပါသေးလဲ။
အသက်အရွယ်
ငယ်တာ မငယ်တာထက် စိတ်အနားယူဖို့ အချိန်မရှိတာလေ။ စိတ်ကော လူကော
အရမ်းမွန်းကျပ်လာတဲ့အချိန်မျိုးမှာ ဘာလုပ်မလဲဆိုတာ လိုက်ရှာပါတယ်။
လွယ်လွယ်ကူကူ
ရှာလို့တွေ့တဲ့နည်းတွေ သုံးကြတာ များပါတယ်။ အသက်အရွယ် ငယ်ငယ်နဲ့
အလုပ်ဝန်ပိလို့ဆိုတာကြောင့်ကော...။
အလုပ်လုပ်ရတယ် ဆိုတာထက် ကျွန်တော်တို့ လွတ်လပ်မှု မရှိတော့ဘူး။ ကျွန်တော်တို့ အခု
ပွဲဈေးတန်း သွားချင်တယ်။ ကောက်ညှင်းကျီတောက် စားချင်တယ်။ စားလို့မရတော့ဘူး။
လမ်းဘေးမှာ လျှောက်သွားချင်တယ်။ သွားလို့မရဘူး။ အဲဒီဟာတွေက ကြာတော့
အရမ်းအကြောအချဉ်တွေ
တောင့်တင်းလာတယ်။ အဲဒီမှာ ကိုယ့်နီးစပ်ရာ အသိုင်းအဝိုင်းက စိတ်လွတ်လပ်မှုကို
ရှာကြရင်းနဲ့ အဲဒီလိုတွေ ဖြစ်လာတာ။
အဲဒီတုန်းက
တကယ့်ကို စိတ်ထွက်ပေါက်ရတယ်လို့ ခံစားရလား။
ခဏတဖြုတ်တော့
ရသွားပါတယ်။ ဒါပေမယ့် ရေရှည်အတွက်ကတော့ ပိုဆိုးလာတာပဲ ရှိပါတယ်။ အဲဒီအချိန်တုန်းက ကိုယ်လုပ်တဲ့အဆိုးကြောင့်
မိသားစုနဲ့ ကိုယ်ကိုယ်တိုင်မှာ ထိခိုက်မှု ရှိခဲ့လား။ အများကြီး ရှိခဲ့ပါတယ်။
ဘယ်သူတွေ ဘယ်လောက် ဖေးမဖေးမ ကိုယ့်ကိုယ်ကိုယ် မမြင်ရင်၊ မြင်တယ်ထားဦး၊ မလုပ်ရဲရင်
မရပါဘူး။
အဲဒီလို
သတ္တိရှိဖို့အတွက်က...။
ကျွန်တော်
နဂိုကတည်းကတော့ ဘယ်ဟာကိုပဲ ဖြစ်ဖြစ် ကျွန်တော် မလုပ်တော့ဘူးဆိုရင်
လှည့်မကြည့်တော့ဘူး။ အဲဒီအကျင့်တစ်ခု ငယ်ငယ်ကတည်းက ရှိပါတယ်။
ကျော်ကျော်ရဲ့
သားနဲ့ သမီးကို အဲဒီလိုမဖြစ်ရအောင်ဆိုပြီး အခုအချိန်ကတည်းက သွန်သင်ဖို့
အစီအစဉ်လုပ်ပြီလား။
အများကြီးပါပဲ။
စိတ်ပူနေတာတွေလည်း အများကြီး။ ကိုယ်ကိုယ်တိုင် ကျော်နိုင်ခဲ့တဲ့ အခက်အခဲတွေ သူတို့
ကျော်နိုင်ပါ့မလားဆိုတာတွေကော၊ နောက် ကိုယ့်ထက် ပိုဆိုးတဲ့ အခက်အခဲတွေ ရှိလာမှာကော
အဲဒီအတွက် တတ်နိုင်သမျှ ကျွန်တော် လုပ်ပေးစရာရှိတာ၊ သူတို့ လျှောက်ရမယ့်
လမ်းကြောင်း မှန်မှန်ကန်ကန်ဖြစ်အောင် သူတို့ကြံ့ကြံ့ခံနိုင်အောင် တတ်နိုင်သမျှ
ဘေးကနေ ဝိုင်းဝန်းသွားပေးဖို့ပေါ့။
ကျော်ကျော့်ရဲ့
သားနဲ့ သမီး စိတ်နဲ့စရိုက်လေးတွေက ဘယ်သူနဲ့ ပိုတူလဲ။
ကျွန်တော်နဲ့
ပိုတူတယ်။ ကျွန်တော့်သမီးက စိတ်ကြီးတယ်။ စိတ်မာတယ်။
သားက ပျော်တတ်တယ်။
ဘာကိုမှ ခေါင်းထဲမှာ အကြာကြီး မထားတတ်ဘူး။ အဲဒါလေးတွေ တူတယ်။
ကျော်ကျော်က
ဇာတ်ကားရိုက်တာတွေ စိပ်တော့ မိသားစုလိုက် အပန်းဖြေတာတွေကော လုပ်ဖြစ်လား။
အခုနောက်ပိုင်းတော့
ကျွန်တော် အဲဒီလောက်ကြီး မလုပ်ပါဘူး။ အရင်ဆုံး ကျွန်တော် ဘာစလုပ်ရလဲဆိုတော့
မဟုတ်တာတွေ အရင်မဖြတ်ခင် အလုပ်ကို ဖြတ်လိုက်ရတယ်။ အလုပ်ကို အရင်ဖြတ်ပြီး
ကောင်းကောင်း အနားယူလိုက်ရတယ်။ အဲဒါ အချိန်တစ်လ လောက်ကြာတယ်။ အဲဒီအချိန်မှာ
ပင်ပန်းတဲ့ဒဏ်တွေကော၊ တခြားမွန်းကျပ်မှုတွေကော သူ့ဟာနဲ့သူ လျော့သွားတယ်။
အဲဒါနဲ့ ပုံမှန်လေး
ပြန်စလုပ်တယ်။ ကျွန်တော် နားသင့်တဲ့အချိန် နားတယ်။ မိသားစုအတွက်
အချိန်ပေးသင့်တဲ့အချိန် ပေးတယ်။ ပြန်ပြီးတော့ ပုံမှန်လုပ်ကြည့်တယ်။ အခု အိုကေပဲ။
ကျွန်တော် အခုကားရိုက်တယ်။
ကားရိုက်က
ပြန်လာရင် ကလေးတွေနဲ့ တစ်ခုခု သွားစားတယ်။ ကလေးတွေကို ကစားကွင်းတွေ လိုက်ပို့တယ်။
အဓိကကတော့ သူတို့ကို လိုက်ပို့ရင်းနဲ့ ကိုယ်လည်း ပျော်တာပါပဲ။
မကောင်းမှုတွေကို
ဖယ်ထုတ်ချိန်မှာ မကောင်းတာက အရိပ်လို ခြောက်လှန့်သေးလား။
မကောင်းမှန်းတော့
သိတယ်။ ဒါပေမယ့် ကိုယ်လုပ်ချင်တာ လုပ်ပြီးသွားပြီလေ။ ကိုယ်မလုပ်တော့တဲ့
အချိန်ကျရင် မလုပ်ဘဲ နေရဲရမှာပေါ့။
'မြေပဲယို
အဖွဲ့ရဲ့ တစ်ကိုယ်တော်စီးရီးအတွက် အသံသွင်းဖို့ပဲ ကျန်တော့တယ်။ ဒီဇင်ဘာလအတွင်းမှာ
မြေပဲယိုအဖွဲ့အနေနဲ့ ဖျော်ဖြေပွဲသုံးခုမှာ ဖျော်ဖြေဖို့ အစီအစဉ်ရှိပါတယ်'လို့ ဆိုတဲ့ မင်းမော်ကွန်းက ရိုက်ကွင်းကို သွားရဦးမှာမို့ မေးမြန်းမှုကို
ရပ်လိုက်ပါတယ်။ ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ‘လူနတ်ချမ်းသာ’ ဆိုတဲ့ဇာတ်ကား ရိုက်ကွင်းကို သွားရမှာမို့ပါ။
အဆိုးတွေကိုလည်း
လုပ်ခဲ့သလို အကောင်းတွေကိုလည်း လုပ်မယ့် မင်းမော်ကွန်း မေးမြန်းမှုကို
အချိန်ပေးဖြေကြားပေးတဲ့ ကျေးဇူးတင်လျက်...
▀
ခင်လေးမြင့်
(အမှတ် ၁၉၄၊
ဇန်နဝါရီ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။
ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...
ဂျပန်တက္ကသိုလ်တွေကလည်း အဲဒီလိုပဲ တက္ကသိုလ်တစ်ခုနဲ့ တစ်ခု သီချင်းချင်း မတူကြဘူး။ ဂျပန်တပ်ထဲမှာက တက္ကသိုလ်ကျောင်းသားတွေလည်း နိုင်ငံတာဝန် ထမ်းဆောင်ရင်း ပါလာတာဆိုတော့ သူတို့ကလည်း သူတို့ တက္ကသိုလ်တွေရဲ့ သီ...