ဦးလှက စာတွေကို ရေးတုန်းကတော့ စာအုပ်ထုတ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ရေးတယ်။ နို့ပေမယ့် အဲဒီစာတွေကို အစုလိုက် အပုံလိုက်တွေ့တဲ့အခါ စာအုပ်လုပ်ချင်တဲ့စိတ် ပေါက်တတ်တယ်။ သူ ငယ်ငယ်လေးကတည်းက ဒီစိတ်ရှိတယ်။
01 October 2026
ဦးလှကို မင်းမနိုင်ကွက်သစ် တဲအိမ်ဖျက်တဲ့ သတင်းနဲ့ ပတ်သက်လို့ သတင်းမှားရေးတယ်ဆိုပြီး အစိုးရက အရေးယူဖမ်းဆီးထားတော့ ဒီအမှုကို မန္တလေးမှာမစစ်ဘဲ ရန်ကုန်ပြောင်းရွှေ့စစ်ပါရစေလို့ တရားလိုအစိုးရရှေ့နေက ရုံးမှာ လျှောက်ပါတယ်။
01 September 2026
ကျွန်မသိရသလောက် သူ့မှာ စိတ်ကောင်းနှလုံးကောင်း ရှိတယ်။ ဉာဏ်က အထက်မြက်ကြီးတော့ မဟုတ်ဘူး ပုံမှန်ပဲ။ ဒါပေမယ့် ကောင်းတယ်ဆိုတာကို လိုက်နာကျင့်ကြံလိုတဲ့ စိတ်တော့ အမြဲတမ်းရှိတယ်။ အမြဲတမ်းလည်း ကြိုးစားတယ်လို့ထင်တာပဲ။
01 August 2026
သူ့အဖေက ရွှေတောင်သား မြန်မာ သူ့အမေက ပုစွန်မြောင်း ညောင်လေးပင်သူ မြန်မာ ညောင်လေးပင် တောရကြီးဆရာတော် ဦးအရိယ(အဂ္ဂမဟာပဏ္ဍိတ)ဟာ ဦးလှရဲ့ အမေ့အစ်မက မွေးတဲ့သား ဦးလှနဲ့ ညီအစ်ကိုဝမ်းကွဲပါ
01 July 2026
အဲဒီနေ့ထုတ် အဆာဟိရှင်ဘွန်းမှာ ဦးလှယူခဲ့တဲ့ စာအုပ်ကြီးတွေအကြောင်း ဆောင်းပါးသတင်းကတော့ နေရာအကောင်းဆုံးနဲ့ နေရာအယူရဆုံး သတင်းပါပဲ
01 June 2026
သူ့မိတ်ဆွေသင်္ဂဟ၊ သူနဲ့ဆက်ဆံတဲ့လူ၊ သူ့ တပည့်သားမြေးတွေ၊ အားလုံးအပေါ်မှာကိုပဲ အလွန်ပြေပြစ်အောင် ဆက်ဆံပါတယ်။ သူက ကျွန်မကို တစ်ခါပြော ဖူးတယ်။ သူ ဘယ်သူနဲ့ မိတ်ဆွေဖြစ်ရဖြစ်ရ၊ အဲဒီလူနဲ့ သူ တစ်သက်လုံး မိတ်ဆွေဖြစ်သွားမှာပဲတဲ့။
01 April 2026