ကိုယ့်လူမျိုးထဲမှာ သုခုမလည်း သုခုမမို့၊ စာပေဆိုလည်း စာပေမို့၊ အတတ်ပညာဆိုလည်း အတတ်ပညာမို့ ထူးချွန်ပေါက်မြောက်သူတွေဟာ အံ့မခန်းပါပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်အစိုးရသာဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်
01 September 2026
တစ်သက်လုံး မော့ကြည့်လာခဲ့ရတဲ့ မိန်းမကိုပါ ခပ်ထည်ထည်လေး ဆက်ဆံချင်လာတဲ့အခါကျတော့ ခုမနက်ကလိုမျိုး မကြာမကြာ ကတောက်ကဆလေးတွေ ဖြစ်ဖြစ်လာတတ်တယ်။ အဲဒီလို ဖြစ်တဲ့အခါကျရင်လည်း ပင်ကိုကြွားချင် ဝါချင်တဲ့ ဘဝင်စိတ်ကလေးပါ နှောပြီး မဆီမဆိုင် ကိုဝမ်းကို ခုလို တဖျစ်ဖျစ် ပြောလာတတ်တော့တယ်။
01 September 2026
လူ့ဘဝတွင် နောက်ထပ်နေရလှ အလွန်ဆုံး ၁ဝ နှစ်ပေါ့ ၁၅ နှစ်ပေါ့ ဘဝကို ခုံမင်တွယ်တာနေစရာ သိပ်မလိုဟု ကျွန်တော် ထင်သည် သိပ်အစိုးရိမ်ကြီး နေစရာမလို ဘဝသည် အချိန်မရွေး ပြီးဆုံးသွားနိုင်သည် ထိုင်နေရင်း အိပ်နေရင်း သွားနေရင်း စားနေရင်း တစ်ခုခု ဖြစ်သွားနိုင်သည် သေခြင်းတရားက မထင်မှတ်ဘဲ ရောက်ရှိလာနိုင်သည်
01 September 2026