တက္ကသိုလ် ပင်မအဆောက်အအုံကြီးရှေ့မှ စိန်ပန်းပင်တွေက ရဲရဲတောက် နီလို့နေသည်အဲသည် စိန်ပန်းနီတာထက် အဖေ့သွေးတွေက ပိုနီနေလေမလား ကျွန်မ တွေးမိသည် လှေနှင့်တက်နှင့် မြစ်ကြီးထဲမှာပဲ အချိန်ကုန်ခဲ့ရသော လှေသမားကြီးတစ်ယောက်က သည်တက္ကသိုလ်ကြီးဆီ သားသမီးတွေကို ပညာသင်ပို့ရမည်ဆိုသည့် အတွေးအခေါ် ဘယ်ကရောက်နေရပါလိမ့်
01 November 2025
ပွဲဈေးတန်းအစွန်ကနေ လူတွေစည်နေတဲ့ ပွဲခင်းထဲကို ဘယ်လို ပြန်ရောက်လာမှန်း မသိဘူး။ တပျော်တပါးသွားနေကြတဲ့ လူအုပ်ကြီးကို အတင်းတိုးပြီး အောင်တင့်ဟာ သူ့အမေကို ရှာတော့တယ်။ မျက်နှာကြီး နီရဲပြီး မျက်ရည်တွေလည်နေတဲ့ အောင်တင့်ကို ဖေဋ္ဌေးလည်း ဘယ်လိုပြောရမှန်း မသိဘူး။
01 November 2025
သူတို့နားနှင့် စိမ်းနေနိုင်သည့် အင်္ဂလိပ်အက္ခရာ လေးလုံးကိုရွတ်ကာ ညိုလဲ့၏ ရောဂါကို တီးတိုးပြောပြလိုက်တော့ အစ်ကိုမှလွဲ၍ ကျန်သူများက ဘာသိဘာသာပင်။ ထိုရောဂါသည် သူတို့နှင့် ရင်းနှီးနေသော အခြားဖျားနာများလိုပင် ဆေးရုံက ဆင်းသည်နှင့် ပျောက်ကင်းသွားမည့်ရောဂါဟု ထင်နေကြဟန်။
01 November 2025