'ကိုယ်ချင်းစာတရား နည်းနည်းမှ မရှိတဲ့လူဗျာ သူ သွားစရာရှိလို့ဆိုပြီး ကျွန်တော့်ကို မောင်းထုတ်လိုက်တယ်ဗျ လောဘကလည်း အတော်ကြီးပုံပါပဲဗျာ အရုပ်ကဆိုးဆိုး ထိပ်ကပြောင်ပြောင်နဲ့ သူနဲ့ စကားပြောရင်း ကျွန်တော့်မျက်လုံးထဲမှာ ဘီလူးတစ်ကောင်နဲ့ ပြောနေရသလိုပဲ'
01 August 2026
တို့အမျိုးက တစ်မအေတည်းက မွေးလာတဲ့ ညီအစ်ကို မောင်နှမအရင်းတွေ ဖြစ်ပစေ။ ရွှေရှိမှ အမျိုးတော်ချင်ကြတာဟဲ့။ ကုန်ကုန်ပြောလိုက်မယ်။ ဘုရားတောင်မှ ရွှေရှိတဲ့ ဘုရားမှ ကိုးကွယ်ချင်ကြတဲ့ သဘောထားမျိုးတွေ ရှိကြတယ်
01 August 2026
'လူတွေက သေရင် အနိစ္စလို့ ထင်ကြတယ်။ တကယ်တော့ သေတာ မသာပဲ။ အသုဘပဲ။ အနိစ္စ ဆိုတာ ဥပါဒ်၊ ဌီ၊ ဘင်က ဘင်သဘောဖြစ်တယ်။ သတ္တဝါရယ်လို့၊ လူရယ်လို့ ရုပ်နဲ့နာမ် ရပြီဆိုကတည်းက ပဋိသန္ဓေစိတ်နဲ့ စုတေစိတ် ကြားထဲမှာ အကြားအလပ် မရှိ၊ လက်တစ်ဖျစ်တစ်တွတ် အတွင်းမှာ စိတ်ဟာ ကုဋေတစ်သိန်းလောက် ဖြစ်ပျက် ချုပ်ငြိမ်းတယ်။
01 July 2026
သားတွေကို မျှော်ပေမယ့် ရောက်မလာကြပါဘူး အီးမေးလ်နဲ့ စာတွေသာ ရောက်လာကြပါတယ် အမေ ဘာမှအားမငယ်နဲ့ ကျန်းမာအောင် ဂရုစိုက်ပါ ငွေကုန်ချင်သလောက် ကုန်ပါစေ ဆေးကုပါ ကျွန်တော်တို့ ငွေလှမ်းပို့ပါ့မယ်နဲ့
01 July 2026
တစ်မြို့တစ်ရွာတည်းပေမယ့် အိုးသစ်အိမ်သစ်တွေ ထူထောင်ကြလျက် ဘဝကိုယ်စီနှင့် တစ်ပွင့်စီ ပြန့်ကျဲခဲ့ကြဆဲမှာပင် 'ဘိုးဘိုးကြီး အလည်လာတော့မယ်' ဟု ကြားရသည်နှင့် ကိုယ့်အရောင် ကိုယ့်အသွေးကို ကိုယ့်နည်းကိုယ့်ဟန်နှင့် ပြန်လည် အရောင်တင်ကြရပေဦးတော့မည်
01 July 2026
ရင်ထဲက အပျော်လှိုင်းတွေ ဆိပ်ခံဘောက တစ်ဆင့် ကူးစက်သွားလေရော့ထင် စောစောက ဣန္ဒြေရ ငြိမ်သက်နေတဲ့ မြစ်ရေပြင်ဟာ လှိုင်းကြက်ခွပ်တွေနဲ့ ကဲချင်တိုင်း ကဲနေကြတော့တယ်
01 July 2026