Sample
ရွှေဝတ္ထု
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြောပါကွယ်...

01 October 2026

ရွှေဝတ္ထု
...
‌နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်ဖြာ ဂဟေဆက်ဆို ပန်းကြဲ၊ လက်စွပ်လဲ ကြိုးတား အများသိ မင်္ဂလာဆောင်သူ အရေအတွက်ထက် ပိုများပေမည်။

01 October 2026

ရွှေဝတ္ထု
...
‌အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။

01 October 2026

ရွှေဝတ္ထု
...
‌ကွန်ရက်
ယဉ်ယဉ်နု ၊မန္တလေး၊

ဒေါ်ဒေါ်မိနဲ့ မမပို့တို့ကို ကန်တော့မလို့ လုပ်တုန်း မောင်မောင်ကဖြင့် ပုဆစ်ဒူးတုပ် ထိုင်နေပြီ အောင်အောင်က ရေပုံးကြီးနဲ့ ရုတ်တရက် ထွက်လာပြီး မမပိုကို ဝုန်းခနဲ လောင်းချလိုက်တယ်

01 October 2026

ရွှေဝတ္ထု
...
‌မျက်နှာပေး
မောင်ရင့်မာ ၊ကျောင်းကုန်း၊

တစ်သက်လုံး မော့ကြည့်လာခဲ့ရတဲ့ မိန်းမကိုပါ ခပ်ထည်ထည်လေး ဆက်ဆံချင်လာတဲ့အခါကျတော့ ခုမနက်ကလိုမျိုး မကြာမကြာ ကတောက်ကဆလေးတွေ ဖြစ်ဖြစ်လာတတ်တယ်။ အဲဒီလို ဖြစ်တဲ့အခါကျရင်လည်း ပင်ကိုကြွားချင် ဝါချင်တဲ့ ဘဝင်စိတ်ကလေးပါ နှောပြီး မဆီမဆိုင် ကိုဝမ်းကို ခုလို တဖျစ်ဖျစ် ပြောလာတတ်တော့တယ်။

01 September 2026

ရွှေဝတ္ထု
...
‌မျက်စိခွဲသူ
ထက်မြက်

လူ့ဘဝတွင် နောက်ထပ်နေရလှ အလွန်ဆုံး ၁ဝ နှစ်ပေါ့ ၁၅ နှစ်ပေါ့ ဘဝကို ခုံမင်တွယ်တာနေစရာ သိပ်မလိုဟု ကျွန်တော် ထင်သည် သိပ်အစိုးရိမ်ကြီး နေစရာမလို ဘဝသည် အချိန်မရွေး ပြီးဆုံးသွားနိုင်သည် ထိုင်နေရင်း အိပ်နေရင်း သွားနေရင်း စားနေရင်း တစ်ခုခု ဖြစ်သွားနိုင်သည် သေခြင်းတရားက မထင်မှတ်ဘဲ ရောက်ရှိလာနိုင်သည်

01 September 2026