Sample
ရွှေသုတ‌
ခရီးသည်ကဗျာဆရာ လော့(ဒ)ဘိုင်ရွန် အပိုင်း (၂)
မြင့်သန်း

သူပါဝင်ပတ်သက်နေခဲ့သော ရိုမဲင်တစ် လူ့အဖွဲ့အစည်းကို သရော်သော ဒေါန်ဝမ်းကဲ့သို့သော ကဗျာမျိုး ရေးခဲ့ခြင်းကို ထောက်ဆကြည့်သော် ဘိုင်ရွန်မှာ ကဗျာကို တန်ဖိုးထားသည့် ရိုမဲင်တစ်ကဗျာဆရာဟု ခေါ်ရပေတော့မည်။ ဆိုလိုသည်မှာ တစ်စင်ထောင်ရုံ ထောင်ပြချင်သော ကဗျာဆရာမျိုးမဟုတ်။

01 May 2025

ရွှေသုတ‌
...
‌လျှပ်တစ်ပြက် ‘လီဒို’ လမ်း၊ သို့မဟုတ်၊ ဟူးကောင်းလွင်ပြင်ကို ဖြတ်ကျော်ခြင်း (၂)
စိန်မျိုးမြင့်

ယခုဆိုင်းဘုတ်တွင်မူ အထက်ဖော်ပြပါအတိုင်း စန်ပန်တောင်တန်း (ချင်းတွင်းမြစ်အထက်ပိုင်း)၊ ပတ်ကွိုင်တောင်တန်း၊ (အိန္ဒိယမြန်မာနယ်စပ်) ကချင်ပြည်နယ်မှ ဖုန်ကန်ရာဇီကြိုးဝိုင်း၊ ဘွမ်ပါဘွမ်ကြိုးဝိုင်း၊ ကူမွန်တောင်တန်း၊ ပီတောင်ကြိုးဝိုင်းတို့၏ ကြားဧရိယာစတုရန်းမိုင် ၈၁၈၉ ဟု ပြဆိုထားပေသည်။

01 May 2025

ရွှေသုတ‌
...
‌ကျွန်တော်နှင့်ဇာတ်ကောင်များ (၂)
ကံချွန်

စာရေးဆရာသည် သူ့ဘဝဇာတ်လမ်းတွင် သူ့ကိုယ်သူ မည်သည့်အသွင်နှင့် ပါဝင်ရမည်ကိုလည်း မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့တော့ လိုပါသည်

01 May 2025

ရွှေသုတ‌
...
‌လျှပ်တစ်ပြက် ‘လီဒို’ လမ်း (သို့) ဟူးကောင်းလွင်ပြင်ကို ဖြတ်ကျော်ခြင်း အပိုင်း (၁)
စိန်မျိုးမြင့်

အခုည ဘယ်အထိ မောင်းကြမလဲဟု မေးသောအခါ ကျွန်တော်တို့က ပြုံး၍ ရောက်သလောက် မောင်းမည်၊ အိပ်ချင်စိတ်ရှိလျှင် လမ်းဘေးပဲ ထိုးရပ်အိပ်လိုက်ကြမည်ဟု ဆိုသောအခါ သူက ဦးခေါင်း ယမ်းပြသည်။ တကယ်တော့ ကျွန်တော်တို့ ခရီးထွက်တိုင်း သည်လိုချည်းဖြစ်သည်။ တစ်ခါ တစ်ရံ စိတ်ကူးရလျှင် တောထဲမှာပင် လမ်းဘေးကားရပ်ပြီး ထမင်းချက်စားသေး၏...

01 April 2025

ရွှေသုတ‌
...
‌အရိုးဆုံး၊ ဇာတ်လမ်းတစ်ပုဒ် သဇင်
ကိုသင်း၊ပန်ဆိုင်း၊

အဓိက ဇာတ်ဝင်ခန်းတွင် စန္ဒာက ကျော်ဟိန်းကို 'ဆရာမျိုးမြင့်ဆွေရဲ့ ကဗျာကို ဒီလို ဂစ်တာကြီးတဒေါင်ဒေါင်နဲ့တီးပြီး သီချင်းလုပ်ဆိုနေတော့ ကဗျာ ပျက်စီးပြီ' ဆိုသည့် နုနုငယ်ငယ်၏ အဓိက ဇာတ်ဝင်ခန်းမို့ ပြင်လို့မရ ဘယ်ဘက်ကမှ လျှော့ပေးလို့ မရနိုင်သည့် အခြေအနေ ဖြစ်နေသည် အစ်ကိုကြီးက ၎င်းအခန်းကိုပင် ဖြုတ်ပေးရန် ပြောသည်

01 April 2025

ရွှေသုတ‌
...
‌ခရီးသည်ကဗျာဆရာ လော့(ဒ)ဘိုင်ရွန် (၁)
မြင့်သန်း

ဘယ်ဂျမ် Belguim နိုင်ငံတွင် ဖရန်းစစ်နှင့် ဝယ်လင်တန် ကိုယ်တော်ကြီး Duke of Wellington တို့၏ သတင်းထွက်လာပြီးနောက် ဘိုင်ရွန်က 'တို့နှစ်ယောက် ခွဲခွာကြတော့’ 'When We Two Parted’ ကို ရေးသားခဲ့သည်။ သို့ရာတွင် ဖရန်းစစ်ကို ထိခိုက်မည် စိုးသဖြင့် ကဗျာရေးသားသောရက်စွဲကို ၁၈ဝ၈ ခုဟူ၍ ရေးသားထားခဲ့သည်။ ထိုသို့၊ ကဗျာ...

01 April 2025