အင်း... လင်ဆိုးမယား တဖားဖားဆိုတာ ငါ့လို မိန်းမမျိုးပဲ နေမှာပါ။ တဖားဖား လုပ်နေရတဲ့အပြင် လင့်လုပ်ငန်းကိုလည်း ပူရ၊ သားသမီး ရေးလည်း ပူရ၊ ယောက္ခမအတွက် ပူရ၊ အိမ်အတွက် ပူရ၊ လူမှုရေးကိစ္စတွေအတွက် ပူရ၊ လောကမှာ အိမ်ရှင်မတစ်ယောက်ရဲ့ အပူက မသေးပါလား။ ဒီအပူတွေကို အိမ်ရှင်မပဲ ပူရမယ်လို့ ဘယ်သူကများ ချမှတ်ပေးသွားပါလ...
01 March 2026
'ဒီအကြောင်းကို ကျွန်မ မပြောချင်ပါဘူး။ ဒီလိုပြောမှလည်း ကိုစိုးချစ် အမြင်ရှင်းမှာပါ။ အလုပ်အရှာရခက်လို့ ဆရာမ ဝင်လုပ်တဲ့သူတွေရှိတာ ကျွန်မ သိပါတယ်။ ကျွန်မဘဝက အဲဒါတွေနဲ့ လုံးလုံးဆန့်ကျင်ပါတယ်'
01 February 2026
တောမှာ လယ်ယာလုပ်ရင်း ဘဝကို ရိုးစင်းစွာ ဖြတ်သန်းလာသော အဖေသည် မင်းခစားအလုပ်ကို 'အရှင်မွေးတော့ နေ့ချင်းကြီး'ဟု အထင်ရောက်နေဟန် တူပါသည်။ တကယ်တမ်းကျတော့ မြို့ကြီးပြကြီးမှာ ဘွဲ့ရလူတန်းစားတွေ ရိုက်သတ်လို့ မကုန်နိုင်အောင် များပြားနေတာ အဖေ မသိရှာ။
01 February 2026
ပြောပြီး အဖေ့ရှေ့မှာ အသံထွက်ပြီး မငိုခဲ့သမျှ နီမကြီးနားမှာ သာထူးအော်ပြီး ငိုပစ်လိုက်တယ်။ အကြာကြီး ငိုပြီးတော့ နီမကြီးကို ချည်ထားတဲ့ ကြိုးကို ဖြုတ်မိမယ့်လက်တွေ ရုပ်သိမ်းနိုင်ဖို့ အပြင်ကို သာထူးပြေးထွက်တယ်။
01 January 2026
တစ်ခါက ဂရိပညာရှင် သေလိဆိုတဲ့ သင်္ချာနဲ့ နက္ခတ္တဗေဒ ပညာရှင်ကြီး တစ်ဦးရှိတယ်။ အဲဒီ သေလိဆိုတဲ့ ပညာရှင်ကြီးဟာ တစ်ညမှာတော့ ကောင်းကင်က ကြယ်တာရာတွေကို မော့ကြည့်ရင်းနဲ့ ရေမြောင်းထဲကို ပြုတ်ကျ သွားခဲ့တယ်။ သူ့ရဲ့ အိမ်ဖော်မိန်းမကြီးက သေလိကိုတွေ့တော့...' သင်က ကိုယ်သွားနေတဲ့ လမ်းကြောင်းမှ မမြင်ဘဲနဲ့ ကောင်းကင်ပေါ...
01 January 2026
လီလီက ခေါင်းမညိတ်၊ ခေါင်းမခါဘဲ ကျွန်မကို ကြာမြင့်စွာ ငေးမောကြည့်နေပုံကလေးက အလွန်ဝမ်းနည်း ကြေကွဲဖွယ်ရာ ဖြစ်နေပါသည်။ သူ့မျက်ဝန်းထဲတွင် ကျွန်မနှင့် ပတ်သက်၍ ယခင်က မတွေ့ခဲ့ရဖူးသော ဝမ်းနည်း အားငယ်ရိပ်များ ယှက်သန်းလျက် ရှိသည်။
01 December 2025