Sample
ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
ရွှေထူ
စိန်စိန်

ရန်ကုန်ဆိုတာ တစ်မြို့လုံး မော်တော်ကားချည့်ပဲဟ လူသွားလူလာ မြင်းရထား လန်ချားတွေကလည်း ပြည့်ညပ်လို့ပဲ တစ်နေ့တစ်နေ့မှာ ကားတိုက်သေတော့မလားချည့် စိုးရိမ်နေရတာ ငါဖြင့် ဘုန်းကြီး မလျှောက်ဝံ့လို့သာ လိုက်နေရတယ်သိပ်ကြောက်တာပဲဟေ့

01 July 2025

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
‌ဆေးခါးကြီး
ခင်မျိုးချစ်

ကိုယ်မှားမိရင် မှားတာတစ်ခုခု လုပ်မိရင် ဖုံးမထားဘူး ပြန်ပြောမှာပဲ ခွင့်လွှတ်နိုင်လည်း ခွင့်လွှတ် ခွင့်မလွှတ်နိုင်လည်း ပေးတဲ့အပြစ်ကို ခံမယ်

01 June 2025

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
‌ပင့်ကူရွှေမြှင်
ကြည်အေး

အုကလေးကို သူတို့က စိတ်ချမ်းသာရေးအတွက် ချစ်မှာ။ အုကလေး စိတ်ချမ်းသာတာကို ဂရုစိုက်မှာ မဟုတ်ဘူး။ တစ်ကိုယ်ကောင်းသမားတွေ။ အုကလေးကို သူတို့အကြိုက် လုပ်ခိုင်းမယ်။ အုကလေးက ဘာကြိုက်တယ်ဆိုတာ ဂရုစိုက်မှာ မဟုတ်ဘူး။

01 May 2025

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
‌အပ်ဖျားမုံညင်း မြက်ဖျားနှင်း
စမ်းစမ်းနွဲ့ ၊သာယာဝတီ၊

သူ ရှုံးလျှင်သာ ရှုံးမည်သူ အရှုံးပေးခြင်း မဟုတ် လက်ဝှေ့ပွဲမှာ တစ်က တစ်ဆယ်အထိ ရေတွက် မဆုံးခင် ပြန်ထလာနိုင်ပါမှ သို့မဟုတ်က အရှုံးဟု ဆိုသည် ဒီတစ်ပွဲမှာ ပြန်မထနိုင်အောင် လဲပြီဆိုရုံနှင့် ရှုံးသတဲ့လား

01 April 2025

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
‌နွားနှင့်ကျားနှင့်အတူတည်း
သုခ

ယောက်မအိမ်မှာ မျက်နှာငယ် ခံနေရတာထက် 'လင်'ဟူသော မောင်မင်းကြီးသား တစ်ပါးပါးနှင့် ရွှေဖူးစာ ဥဏ္ဏလုံ ရေစက် ဆုံချင်ပါသော်လည်း 'စိန်ပါတီရုပ်ရည် မလှသရှင် ပုဗ္ဗေစကတပုညာပင်'ဟု ညည်းရမလို

01 February 2025

ရွှေဝတ္ထုများကိုပြန်လည်တူးဖော်ခြင်း
...
‌အ‌နှောင်အဖွဲ့
ရွှေကျွန်းရီလေး

စကားပြောလျှင်ပင် ကမ္ဘာ့အရေး မြန်မာ့အရေး နိုင်ငံရေး သမဂ္ဂအရေးတို့ကို လေလုံးထွားထွားနှင့် လက်သီးဆုပ်၍ ပြောတတ်သေး၏ သူတို့စကားပြောပြီဆိုလျှင် မြန်မာစကားချည်း သက်သက်မဟုတ်မူဘဲ အင်္ဂလိပ်စကားကလေးများ ကြားညှပ်ပြောတတ်သဖြင့် တစ်ခါတစ်ရံ ဦးဘအောင်တို့ ဇနီးမောင်နှံမှာ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်၍ ရှက်အမ်းအမ်း...

01 January 2025