ကျွဲပွဲတဲ့ဘာလဲ ကျွဲပွဲ သူကြီးအိမ်မှာ ဖျတ်ခနဲ ကြားလိုက်ရတဲ့ သတင်း ရွာထဲပြေးပြောချင်ကြလှပြီ ဒါပေမယ့် သူတို့ကိုယ်တိုင်ကလည်း ကျွဲပွဲဆိုတာ ဘာမှန်းမသိတော့ ခက်သားကလား ကလေးတွေမှ မသိတာ မဟုတ်ဘူး ရပ်မိရပ်ဖ လူကြီးသူမတွေကလည်း အသက်ကပဲ ခုနစ်ဆယ်တန်း ရှစ်ဆယ်တန်း ရောက်ကြပြီ ကျွဲပွဲဆိုတာ တစ်သက်နဲ့တစ်ကိုယ် မကြားဖူးဘူး
01 April 2026
ညည်းတို့များတော့အေ နှစ်ပါးသွားထဲ ငုတ်တုတ်ထိုင် လက်ခုပ်တီးရတာလောက် မင်းသမီး နာမည်ခံနေကြတာများ ငါပါးစပ်က မရယ်ချင်ဘူး မြစ်ထဲ ဆားလှေ မှောက်သလို ဂွမ်းတစ်ပိဿာ အကျွမ်းဖုတ်လို့မှ ပြာတစ်ဆုပ်မရချင် ရချင်ဟာတွေ ညည်းတို့ ဘယ့်နှယ် လုပ်သင်ရပါ့
01 December 2025
တက္ကသိုလ် ပင်မအဆောက်အအုံကြီးရှေ့မှ စိန်ပန်းပင်တွေက ရဲရဲတောက် နီလို့နေသည်အဲသည် စိန်ပန်းနီတာထက် အဖေ့သွေးတွေက ပိုနီနေလေမလား ကျွန်မ တွေးမိသည် လှေနှင့်တက်နှင့် မြစ်ကြီးထဲမှာပဲ အချိန်ကုန်ခဲ့ရသော လှေသမားကြီးတစ်ယောက်က သည်တက္ကသိုလ်ကြီးဆီ သားသမီးတွေကို ပညာသင်ပို့ရမည်ဆိုသည့် အတွေးအခေါ် ဘယ်ကရောက်နေရပါလိမ့်
01 November 2025
ကြမ္မာဆိုးသည် အဖော်အပေါင်းနှင့် လာတတ်သည်တဲ့ ယခုအခါ ကျွန်တော့်ထံသို့ ကံဆိုးမိုးမှောင်ကျမှုများက မခေါ်ဘဲနဲ့ ရောက်လာခဲ့ကြသည်
01 October 2025
'မယားနေစ ကြောင်သေမှ' ဆိုသော စကားပုံကို ကျွန်မ ရှင်းမပြတတ်ခဲ့သမျှ မောင်က ပေါက်ပေါက်ရှာရှာတွေးကာ ဇာတ်လမ်းတစ်ခု တည်ဆောက်ပြလေတော့လည်း ရယ်ရယ် မောမောနှင့်ပင် ကျွန်မ လက်ခံလိုက်ရတော့၏။
01 September 2025
'ယောကျ်ားယူရမယ်' ... တဲ့ 'မြတ်စွာဘုရား... ကယ်တော်မူပါ ယောကျ်ား ဘာဖြစ်လို့ ယူရမှာလဲ... ကိုယ့်ဟာကိုယ် ဒီအတိုင်းနေလဲ ဖြစ်ရက်သားနဲ့' ဆိုတော့
01 August 2025