Sample
အတ္ထုပ္ပတ္တိအခန်းဆက်
ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၈)
လူထုဒေါ်အမာ

သူ့မိတ်ဆွေသင်္ဂဟ၊ သူနဲ့ဆက်ဆံတဲ့လူ၊ သူ့ တပည့်သားမြေးတွေ၊ အားလုံးအပေါ်မှာကိုပဲ အလွန်ပြေပြစ်အောင် ဆက်ဆံပါတယ်။ သူက ကျွန်မကို တစ်ခါပြော ဖူးတယ်။ သူ ဘယ်သူနဲ့ မိတ်ဆွေဖြစ်ရဖြစ်ရ၊ အဲဒီလူနဲ့ သူ တစ်သက်လုံး မိတ်ဆွေဖြစ်သွားမှာပဲတဲ့။

01 April 2026

အတ္ထုပ္ပတ္တိအခန်းဆက်
...
‌ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၇)
လူထုဒေါ်အမာ

ဦးလှက ဘယ်သားသမီးကိုမဆို သိပ်ချစ်၊ သိပ်အလိုလိုက်တာပါ။ သူ ဘယ်ကလေးမှ ရိုက်နှက်ဆုံးမတာမျိုး မရှိပါဘူး။ ကလေးတွေကလည်း သူ့ သန္ဓေပါတယ် ထင်ပါရဲ့။ မဆိုးကြပါဘူး။

01 March 2026

အတ္ထုပ္ပတ္တိအခန်းဆက်
...
‌ကျမရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၆)
လူထုဒေါ်အမာ

၁၉၃၉ ခု နိုဝင်ဘာလ ၁၃ ရက်(၁၃၀၁ တန်ဆောင်မုန်းလဆန်း ၃ ရက်) နေ့ ညမှာ ကျွန်မမိဘတိုက်မှာပဲ အရပ်ထဲက လူတွေရယ်၊ ဆွေးမျိုးရယ်၊ အလွန်ရင်းနှီးတဲ့ မိတ်သင်္ဂဟရယ် အားလုံးမှ လူ (၁၅၀) လောက်ဖိတ်စာမပါ ပါးစပ်ဖိတ် ဖိတ်ပြီး မင်္ဂလာဆောင်ရပါတယ်။

01 February 2026

အတ္ထုပ္ပတ္တိအခန်းဆက်
...
‌ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၅)
လူထုဒေါ်အမာ

ဦးလှနဲ့ ကျွန်မ ဖူးစာဆုံစည်းရမှုကို ခုပြန်စဉ်းစားတဲ့အခါ ဦးလှထုတ်နေတဲ့ ကြီးပွားရေး မဂ္ဂဇင်းကို သဘောကျတာက အကြောင်းရင်းခံတယ်။ နောင်တော့ ဦးလှက မိတ်ဆွေတွေဆီကို စာရေးရင် တရင်းတနှီး ရေးလေ့ရှိတယ်။ ပေးစာ အရေးကောင်းတယ်။ အဲဒါကြောင့် စာရေးကြရင်း ကြာတော့ ရင်းနှီးပြီး လူချင်းမေတ္တာရှိတဲ့အဖြစ်ကို ရောက်ရတာပါပဲ။

01 January 2026

အတ္ထုပ္ပတ္တိအခန်းဆက်
...
‌ကျွန်မရေးတဲ့ သူ့ဘဝ လူထုဦးလှ အပိုင်း (၄)
လူထုဒေါ်အမာ

'ဒေါ်အမာက ဆေးလိပ်ကို ကျွန်တော့်အရင် စွဲခဲ့တာ၊ ခု အဲဒီဆေးလိပ်ကို ဖြတ်နိုင်တယ်ဆိုတော့ ကျွန်တော့်ကို ဖြတ်ဖို့ဆိုရင် သိပ်လွယ်မှာ။ ဒါကြောင့် သူ့ ချော့နေရတယ်'

01 December 2025

အတ္ထုပ္ပတ္တိအခန်းဆက်
...
‌ကျမရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၃)
လူထုဒေါ်အမာ

သူထုတ်နေတဲ့ ကြီးပွားရေး မဂ္ဂဇင်းက စထွက်ကတည်းက တစ်လထက် တစ်လတော့ လူကြိုက်များ အလာသား လူငယ်လူရွယ်တွေရဲ့ လက်ကိုင်မဂ္ဂဇင်း ကလေးလည်းဖြစ် အလာသားပဲ နို့ပေမယ့် စီးပွားရေး လိုကတော့ မြတ်တဲ့စွန်းတဲ့ မဂ္ဂဇင်း ဖြစ်မလာပါဘူး

01 November 2025