ရွှေသီရိခေတ်
အောက်တိုဘာလ ၁၆၊ ၂၀၁၅
ခုနှစ်မှာထုတ်လွှင့်ခဲ့တဲ့ (Dear
Wormwood) “မြတ်နိုးရပါသောဒေါနပန်း” ဆိုတဲ့ အယ်လ်ဘမ် ထဲက “စစ်သည်တော်၊
ကဗျာဆရာ၊ ဘုရင်” ဆိုတဲ့တေးသီးချင်းဟာ မက်ဂီ ဟယ်(လ်)(Maggie Heath) နှင့် တိုင်လာ ဟယ်(လ်)(Tyler Heath)
မောင်နှမနှစ်ယောက်က ဖွဲ့စည်းခဲ့တဲ့ The Oh Hellos ခေါ် အမေရိကရိုးရာ
ရော့ခ်တီးဝိုင်းကရေးသားခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းဟာ ခရစ်ယာန်ကျမ်းစာထဲမှာပါတဲ့
ကမ္ဘာကြီးအဆုံးသတ်တာနဲ့ ပတ်သက်ပြီး၊ C.S Lewis ရေးသားထားတဲ့ “The
Screwtape Letters” နဲ့ “Mere Christianity” ဆိုတဲ့
စာအုပ်ကို မှီငြမ်းရေးသားထားတာဖြစ်ပါတယ်။
C.S Lewis ရေးသားတဲ့ “ခရစ်ယာန်ဘာသာမျှသာ”
“Mere Christianity” ဆိုတဲ့ စာအုပ်ရဲ့ အခန်း ၂၊ အပိုင်း ၂
အရဆိုရင် ကမ္ဘာကြီးရဲ့ အဆုံးသတ်မှာ ယေရှုကို အကြွင်းမဲ့ ကိုးကွယ်ယုံကြည်ချစ်မြတ်နိုးတဲ့သူတွေနဲ့
ယေရှုအပေါ် အကြွင်းမဲ့ယုံကြည်မှု မထားတဲ့သူတွေ အုပ်စုနှစ်စုရှိမှာဖြစ်ပြီး၊
အကြွင်းမဲ့ယုံကြည်သူတွေကတော့ ကမ္ဘာကြီးရဲ့အဆုံးသတ်ကို သီချင်းလေးထဲကအတိုင်း
ပျော်ပျော်မြူးမြူး ကြိုဆိုကြရမှာဖြစ်ပြီး ကျန်သူတွေကတော့ မခံနိုင်လောက်သော တုန်လှုပ်မှုတွေနဲ့
ကြုံတွေ့ရမှာဖြစ်ပါတယ်။
ဒီသီချင်းလေးကတော့ ယေရှုကို
အကြွင်းမဲ့ယုံကြည်တဲ့ သူတွေရဲ့ အမြင်ဘက်ကနေ ရေးသားထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးမှာဆိုရင်
မျှော်လင့်ချက်၊ ကံကြမ္မာ၊ ခေါင်းဆောင်မှု၊ သူရဲကောင်းဆန်မှု နဲ့ ပေးဆပ်ခြင်း
တို့အပြင် သူ့ဘဝရဲ့ ဖျက်လိုဖျက်ဆီးနိုင်တဲ့ လွှမ်းမိုးမှုတွေကနေ မိမိကိုယ်ကို
လွတ်မြောက်အောင်လုပ်နိုင်ခဲ့တဲ့ လူတစ်ယောက်ရဲ့အကြောင်းကို မြူးမြူးကြွကြွနဲ့
စိတ်ဝင်စားဖွယ်ရေးသားထားပါတယ်။ ဒီသီချင်းလေးကို နားထောင်ကြည့်မယ်ဆိုရင် အရင်ဆုံး သတိထားမိမှာက
သူရဲ့မြူးကြွလွန်းတဲ့ တီးလုံးသံတွေနဲ့ တေးဆိုပုံကိုသတိထားမိမှာပါ။ ဒီသီချင်းလေးရဲ့
စာသားတွေကတော့ ကဗျာစာပိုဒ်လေး သုံးခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ပထမစာပိုဒ်မှာ စွမ်းအားကြီးမားတဲ့ ဓားရှည်တစ်ချောင်းကို
ကိုင်ဆောင်ထားတဲ့ စစ်သည်တော်တစ်ယောက်က မြို့ကို ဖျက်စီးမယ့်အကြောင်း ရေးသားထားပါတယ်။
ဒုတိယ စာပိုဒ်မှာတော့ ကဗျာဆရာကသူရဲ့
ရန်သူတွေကို သူ့ရဲ့ ဉာဏ်ပညာ၊ အနုပညာ နဲ့ စကားပြောဆိုနိုင်မှုတို့ကို သုံးပြီးအနိုင်ယူမယ့်အကြောင်းကို
ရေးသားထားပါတယ်။ နောက်ဆုံး စာပိုဒ်မှာတော့ ဆင်းရဲဒုက္ခ၊ စွန့်လွှတ်အနစ်နာခံမှု၊
နဲ့ ဦးဆောင်မှုကို သရုပ်ဆောင်တဲ့ ဂအဆူးသရဖူ၊ ကို ဆောင်းထားတဲ့ ဒေးဗစ်ရဲ့သားငယ်ကို
ရိုးရာဓလေးနဲ့အညီ ဆီနဲ့လိမ်းသပ်ပြီး ဘိသိက်မြှောက် ခံယူထားတဲ့ ဦးဆောင်သူ၊
ဘုရင်တစ်ပါး (ယေရှု သို့မဟုတ် Jesus) လာပါလိမ့်မယ်ဆိုတာဖြစ်ပြီး ကဗျာဆန်ဆန် ရေးသားထားတာဖြစ်ပါတယ်။
ကဗျာလေးလိုမြူးမြူးကြွကြွနဲ့ တိုတောင်းလွန်းတဲ့ဒီသီချင်းလေးက “စာအုပ်ရဲ့တန်ဖိုးကို အဖုံးကိုကြည့်ပြီးမဆုံးဖြတ်ပါနဲ့” ဆိုတဲ့ ဆိုရိုးစကားနဲ့ညီလွန်းပါတယ်။ ကဗျာစာပိုဒ်တိုင်း၊ စာသားတိုင်း၊ စကားလုံးတိုင်းမှာ သူတို့ကိုယ်ပိုင် အဓိပ္ပာယ်နဲ့ သမိုင်းကြောင်းရှိနေတဲ့ ဒီသီချင်းလေးကို နားထောင်ကြည့်ခြင်းအားဖြင့်လည်း ဒီသီချင်းလေးကိုရေးသား၊ သီဆိုထားတဲ့သူတွေက သူတို့ရဲ့ ရိုးရာ၊ ဘာသာရေးနဲ့ စာပေသမိုင်းကြောင်းကို ဘယ်လောက် ချစ်မြတ်နိုးကြောင်းနဲ့ ဒီသီချင်းလေးကိုဖန်တီးဖို့အတွက် ဘယ်လောက်လေ့လာထား၊ ကြိုးစားအားထုတ်ထားကြောင်းကိုလည်း အထင်းသားတွေ့မြင်ရမှာဖြစ်ပါတယ်။
▀
ရွှေသီရိခေတ်
'အသက် ၆၅ နှစ်ရောက်မှ ကလေးမွေးတဲ့ အဖေ မဖြစ်စေရဘူး၊ ကိုယ့်ကလေး အသက် ၂ဝ လောက်မှာ အဖေလုပ်တဲ့ လူက သေပြီဆိုရင် ကလေးတွေအတွက် ဘယ်တရားပါ့မလဲ'
ဒီသီချင်းဟာ အရာရာခက်ခဲ ကြပ်တည်းနေချိန်မှာ နားထောင်သူတွေအတွက် ပင်ပန်းလှတဲ့ နေ့စဥ်ဘဝကနေ ခဏတာ လွတ်မြောက်စေပြီး ခရစ်စမတ်ရာသီရဲ့ ပျော်ရွှင်စရာ၊ ချစ်စရာ “မျှဝေခြင်း” ဆိုတဲ့ဓလေ့ကိုလည်း အမှတ်ရစေပါတယ်။
'ကျွန်တော်ဟာ ပေါင်းရသင်းရခက်တဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် နားလည်ပါတယ်။ အမှားတွေ အများကြီး လုပ်ခဲ့တယ်။ အချိန်တွေ အလဟဿ ကုန်ခဲ့တယ်။ အခုတော့ လူသားဆန်တဲ့ လူကောင်း တစ်ယောက်ဖြစ်အောင် ကြ...