ရွှေသီရိခေတ်
တေးရေး- Frederick Coots နဲ့ Haven Gillespie
တေးဆို
- Eddie
Cantor
“Santa
Claus is Coming to Town” “စန်တာကလော့စ်က မြို့ထဲကိုလာနေပြီ” ဆိုတဲ့
တေးသီချင်းဟာ ၁၉၃၄ ခုနှစ် “US စီးပွားပျက်ကပ်“အတွင်းမှာ
ဂျွန်ဖရက်ဒရစ်ကို့စ် (John Frederick
Coots) နဲ့ ဟေဗန်ဂေလက်(စ်)ပီ (Haven Gillespie) တို့ကရေးသားခဲ့ပြီး
အက်ဒီကန်(ခ်)တော် (Eddie Cantor) က
ကျေးဇူးတော် ချီးမွမ်းပွဲရာသီအတွင်း သူ့ရဲ့ ရေဒီယိုကတစ်ဆင့် သီဆို ဖျော်ဖြေခဲ့တဲ့ သီချင်းဖြစ်တယ်။
ဒီသီချင်းဟာ မြူးမြူးကြွကြွနဲ့ ခရစ်စမတ်မှာ စန်တာက
လက်ဆောင်တွေနဲ့ အတူ ဘယ်လိုလာမယ်၊ သူက လက်ဆောင်ပေးရမယ့် ကလေးစာရင်းတွေကို
ဘယ်လိုစနစ်တကျ စီစဥ်ထားပြီး အိပ်နေစဥ်မှာ
လက်ဆောင်တွေကို လိုက်ထားမှာဖြစ်ကြောင်း၊ ဘယ်ကလေးက လိမ်မာပြီး ဘယ်သူကတော့ ဆိုးတယ်ဆိုတာကိုလည်း
သေချာသိကြောင်းကို လူကြီးရော လူငယ်ပါနှစ်မျိုးလုံး ကြိုက်နှစ်သက်အောင်
မှတ်မိလွယ်တဲ့စာသားတွေနဲ့ မြူးမြူးကြွကြွ ရေးစပ်သီဆိုထားတာဖြစ်ပါတယ်။ အထူးသဖြင့် “He’s making a list and checking it
twice” ဆိုတဲ့ စာသားလေးဟာဆိုရင် စန်တာက လိမ်မာတဲ့ ကလေးနဲ့ ဆိုးတဲ့
ကလေးတွေကို စာရင်းနဲ့ သေချာမှတ်ထားပြီး သူက အဲဒီစာရင်းကို သေချာအောင်
နှစ်ကြိမ်တိတိ အစအဆုံး စစ်ကြောင်းရေးသားထားတာမို့ ကလေးတွေကို လိမ်မာဖို့ အားထုတ်စေပြီး
စီးပွားကပ်အတွင်း ခက်ခဲနေတဲ့ မိဘတွေကိုလည်း သက်သာရာရစေခဲ့ပါတယ်။ ဒါ့အပြင်
လိမ်မာတဲ့ စာရင်းထဲဝင်အောင် လိုက်နာရမဲ့ အဓိကအချက်တွေကိုလည်း သီချင်းလေးထဲမှာ “You
better watch out, you better not cry. Better not pout, I’m telling you why” ဟု ထည့်သွင်း ရေးသားထားပြီး ကလေးတွေကို မငိုဖို့၊ မစူပုပ်နေဖို့နဲ့ စန်တာက
လာမှာဖို့ပျော်ပျော်ရွှင်ရွှင် စောင့်ဖို့ကိုလည်း ရေးသားထားပါတယ်။
ဒီသီချင်းဟာ အရာရာခက်ခဲ ကြပ်တည်းနေချိန်မှာ
နားထောင်သူတွေအတွက် ပင်ပန်းလှတဲ့ နေ့စဥ်ဘဝကနေ ခဏတာ လွတ်မြောက်စေပြီး
ခရစ်စမတ်ရာသီရဲ့ ပျော်ရွှင်စရာ၊ ချစ်စရာ “မျှဝေခြင်း” ဆိုတဲ့ဓလေ့ကိုလည်း အမှတ်ရစေပါတယ်။
ဒါ့အပြင် ခရစ်ယာန်လူမျိုးတို့ ယုံကြည်ချက်အရ ကောင်းသူကို ဆုချပြီး ကလေးတွေကို
ကြည့်ရှုစောင့်ရှောက်ပေးတဲ့ သူတော်စင် နစ်ကိုလက်(စ်) (Saint Nicolas) (ခေါ်)
စန်တာကလော့စ် (Santa Claus)ရဲ့ လေးစားဖွယ် သဒ္ဓါတရားကိုလည်း
အမှတ်ရစေပြီး ခရစ်စမတ်ဟာ ရုပ်နာမ်ပစ္စည်းအပေါ် မူတည်တာမဟုတ်ပဲ ပျော်ရွှင်မှု၊ ကြင်နာမှုနဲ့
အတူတကွရှိမှု တို့အတွက်ဖြစ်တယ်ဆိုတာ လူအများကို သတိပေးနိုင်ခဲ့ပြီး
စီးပွားကပ်အတွင်းမှာ လူအများရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိဆီးမှုတွေကို
လျှော့ချပေးနိုင်ခဲ့ပါတယ်။
ခရစ်စမတ်ရဲ့ ဝိဉာဏ်ကို ပြန်အသိပေးပြီး ပိုကောင်းတဲ့နေ့ရက်တွေ
လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပေးခဲ့တဲ့ ဒီသီချင်းဟာ ကနေ့မှာတော့ များစွာသော
အဆိုတော်တွေက ပြန်လည် သီဆိုထားပြီး ကမ္ဘာကျော် ခရစ်စမတ် သီချင်းတစ်ပုဒ် အဖြစ်နဲ့
ကမ္ဘာတစ်ဝှမ်းမှာ နားဆင်လျက် ရှိနေပါတယ်။
▀
ရွှေသီရိခေတ်
'အသက် ၆၅ နှစ်ရောက်မှ ကလေးမွေးတဲ့ အဖေ မဖြစ်စေရဘူး၊ ကိုယ့်ကလေး အသက် ၂ဝ လောက်မှာ အဖေလုပ်တဲ့ လူက သေပြီဆိုရင် ကလေးတွေအတွက် ဘယ်တရားပါ့မလဲ'
ကမ္ဘာကြီးရဲ့ အဆုံးသတ်မှာ ယေရှုကို အကြွင်းမဲ့ ကိုးကွယ်ယုံကြည်ချစ်မြတ်နိုးတဲ့သူတွေနဲ့ ယေရှုအပေါ် အကြွင်းမဲ့ယုံကြည်မှု မထားတဲ့သူတွေ အုပ်စုနှစ်စုရှိမှာဖြစ်ပြီး၊ အကြွင်းမဲ့ယုံကြည်သူတွေကတော့ ကမ္ဘာကြီးရဲ့အဆု...
'ကျွန်တော်ဟာ ပေါင်းရသင်းရခက်တဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် နားလည်ပါတယ်။ အမှားတွေ အများကြီး လုပ်ခဲ့တယ်။ အချိန်တွေ အလဟဿ ကုန်ခဲ့တယ်။ အခုတော့ လူသားဆန်တဲ့ လူကောင်း တစ်ယောက်ဖြစ်အောင် ကြ...