ဇာနည်ညိမ်း
သမီးကလေးတစ်ယောက် မွေးဖွားခဲ့ကြပြီးဖြစ်ပေမယ့် ခုချိန်ထိ မင်္ဂလာရက်မြတ်ကို ရက်မသတ်မှတ်ကြသေးတဲ့အပြင် လက်ထပ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုကြတဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဘရက်ပစ်နဲ့ ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီတို့ အိန္ဒိယနိုင်ငံ Punna မြို့မှာ Wall Street ဂျာနယ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းခံရတဲ့ စာနယ်စင်းသမားတစ်ယောက်ရဲ့ ဘဝဇာတ်လမ်းကို တကယ့်ဖြစ်ရပ် ဖြစ်ဖွားခဲ့တဲ့နေရာမှာ လာရောက်ရိုက်ကူးနေပါတယ်။ အင်ဂျလီနာဂျိုလီက သတင်းထောက်ရဲ့ ဇနီးဖြစ်သူအဖြစ် သရုပ်ဆောင်ပြီး အဲဒီကားမှာ ဘရက်ပစ်က ပါဝင်သရုပ် ဆောင်ရတာ မဟုတ်ပေမယ့် သူ့ချစ်သူအပါးမှာ နေဖို့အတွက် လိုက်ပါ လာခဲ့ခြင်းသာ ဖြစ်ပါတယ်။
အိန္ဒိယမှာ
ရုပ်ရှင်ရိုက်နေရင်း အားလပ်ရက်ရခိုက် သူတို့ချစ်သူနှစ်ဦး ဗီယက်နမ်နိုင်ငံကို
ရုတ်တရက် ရောက်ရှိလာခဲ့ကြပါတယ်။ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်မှာ
ချစ်သူနှစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ ထင်ရာကြဲကြတော့တာပါပဲ။ ဆိုင်ကယ်စီးနေစဉ်မှာ
ဘရက်ပစ်က သူ့နောက်က ပါလာတဲ့ ဂျိုလီ လုံခြုံမှု ရှိမရှိဆိုတာကို ခုလို
နောက်ပြန်လှည့်ကြည့်သေးတာပါ။ လူမသိ၊ သူမသိ သွားချင်တိုင်း သွားလို့ရနေတဲ့အတွက်
ချစ်သူနှစ်ဦးအနေနဲ့ ကြည်နူးစရာကာလများလို့ ဆိုနိုင်ပါတယ်။
ဆိုင်ကယ်
ရပ်ပြန်တော့လည်း ဘရက်ပစ်က ဂျိုလီ ဆင်းပြီးမှ သေသေချာချာ ရပ်တာပါ။
ပတ်ဝန်းကျင်မှ
ဟောလိဝုဒ်ကား ကြည့်လေ့ကြည့်ထ ရှိသူများက သူတို့ နှစ်ဦးကို ရိပ်မိသွားတဲ့အတွက်
ခပ်လှမ်းလှမ်းကနေ အကဲခတ်နေကြပါတယ်။
ဒီလို
လက်တိုအင်္ကျီနဲ့ဆိုတော့ ဘရက်ပစ်ကို ကြည့်ရသာ နည်းနည်းများ အိုသွားသလားလို့။
ဆိုင်တစ်ဆိုင်ရှေ့မှာ
ဆိုင်ကယ်ရပ်ပြီး ဝယ်ချင်တာ ဝယ်ပြီးတဲ့နောက် ခုလို ပြန်လည် ထွက်ခွာသွားကြပါတယ်။
ဘရက်ပစ်ကို
ချစ်ကြတဲ့ ကမ္ဘာတစ်ဝှမ်းမှ အမျိုးသမီးများရဲ့ စိတ်ထဲမှာတော့ ဂျိုလီနေရာမှာ ငါသာ
ဖြစ်လိုက်ပါတော့လို့ တမ်းတမိကြမှာပါပဲ။
တချို့နေရာတွေမှာ
အမှတ်တရ လက်မှတ်ရေး ထိုးခိုင်းကြဖို့ တန်းစီစောင့် ဆိုင်းနေတာကိုလည်း
ကြုံကြရပါတယ်။
နောက်တစ်နေ့မှာတော့
တခြားဆိုင်ကယ်တစ်စီးနဲ့ လည်ကြပြန်ပါတယ်။
ဒီနေ့
လည်ပတ်တာက မနေ့ညကနဲ့ မတူ၊ နေရောင်ရှိစဉ်မှာ လည်ပတ်ကြတာပါ။
ဂျိုလီက
ဆိုင်ကယ်မောင်းနေတဲ့ သူ့ချစ်သူကို ခါးကိုင်ထားပါတယ်။ တခြား အမျိုးသမီးသာဆိုရင်တော့
နှစ်ယောက်ကြားမှာ ပလတ်စတစ်အိတ်တစ်လုံး ခြားနေခြင်းက ကမ္ဘာတစ်ခု ခြားနေသလို
ထင်ကြမှာ မလွဲပါဘူး။
ဂျိုလီက
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဂုဏ်ထူးဆောင် သံအမတ်တစ်ဦးလည်း ဖြစ်တဲ့အတွက်
အိန္ဒိယနိုင်ငံ ဒေလီမြို့မှာရှိတဲ့ ဒုက္ခသည်စခန်းကို အချိန်ရရင် ရသလို
သွားရောက်လည်ပတ်ခဲ့ပါတယ်။
အများသောအားဖြင့်
အမျိုးသမီးများနဲ့ တွေ့ဆုံပြီး စကားပြောလေ့ရှိပါတယ်။ ဘရက်ပစ်က အိန္ဒိယမှာ
ရှိနေစဉ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများမှာ ရန်ပုံငွေအဖြစ် ဝင်ရောက် လုပ်အားပေးနေတာကို
တွေ့ရပါတယ်။ သူ့ကို ကြည့်ရတာ တကယ်ကျွမ်းကျင်တဲ့ အလုပ်သမားတစ်ဦးလိုပါပဲ။
ဒီအလုပ်ကိုလည်း
သူ လုပ်စားမယ်ဆိုရင် လုပ်လို့ရတဲ့သဘော ရှိပါတယ်။
စတန့်ထွင်ရုံ
တစ်ရက်တည်း သွားလုပ်တာ မဟုတ်ပါဘူး။ သူကလည်း အချိန်ရရင် ရသလို
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်လုပ်ပါတယ်။
ဒါကြောင့်လည်း
ပရိသတ်ရဲ့ အားပေးမှုကို ရခဲ့ပါတယ်။
ဒီလို
လုပ်နိုင်ကိုင်နိုင်လို့လည်း သူ့လက်မောင်းကြွက်သားများက မြင်မြင်သူ အားကျစရာ ကောင်းလောက်အောင်
လှပါတယ်။
ဒါကြောင့်လည်း
ဖျော်ဖြေရေးလောကမှာ သူတို့ချစ်သူနှစ်ဦးဟာ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေနိုင်တာပါ။
▀
ဇာနည်ညိမ်း
(အမှတ် ၂၀၆၊
ဇန်နဝါရီလ၊၂၀၀၇ ရွှေအမြုတေမဂ္ဂဇင်း။)
အမှန်တကယ်ဆို မဒေါနားက ကိုယ်ပိုင်သားသမီးမရခင်ကတည်းကပင် ကလေးမွေးစားဖို့ စဉ်းစားနေခဲ့သည်။ သူမတွင် ယခုခင်ပွန်း ဂိုင်းရစ်ချီနှင့် သား Rocco (၆ နှစ်)၊ သူမ၏ Trainer ဖြစ်တဲ့ Carlos Leon နှင့် သမီး Lourdes (၁ဝ...
သားနဲ့ ပတ်သက်ပြီး 'သားဟာ ကျွန်မရဲ့ ကိုးကွယ်ရာပါ'လို့ ဆိုခဲ့တဲ့ ဘရစ်တနီကို မာလီဘူမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ သားနဲ့အတူ တွေ့ခဲ့ရဖူးပါတယ်။ ဘုရားကျောင်းမှာ ဟိန္ဒူဘာ သာဝင်တို့ရဲ့ ထုံးစံအတိုင်း မျက...
ကိုယ်ဝန် စလွယ်ကတည်းက ကျွန်မက ရင်သွေးလေးအတွက် ကြည်နူးနေခဲ့တာ။ လူတွေက လျှောက်ဝေဖန်၊ သတင်းသမားတွေက တကောက်ကောက် လိုက်နှောင့်ယှက်တယ်။ ကျွန်မ မိဘတွေနဲ့ တွမ် အဆင်မပြေဘူးတို့၊ ဆူရီမှာ တစ်ခုခု မှားယွင်းနေတယ် စ...