ဇာနည်ညိမ်း
မြန်မာရုပ်ရှင်ဇာတ်ကားများမှာ လက်ဝှေ့နောက်ခံ ဇာတ်အိမ်များ နည်းပါးလှပါတယ်။ ဦးတင်ညွန့်ခေတ်က 'ကျားဘဟိန်း'၊ ဦးရွှေဘက 'ဒိုးကလေး'၊ ဦးမြင့်အောင်က 'ယောကျ်ားဘသား' စတဲ့ လက်ဝှေ့ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ကြဖူးပါတယ်။ ရုပ်ရှင်ရွှေရတုခေတ်ဘက်မှာ ကျော်ဟိန်းက '၂ဝ ရာစု လက်ဝှေ့ကျော်'၊ မြင်စိုင်းသားအောင်အောင်က 'ပိုက်ထွေး'၊ ရွှေမန်းရုပ်ရှင်မှ ဦးသန်းနိုင်ရဲ့သား သရုပ်ဆောင်သစ် ဇော်မြင့်က 'ရင်ထဲက ကိုယ့်ချစ်သူ' ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ လက်ဝှေ့ကားများ ဖြစ်ခဲ့ဖူးပါတယ်။ မြန်မာ့ရုပ်ရှင် စိန်ရတု ကို ကျော်လွန်ပြီးတဲ့နောက်မှာတော့ လက်ဝှေ့နောက်ခံ ရုပ်ရှင်ကားများ မတွေ့ကြရတော့ပါဘူး။
ဟောလိဝုဒ်မှာလည်း
လက်ဝှေ့ နောက်ခံ ဇာတ်ကားများက ရှာမှရှား ဖြစ်နေရာကနေ ၂ဝဝ၅ ခုနှစ်အတွင်းမှာ ရုံတင်ပြသလိုက်တဲ့
Cinderella Man ဇာတ်ကားက အမေရိကန် စီးပွားပျက်ကာလမှာ
ထင်ရှားခဲ့တဲ့ လက်ဝှေ့ကျော်ကြီး ဂျင်မ်ဘရက်ဒေါ့ရဲ့ ဘဝဇာတ်ကြောင်းကို
နောက်ခံထားပြီး ရိုက်ကူး ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ လက်ဝှေ့ကျော်ကြီးအဖြစ်
ဟောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသားဖြစ်တဲ့ ရပ်ဆဲလ်ခရိုးက ပါဝင်သရုပ်ဆောင်ထားပြီး
ဒီကားဟာ ၂ဝဝ၅ ခုနှစ် အော်စကာဆု ချိတ်နိုင်တဲ့ ကားလို့ ရုပ်မြင်သံကြား အစီအစဉ်ရဲ့ Good
Morning America အစီအစဉ်မှ ရုပ်ရှင်ဝေဖန် သုံးသပ်သူ ဂျိုဝယ်လ်
ဆီးဂဲလ်က သုံးသပ်နေပါပြီ။ စဉ်းစားစရာ အချက်တစ်ခုကတော့ ရုပ်ရှင်နောက်ခံကား
နှစ်ကားဟာ နှစ်နှစ်ဆက်တိုက် အော်စကာဆု ရနိုင်ပါ့မလားဆိုတဲ့ အချက်ပါပဲ။ ၂ဝဝ၄
ခုနှစ်အတွက် အော်စကာဆုပေးပွဲ ကျင်းပစဉ်က ရုပ်ရှင်မင်းသမီး ဟီလာရီဆွမ့် ပါဝင်ပြီး
ရုပ်ရှင်မင်းသားကြီး ဒါရိုက်တာ ကလင့်အိစဝုဒ် ရိုက်ကူးခဲ့တဲ့ Million Dollar
Baby ဇာတ်ကားက အကောင်းဆုံး ဇာတ်ကားဆုအပါအဝင်
အကယ်ဒမီဆုလေးဆု သိမ်းပိုက်သွားခဲ့ပါတယ်။ ရုပ်ရှင်မင်းသားကြီး ဆီလ်ဗက်စတာ
စတောလုန်းက ကိုယ်တိုင်ဇာတ်လမ်းရေးဖွဲ့ပြီး Rocky ဆိုတဲ့ လက်ဝှေ့သမား ဇာတ်ကောင်ကို
ဖန်တီးကာ ဇာတ်ကား လေးကားအထိ ရိုက်ခဲ့ဖူးပါတယ်။ အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့
မင်းသားကြီးက နောက်ထပ် Rocky ကားတစ်ကား ရိုက်ချင်သေးတယ်လို့ ကြွေးကြော်နေဆဲပါ။ ၁၉၄၈ ခုနှစ်တုန်းက Body
and Soul
ဇာတ်ကားမှာ
လက်ဝှေ့နောက်ခံ ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်မင်းသား ဂျွန်ဂါးဖီးလ် အော်စကာ
ရခဲ့ဖူးပါတယ်။ လက်ဝှေ့နောက်ခံ ကားတိုင်းမှာ မပါမဖြစ်တဲ့ ဇာတ်ကွက်များကတော့
အဓိကဇာတ်ကောင်နဲ့ သူ့ပြိုင်ဘက်တို့ တစ်ယောက်နဲ့ တစ်ယောက်
ကြိမ်းဝါးကြတဲ့စကားများပါပဲ။ ရုပ်ရှင်မင်းသား မာလင်ဘရန်ဒိုလက်ခံခဲ့တဲ့
တစ်ခုတည်းသော အော်စကာဆုမှာ On the Waterfront ဇာတ်ကားမှဖြစ်ပြီး အဲဒီကားဟာ အထိုးအကြိတ်
နောက်ခံဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ခဲ့ပါတယ်။
ပြင်ပလောကများမှာလည်း
လက်ဝှေ့ကျော်များဟာ သူရဲကောင်းများအဖြစ် တင်စားခြင်း ခံရတာတွေ ရှိပါတယ်။ ၁၉၆၆
ခုနှစ်တုန်းက လူသတ်မှု ကျူးလွန်သူအဖြစ် မှားယွင်းကာ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရတဲ့
ရူဘင်ဟာရီကိန်းကာတာဟာ သေဒဏ်စီရင်ချက်မှ လွှတ်လိုက်တဲ့အခါ အမေရိကန်တရားဥပဒေမှာ
သေဒဏ်စီရင်ခြင်းကို ပယ်ဖျက်ပေးဖို့ တိုက်ပွဲဝင်တဲ့ ခေါင်းဆောင်တစ်ဦး
ဖြစ်လာခဲ့ပါတယ်။ သူ့အတ္ထုပ္ပတ္တိကို ဒန်ဇဲလ်ဝါရှင်တန်နဲ့ ရုပ်ရှင်ကားအဖြစ်
ရိုက်ကူးခဲ့ပါတယ်။
၂ဝဝ၆ ခုနှစ် မတ်လ ၅ ရက်နေ့မှာ
ကျင်းပမယ့် အော်စကာဆုပေးပွဲကြီးမှာ ရုပ်ရှင် ဝေဖန်ရေးဆရာများ တစ်ပေးကြသလို Cinede rella Man ဇာတ်ကားဟာ အော်စကာဆုတွေ သိမ်းပိုက်နိုင်ပါ့မလားဆိုတာကို
စောင့်ကြည့်ကြရပါလိမ့်မယ်။
▀
ဇာနည်ညိမ်း
(အမှတ် ၁၈၉၊
သြဂုတ်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)
'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...
'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...
ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။