ရွှေသီရိခေတ်
၂၀၂၂ ခုနှစ်တွင် DreamWorks Animation ကဖန်တီးခဲ့ပြီး Universal Pictures ကထုတ်လွှင့်ခဲ့တဲ့ Puss in Boots: The last wish ဟာ အရင်နာမည်ကျော်
“Shrek” ကာတွန်းကားတွေကတစ်ဆင့်
လူကြိုက်များလာတဲ့ ဘွတ်ဖိနပ်စီးထားတဲ့ ကြောင်သူရဲကောင်းလေးရဲ့ တစ်ကိုယ်တော် ဟာသစွန့်စားခန်း ဇာတ်လမ်းဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် ထုတ်လွှင့်ခဲ့တဲ့ ဘွတ်ဖိနပ် ဝတ်ထားသောကြောင် “Puss in Boots” ဇာတ်ကားရဲ့ အဆက်ဖြစ်ပြီး ဒါရိုက်တာ “Joel Crawford” နဲ့ တွဲဖက်ဒါရိုက်တာ “Januel Mercado ရိုက်ကူးထားပါတယ်။ ဇာတ်ညွှန်းကိုတော့ Paul Fisher ကရေးသားပါတယ်။ ဒီဇာတ်ကားမှာ အဓိက အသံသရုပ်ဆောင်တွေအဖြစ် "Antonio Banderas", "Salma Hayek",
"Harvey
Guillén", "Olivia Colman",
"Ray Winstone", "Samson Kayo",
"Florence Pugh", "Wagner Moura,"
"John Mulaney” တို့ပါဝင်အားဖြည့်ထားတယ်။
ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ကောင်တွေကတော့
“Puss in Boots”, “Kitties Softpaws”, “Perrito”, “Mama Bear”, “Papa Bear",
"Baby Bear”, “Goldilocks”, “Wolf”, နဲ့ “Jack Horner” တို့ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ ဘွတ်ဖိနပ်ဝတ်ထားသောကြောင်ကလေးဟာ အာဏာရှင်ကို တိုက်ခိုက်ပြီး ဆင်းရဲနွမ်းပါသူများကို
ကာကွယ်ကူညီပေးတဲ့ ဒဏ္ဍရီ သူရဲကောင်းလေးပါ။
ဘွတ်ဖိနပ်ဝတ်ထားတဲ့ကြောင်ဟာ တုတ်ပြီး၊
ဓားပြီးသူဖြစ်ပြီး ဘယ်တော့မှ မသေနိုင်ဘူးလို့ လူအများက ယုံကြည်ထားကြတယ်။ ဒါပေမဲ့ ဘွတ်ဖိနပ်ဝတ်ထားတဲ့ ကြောင်ကလေးမှာ ဘယ်သူမှမသိတဲ့ လျှို့ဝှက်ချက် တစ်ခုရှိနေပါသေးတယ်။ ကြောင်တွေမှာ အသက်ကိုးချောင်းရှိတယ် ဆိုတဲ့စကားပုံရှိတယ် မဟုတ်လား။ ဘွတ်ဖိနပ်ဝတ်ထားတဲ့ကြောင်ဟာ စကားပုံထဲကအတိုင်း အသက်ကိုးချောင်းရှိတဲ့အတွက် ဘယ်လောက်အန္တရာယ်များတဲ့ တိုက်ပွဲဖြစ်ဖြစ် မရှောင်ပြေးပဲ ရဲရင့်စွာ တိုက်ခိုက်နိုင်နေတာပါ။ Puss in Boots: The last wis ကအဲ့ဒီ အသက်ကိုးချောင်းအားကိုးနှင့် အရဲစွန့်နေတဲ့ ဘွတ်ဖိနပ်ဝတ်ကြောင်ကလေးမှာ နောက်ဆုံးအသက်တစ်ချောင်းပဲ ကျန်တဲ့အချိန်ကို ရိုက်ကူးထားတာပါ။
အသက်တစ်ချောင်းပဲ ကျန်တော့တဲ့အတွက် အငြိမ်းစားယူတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ ကြောင်ကလေးဟာ Goldilocks နဲ့ ဝက်ဝံမိသားစုတို့ သူ့ကို လိုက်ရှာရင်း
ပြောကြတဲ့
စကားတွေကို အမှတ်မထင် ကြားလိုက်ရတဲ့အခါ ဒဏ္ဍာရီပုံပြင်တစ်ခုကြောင့်
မျှော်လင့်ချက်ရှိလာပုံကို ရိုက်ကူးထားပါတယ်။ ဒဏ္ဍာရီပုံပြင်လေးကတော့
ဟိုးအရင်တုန်းက ကောင်းကင်က ဆုတောင်းကြယ်တစ်ပွင့် မြေပြင်ပေါ်သို့
ကြွေကျခဲ့ပါတယ်။ ကြယ်ကြွေကျခဲ့တဲ့ တောအုပ်ဟာ အမှောင်တောအုပ်အဖြစ် ပြောင်းသွားခဲ့ပြီး ကြယ်လေးဟာ အမှောင်တောအုပ် အလယ်မှာ ရှိနေပါတယ်တဲ့။ ဒဏ္ဍာရီအရ ဆိုရင် ဆုတောင်းကြယ်ထဲမှာ ဆုတောင်းတစ်ခု ကျန်ရှိနေသေးတဲ့အတွက် အဲဒါကိုရှာတွေ့ပြီး မှော်ကဗျာကို ရွတ်ဆိုသူဟာ မိမိလိုချင်တဲ့ ဆုကိုတောင်းဆိုနိုင်ပါတယ်တဲ့။
အသက်အပို ထပ်လိုချင်နေရှာတဲ့ ဘွတ်ဖိနပ်ဝတ်ထားတဲ့ကြောင်ကလေးဟာ လူသားမိသားစု
လိုချင်နေတဲ့ Goldilocks နှင့် Jack Horner တို့အုပ်စုရဲ့ ကြယ်ဆီကဆုတောင်းကို
ရဖို့ အပြိုင်အဆိုင် အခက်အခဲတွေကိုကျော်ဖြတ်၊ လုယက်ကြရတဲ့ စွန့်စားခန်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ လူတွေက တစ်ခါတစ်ရံမှာ မိမိမှာရှိနေပြီးသားအရာကို မမြင်နိုင်၊ တန်ဖိုးမထားနိုင် ဖြစ်တတ်ပုံ၊ ရှိနှင့်ပြီးသား အသက်တစ်ချောင်းကို
တန်ဖိုးထားပြီး မိသားစု၊
မိတ်ဆွေတွေနဲ့အတူ အကောင်းဆုံးနေထိုင်သွားသင့်ပုံကို
ဘွတ်ဖိနပ်ဝတ်ထားသောကြောင်နဲ့
Goldilocks တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ အဆင့်ဆင့်
ရင့်ကျက်လာမှုကို သူတို့ရဲ့ အဆုံးသတ် ဆုံးဖြတ်ချက်တွေကနေတစ်ဆင့် ရိုက်ကူးပြသထားပါတယ်။ ရွှေချစ်သူများ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးအဖြစ်
လက်တို့လိုက်ပါရစေ။
▀
ရွှေသီရိခေတ်
'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...
'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...
ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။