အနုပညာသမားပြောစကား

တစ်ကိုယ်တော်ခွေလုပ်ဖို့စိတ်မဝင်စားတော့တဲ့ မင်းမော်ကွန်း

ခင်လေးမြင့်

01 April 2025
တစ်ကိုယ်တော်ခွေလုပ်ဖို့စိတ်မဝင်စားတော့တဲ့ မင်းမော်ကွန်း
Share to

 မြေပဲယိုအနေနဲ့ မဟုတ်ဘဲ ထွန်းထွန်းနဲ့တွဲပြီး အတွဲခွေတစ်ခွေလုပ်နေတဲ့ မင်းမော်ကွန်းကို ဒါရိုက်တာ ညိုမင်းလွင်ရဲ့ 'သွေးနဲ့ရေးတဲ့ နက္ခတ်' ရိုက်ကွင်းမှာ တွေ့ဆုံခိုက်...

            ထွန်းထွန်းနဲ့လုပ်တဲ့ အတွဲခွေမှာ မင်းမော်ကွန်းနဲ့ ထွန်းထွန်းတွဲဆိုတဲ့ သီချင်းတွေ ပါဦးမှာလား။

            နှစ်ယောက်တွဲဆိုတာတော့ မပါဘူး။ တစ်ယောက်စီ သပ်သပ်ဆိုမှာ၊ Example နဲ့ မြေပဲယိုတွဲဆိုတာတော့ ပါလား မပါလား မသိဘူး။ အဓိကက ထွန်းထွန်းနဲ့ ကျွန်တော်ပေါ့။ တစ်ကိုယ်တော် မဟုတ်ဘဲ အတွဲခွေပေါ့။

            ကျော်ကျော် တစ်ကိုယ်တော်ခွေ မထွက်ခင် အတွဲခွေ ဆိုဖြစ်တဲ့သဘောလား။

            ကျွန်တော် တစ်ကိုယ်တော်ခွေက ထွက်ကော ထွက်မှာလား မသိဘူး။ ကျွန်တော့်ဘက်က ဆက်မလုပ်တာမဟုတ်ဘူး။ ကျွန်တော်ကဆို ဆိုရင်ဆိုရုံပဲ။ သူတို့ဘက်က ဘာမှ မပြောသေးဘူး။

ဆိုစရာရှိတာကို Tower Studio ပိုင်ရှင် ပရိုဂျူဆာဆီက Date ရမှ ကျွန်တော် ဆိုလို့ရမှာ။ အတီးတွေလည်း ပြီးနေပြီ။ ကျန်တာတွေလည်း ပြီးနေပြီ။ ကျွန်တော်ဆိုဖို့ ဘာမှ မပြောသေးဘူး။

တခြား ပရိုဂျူဆာတစ်ယောက်က တစ်ကိုယ်တော် လုပ်ဖို့ဆိုလာရင်ကော...။

အမှန်အတိုင်း ပြောရရင် တစ်ကိုယ်တော်လုပ်ဖို့ Feel ကို မလာတော့ဘူး။ ကျွန်တော်က မြေပဲယိုပဲ လုပ်ချင်တယ်။ ကျွန်တော် ပထမဆုံးစီးရီး စလုပ်တော့လည်း တစ်ကိုယ်တော်ကို စလုပ်တာပဲ။ ဒါပေမယ့် အဲဒါက မထွက်ဖြစ်ဘူး။ မြေပဲယို လုပ်ဖြစ်တယ်။ မြေပဲယို လုပ်ဖြစ်တော့ Feel လာသွားတယ်။ နောက်ပြီး ကျွန်တော့်သူငယ်ချင်း ဝင်းအောင်ကပြောတော့ သူနဲ့တစ်ကိုယ်တော် လုပ်ဖြစ်တယ်။ ဒါပေမယ့် အဲဒါကြီးက မျောရင်းမျောရင်းနဲ့ ကျွန်တော် စိတ်မပါတော့ဘူး။ နောက်ပိုင်းလည်း တစ်ကိုယ်တော် မလုပ်ချင်တော့ဘူး။ မြေပဲယိုအနေနဲ့ပဲ သွားတော့မယ်။ အဲဒီပုံစံက ကောင်းပြီး လွတ်လပ်တယ်။ တစ်ကိုယ်တော်က ဘောင်တစ်ခုနဲ့ ကန့်ထားသလိုဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်ဆိုရတာ၊ လုပ်ရတာ ပျော်လည်း မပျော်ဘူး။

အခွေလုပ်တာ ကြာနေလို့ လုပ်ချင်စိတ် မရှိတာလား။

အဲဒီလိုတော့ မဟုတ်ဘူး။ မြေပဲယိုနဲ့ ကျွန်တော့် တစ်ကိုယ်တော်လုပ်ရတာချင်းက အရသာချင်းကို မတူတာ၊ ပျော်စရာကောင်းတာချင်းလည်း မတူဘူး။

ထွန်းထွန်းနဲ့ တွဲဆိုရမယ့် အခွေမှာ ကျော်ကျော် ဆိုတဲ့သီချင်းတွေက Rap တွေ ပါဦးမလား။

ကျွန်တော်ဆိုတဲ့ သီချင်းတွေမှာတော့ Rap မပါဘူး၊ မြေပဲယိုအနေနဲ့ ဆိုတဲ့သီချင်းမှာတော့ Rap ပါမယ်။

မြေပဲယိုရဲ့ ဒုတိယစီးရီးကိုလည်း အမြန်ဆုံးလုပ်နေပြီး ဒါရိုက်တာ မိုက်တီးနဲ့ ရုပ်ရှင်ကား တစ်ကားရိုက်ဖို့ အစီအစဉ်ရှိကြောင်းကို မင်းမော်ကွန်းက ပြောပါတယ်။ 

ခင်လေးမြင့်

(အမှတ် ၁၈၈၊ ဇူလိုင်၊၂၀၀၅ ရွှေအမြုတေမဂ္ဂဇင်း။)

 


Related Articles

အနုပညာသမားပြောစကား
...
လွတ်အောင်ရုန်းမယ့် ကျော်ဟိန်းနဲ့ ကျွန်တော်
ဝင်းငြိမ်း

စိတ်ထဲမှာ ဘာတွေ ဖြစ်နေသလဲပြော။ ကျွန်တော်ကတော့ ဒါတွေ သိထားတယ်။ ကျွန်တော်တို့ ဘုရားရဲ့ တရားတွေကို ကျွန်တော် သိအောင် ကြိုးစားတဲ့အခါမှာ ဒါတွေ သိလာတယ်။ အဲဒါတွေကို အခြားသူတွေသိအောင်လည်းပြောချင်တယ်။

အနုပညာသမားပြောစကား
...
ခေတ်ဟောင်းအဆိုတော်ကြီး ဦးအံ့ကြီးနှင့်တွေ့ဆုံခြင်း နောက်ဆုံးအပိုင်း
ဝင်းငြိမ်း

ဘဘရဲ့ အနုပညာခရီးမှာ ၁၉၄၈ ခုနှစ်မှ အံ့ကြီးဆိုပြီး တစ်တိုင်းပြည်လုံးက သိခဲ့ကြပေမယ့် အဲဒီ အရင်ကတည်းက သီချင်းဆိုနေခဲ့တာပါ။ ဘဘကအပျော်တမ်းသမားစစ်စစ်ပါ။ လူတိုင်းကို ပျော်စေချင်တယ်။ ဒါကြောင့် လူနည်းနည်းကိုပဲ...

အနုပညာသမားပြောစကား
...
နောက်ပြန်လှည့်မကြည့်တတ်တဲ့ မင်းမော်ကွန်း
ခင်လေးမြင့်

မကောင်းတာ လုပ်ရင်တော့ မကောင်းတာပဲ ဖြစ်မှာပါ။ မကောင်းတဲ့အကျိုးတွေပဲ ရမှာပါ။ အဲဒီတုန်းက ကိုယ့်စိတ်ကို ထွက်ပေါက်ပေးတဲ့အခါ တစ်ခါတလေ မှားယွင်းတတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံးပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင...