ရွှေသီရိခေတ်
၂၀၁၃ ခုနှစ်တွင် မိုက်ကယ်(လ်)ရှာ(ရ်) (Michael Schur)၊ ဒန်ဂေါ်(ဝ်) (Dan Goor)၊ မတ်ဆွန်(န်) (Matt Sohn)၊ လင်ဒါမန်ဒိုဇာ (Linda Mendoza)၊ ထရစ်စတန်ရှပီရို (Tristram Shapeero)၊ ပေးမန်ဘန်(ဇ်) (Payman Benz) တို့ပူးပေါင်း၍ရိုက်ကူးထုတ်လွှင့်ခဲ့သော ဘရွတ်ကလင်းမြို့ရဲတပ်ဖွဲ့ ၉-၉ သည် ၂၀၀၀ ခုနှစ်အစောပိုင်းတွင် ဘရွတ်ကလင်းမြို့ရှိ နယူးယောက်ခ်မြို့ရဲတပ်ဖွဲ့ခွဲ ၉-၉ တွင်တာဝန်ထမ်းဆောင်နေသော စုံထောက်များ၏ နေ့စဥ်ဘဝကို စိတ်ကူးယဥ် ဖန်တီးရိုက်ကူး ထားသော ဟာသဇာတ်လမ်းတွဲတစ်ခုဖြစ်သည်။ ဒီဇာတ်လမ်းသည် တရားမျှတမှု နှင့် ကွဲပြားသော လူမျိုးပေါင်းစုံတို့ရဲ့ အတွေ့အကြုံတို့ကိုအခြေပြု၍ ၂၀၀၀ ခုနှစ်အစောပိုင်းတွင် အမျိုးအမျိုးအဖုံဖုံသော လူတို့ကြုံတွေ့ရသည့် လူမှုရေးဆိုင်ရာနှင့် အလုပ်ခွင်ဆိုင်ရာ အခက်အခဲများကို ဟာသနှော၍ ရိုက်ကူးထားသော ဇာတ်လမ်းတစ်ခုဖြစ်သည်။
ဒီဇာတ်လမ်းတွင်ပါဝင်သောဇာတ်ကောင်များ ရွေးချယ်ရာတွင်
၂၀၀၀ ခုနှစ်အစောပိုင်းရှိ လူမျိုးခွဲခြားမှုကို ပါးနပ်စွာထုတ်ဖော်ပြသနိုင်ရန်နှင့်
လူအားလုံးသည်တန်းတူညီတူ၊ အကုန်အတူတူ ဖြစ်ကြောင်းကို သိသားထင်ရှားစေရန်အတွက်
လေးလေးနက်နက်စဥ်စားပြီး စနစ်တစ်ကျ ရွေးချယ်ထားပါသည်။ ဒီဇာတ်လမ်းတွင် အဓိကဇာတ်ကောင်
၉ ဦးပါဝင်ပါသည်။ သူတို့ကတော့ ၂၀၀၀ ခုနှစ် အစောပိုင်းတွင် လူအများ အသိအမှတ်ပြုမှုနည်းပါးသော
LGBQ+ လူမှုအဖွဲ့ဝင်များ
နှင့် လူမည်းများ ကိုယ်စားပြုအနေဖြင့် ပွင့်လင်းစွာ လိင်တူချစ်သူအဖြစ် ခံယူထားသော
ရဲတပ်ဖွဲ့ ခေါင်းဆောင် ဟို့လ်(တ်) (Captain Holt)၊
လူအများလက်ခံထားသော လူမှုနေထိုင်မှုပုံစံများနှင့် ဆန့်ကျင်စွာ နေထိုင်သော
လက်တီနာစုံထောက် ရိုစာဒီအဇ် (Rosa Diaz)၊ အလွန်တော်သလောက် မရင့်ကျက်သော
ဂျိတ်ခ်#ပရောလ်တာ (Jake Peralta)၊ ဂျိတ်ခ်ရဲ့
အမှုလိုက်လက်တွဲဖော်ဖြစ်တဲ့ အစားအသောက် အရမ်းလိုက်စားပြီး လူတိုင်းချစ်ခင်ရသော
ချားလ်(စ်) ဘွိုင်း(လ်) (Charles Boyle)၊ စည်းကမ်း အလွန်လိုက်နာပြီး
အထက်လူကြီး၏ အသိအမှတ်ပြုမှု အလွန်လိုချင်သလို၊ ပြိုင်ဆိုင် လိုစိတ်လည်း ပြင်းထန်သော
အေမီစန်တီရာဂို (Amy Santiago)၊ အားကစား အလွန်လိုက်စားပြီး မိသားစုအပေါ်
အချစ်ကြီးတဲ့အပြင် အရာရာမှာအားကိုးရသော အရာရှိ တယ်ရီ ဂျက်ဖော့ဒ် (Terry
Jeffords)၊ တစ်မူထူးခြားပြီး ခန့်မှန်းရခက်သော ဂျီနာ လင်နတ်တီ (Gina
Linett) တို့နှင့် အမြဲတစ်ပူးပူးတစ်တွဲတွဲ နှင့် ရှိပြီး
အများအားဖြင့် စားသောက်အိပ်နေတတ်ပေမဲ့ အရေးကြီးတဲ့အခါမှာ မထင်မှတ်ပဲ
အားကိုးရတတ်သော ဟစ်(ချ်)ကော့(ခ်) (Hitchcock) နှင့်
စကော(လ်)လီ (Scully) တို့ပဲဖြစ်ပါသည်။
ဒီဇာတ်လမ်းသည် ၂၀၀၀ခုနှစ်တွင် စုံထောက်များ
အမှုဘယ်လိုက်လိုက်ပုံ အမှုလိုက်စရာ မရှိချိန်ရုံးချုပ်တွင် သူတို့ဘယ်လိုနေကြပုံ၊
သူတို့ရဲ့ နေ့စဥ်ဘဝစွန့်စားခန်းများ၊ အလွဲများနှင့် တစ်ယောက်နဲ့တစ်ယောက် မတူသော်လည်း
အချင်းချင်း လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကြပြီး သွေးသားမတော်စပ်သော်လည်း
တစ်ယောက်ကိုတစ်ယောက် ဘယ်လိုချစ်ခင် ထောက်မပေးပုံတို့ကို ဟာသရသမြောက်စွာနှင့် ဗဟုသုတရဖွယ်
ရိုက်ကူးထားသည်ကို ကြည့်ကြရမည်ဖြစ်သည်။ ထို့အပြင် ဟာသရသသာမက
နေ့စဥ်ပြောင်းလဲနေဆဲဖြစ်သော အကြောင်းအရာများကို လည်းလိမ်မာပါးနပ်စွာ
ထည့်သွင်းထားပြီး နေ့စဥ်လူမှုဘဝအခက်အခဲများ၊ လူ့သဘာဝဖြစ်သည့် ကြံ့ကြံ့ခိုင်မှု၊
ခင်မင်မှုနှင့် တစ်ခါတစ်လေမှာ သိပ်စဥ်းစားမနေပဲ ကိုယ့်ချစ်ရတဲ့သူတွေနဲ့အတူ
ရယ်လိုက်ခြင်းကလည်း ဖြေရှင်းမှုတစ်ခု ဖြစ်ကြောင်းကို ဇာတ်ကောင်များ၏ ပါးနပ်သောသရုပ်ဆောင်မှုများဖြင့်
အမှတ်ရဖွယ်ရိုက်ကူးထားပါသည်။
▀
ရွှေသီရိခေတ်
'ကျွန်မကို သရုပ်ဆောင် တစ်ယောက်အဖြစ် ဘယ်လောက်အထိ လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ ရိုက်မယ့် ဒါရိုက်တာကတောင် ကျွန်မဘယ်လောက် သရုပ်ဆောင်နိုင်မလဲလို့ မသေချာသေးဘူး။ အစမ်းသွားလေ့ကျင့်၊ ဇာတ်...
'ကျွန်မ ဖခင်က ကျွန်မမိခင် အပေါ်မှာ သစ္စာဖောက်ပြီး နောက်အိမ်ထောင်ပြုသွားတဲ့ ကိစ္စကို ကျွန်မဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ကိုယ်တိုင်လည်း ဘယ်တော့မှ အိမ်ထောင်ရှိတဲ့ ယောကျ်ားတစ်ယောက်နဲ့...
ငွေရေးကြေးရေး ချမ်းသာ ကြွယ်ဝမှုအရ ဖခင်၏အမွေအနှစ်များကြောင့် မပူပန်ရသော်လည်း လီဆာက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကြိုးစားမှုဖြင့် ထင်ရှားလိုသည်။