ရွှေသီရိခေတ်
၂၀၁၈ ခုနှစ်မှာ ခလေး ခေးတစ်(ဆ်) (Clay Kaytis) မှ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ “ခရစ်စမတ်ဖြစ်စဥ်မှတ်တမ်းများ” “Christmas Chronicles I” ဆိုတဲ့ ခရစ်စမတ်ရာသီ ဟာသဇာတ်ကားလေးက မှော်ပဥ္စလက်ပညာ နဲ့ အားလပ်ရက်ရာသီရဲ့ ပျော်ရွှင်စရာ ခံစားမှုကို အပြည့်အဝ သရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။
ဒီ ကြည်နူးဖွယ် ပျော်စရာစွန့်စားခန်းလေးတွေနဲ့
ဖန်တီးထားတဲ့ ဇာတ်ကားလေးမှာ ခါ့တ်ရတ်ဆဲလ် (Kurt
Russell) က သူတော်စင် နစ်ကိုလက်(စ်) (Saint Nicolas) (ခေါ်) စန်တာကလော့စ် (Santa Claus) နေရာကနေပြီးပါဝင်
သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ တစ်ခြား ခရစ်စမတ် ဇာတ်ကားတွေနဲ့ မတူကွဲပြားမှုကတော့
စန်တာကလော့စ် (Santa Claus)ရဲ့ တစ်မူထူးခြားတဲ့
အမူအကျင့်တွေပါ။ ဒီဇာတ်ကားလေးမှာ ခါ့တ်ရတ်ဆဲလ် (Kurt Russell)က အများလက်ခံထားတဲ့ ဗိုက်ပူပူနဲ့ “ဟိုး...ဟိုး...ဟိုး...” လို့ရယ်တတ်တဲ့
စန်တာကလော့စ် ပုံစံမဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်နေတတ်ပြီး
ဖြတ်လတ်တက်ကြွပြီး သီချင်းအဆိုကောင်းတဲ့ စန်တာကလော့စ် အနေနဲ့ စိတ်ဝင်စားစရာ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားလေးက
အဓိကအားဖြင့် အဆော့သန်၊ အစပ်စုသန်တဲ့ ကိတ်(ခ်) (Kate) နဲ့ သူ့ရဲ့ အကို တက်ဒီပီးရာ့စ် (Teddy
Pierce) တို့မောင်နှမနှစ်ယောက်ရဲ့ ခရစ်စမတ် စွန့်စားခန်းလေး
အကြောင်းကို အခြေခံ ဖန်တီးထားတာဖြစ်ပါတယ်။ လိမ်မာပြီး အစပ်စုသန်တဲ့ ညီမလေးဖြစ်သူ
ကိတ်(ခ်) (Kate) အနေနဲ့ ဒါဘီခန့်(ပ်) (Darby Camp) က သရုပ်ဆောင်ထားတာဖြစ်ပြီး ဆယ်ကျော်သက် ဆိုးပေပေ အကိုဖြစ်သူနေရာမှာတော့
ဂျူဒါလူးဝစ်(ဆ်) (Judah Lewis) က သရုပ်ဆောင် ထားတာပါတယ်။ ကိတ်(ခ်) နဲ့ အကိုဖြစ်သူ တက်ဒီတို့ရဲ့ စန်တာကလော့စ်ကို ဗီဒီယီု
ခိုးရိုက်ရာကနေ စန်တာရဲ့ စွတ်ဖားလှည်းကို မတော်တဆ ပျက်စီးစေပြီးနောက် ကမ္ဘာတစ်ခုလုံးရဲ့
ခရစ္စမတ်ကို ကယ်တင်ဖို့ ကြိုးစားရတဲ့ ဇာတ်လမ်းဟာ မိသားစုရဲ့ ချစ်ခြင်းမေတ္တာနဲ့
စိတ်ဝင်စားဖွယ် စွန့်စားခန်းတွေကို စနစ်တကျရိုက်ကူးဖော်ပြထားပါတယ်။
ဒါ့အပြင်
အမြင်အာရုံဖျော်ဖြေမှုအနေဖြင့်လည်း ချစ်စရာ နတ်သူငယ်လေး၊ စန်တာရဲ့ စွတ်ဖားလှည်း၊
လက်ဆောင်အိတ်နဲ့ စန်တာရဲ့ လှည်းကိုဆွဲတဲ့ ဒရယ်တွေကိုလည်း အလွန်ကောင်းမွန်တဲ့
နည်းပညာတွေနဲ့ ဖန်တီးရိုက်ကူးထားပါတယ်။ လူကြီးရော ကလေးပါ ကြည့်ရမရိုးအောင် သေချာရိုက်ကူးထားတဲ့
ဒီဇာတ်ကားလေးက ကလေးတွေအတွက် စွန့်စားမှု ရသကို ပေးစွမ်းနိုင်ပြီး လူကြီးတွေအတွက်ကိုတော့
မိသားစုရဲ့ တန်ဖိုးကို ပြန်အမှတ်ရစေတဲ့ ကြည်နူးဖွယ်ရသကို ခံစားရစေတာမို့ ခရစ္စမတ်ရဲ့
အံ့သြစရာနဲ့ အားရစရာကို ခံစားလိုသူများအတွက် အလွန်သင့်တော်တဲ့
ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
▀
ရွှေသီရိခေတ်
အမှန်တကယ်ဆို မဒေါနားက ကိုယ်ပိုင်သားသမီးမရခင်ကတည်းကပင် ကလေးမွေးစားဖို့ စဉ်းစားနေခဲ့သည်။ သူမတွင် ယခုခင်ပွန်း ဂိုင်းရစ်ချီနှင့် သား Rocco (၆ နှစ်)၊ သူမ၏ Trainer ဖြစ်တဲ့ Carlos Leon နှင့် သမီး Lourdes (၁ဝ...
ဆိုင်ကယ်စီးနေစဉ်မှာ ဘရက်ပစ်က သူ့နောက်က ပါလာတဲ့ ဂျိုလီ လုံခြုံမှု ရှိမရှိဆိုတာကို ခုလို နောက်ပြန်လှည့်ကြည့်သေးတာပါ။ လူမသိ၊ သူမသိ သွားချင်တိုင်း သွားလို့ရနေတဲ့အတွက် ချစ်သူနှစ်ဦးအနေနဲ့ ကြည်နူးစရာကာလများလ...
သားနဲ့ ပတ်သက်ပြီး 'သားဟာ ကျွန်မရဲ့ ကိုးကွယ်ရာပါ'လို့ ဆိုခဲ့တဲ့ ဘရစ်တနီကို မာလီဘူမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ သားနဲ့အတူ တွေ့ခဲ့ရဖူးပါတယ်။ ဘုရားကျောင်းမှာ ဟိန္ဒူဘာ သာဝင်တို့ရဲ့ ထုံးစံအတိုင်း မျက...