ရွှေချစ်သူများသို့
ရွှေအမြုတေ ဝိုင်းတော်သားတွေရဲ့
အားထုတ်မှုအဖြစ် main.shweathit.com (shweathit web page) ကို ၂၀၂၄ အောက်တိုဘာက
စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အခု ၂၀၂၆ အောက်တိုဘာ ၁ ရက်နေ့မှာ အမှတ် ၂၀၇၊ ဖေဖော်ဝါရီလ၊ ၂၀၀၇
ရွှေအမြုတေမဂ္ဂဇင်းမှာ ဖော်ပြခဲ့တာတွေထဲက ကောက်နုတ် ဖော်ပြမှာဖြစ်ပါတယ်။
ဒီလမှာ
- ကိုငြိမ်း၊မန္တလေး၊
- ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊
- ခြိမ့်သဲ
- ယဥ်ယဥ်နု ၊မန္တလေး၊
တို့ရဲ့ ရသဝတ္ထုတိုတွေကို ဖော်ပြထားပါတယ်။
ရွှေသုတအနေနဲ့
ဝင်းငြိမ်းရဲ့ “ကြည့်ဖြစ်ခဲ့တဲ့ကဇာတ်”
၊ မောင်သန်းဆွေ ၊ထားဝယ်၊ ရဲ့ “ယမုန်နာနှင့် လင်္ကျာမင်းထင်နှင့်
တက္ကသိုလ်သုမောင်”၊ ခင်ခင်ထူးရဲ့ “ကျားထူးအလွန်” နဲ့ စည်သူမြသန်း ရဲ့ “စာရေးဆရာ မြသန်းတင့်၏
ပဲဆွတ်ချိန်ဇာတ်လမ်းကိုခံစားခြင်း” တို့ကို
ဖတ်ရှုရပါမယ်။
အခန်းဆက် ဝတ္ထုရှည်အနေနဲ့ မင်းသမီး
ဒိုင်ယာနာအကြောင်း ဝင်းငြိမ်း ဘာသာပြန် ရေးသားထားတဲ့ “A Royal Duty မင်းမှုထမ်း
အပိုင်း (၁၈)” နဲ့ ဆူးငှက် ရေးသားထားတဲ့ “တိမ်ယံအိပ်မက် မိုးထက်နရီ အပိုင်း(၇)” ကို
ဖတ်ရမှာပါ။
ရွှေအတ္ထုပ္ပတ္တိအခန်းဆက်မှာတော့
လူထုဒေါ်အမာရေးသားတဲ့ “ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ အပိုင်း (၁၃)” ကိုဖတ်ရမှာပါ။
ဝတ္ထုရှည်စ/ဆုံးအနေနဲ့ မြူမြူရဲ့ “ဗေဒင်ဆရာနှင့်
စိတ်တွင်းပဋိပက္ခဖြစ်ခြင်း” ကို ဖတ်ရှုကြရမှာပါ။
ရွှေအသစ်ကဏ္ဍမှာ ညီငယ်လေးရဲ့ “တတိယလူကိုမှန်သောြမား” နဲ့ စွမ်းရယော်ဓာရဲ့ “အလွဲများစွာရဲ့ဆုံမှတ်” ကိုဖတ်ရှုရမှာပါ။
ရွှေနှလုံးသားအနေနဲ့ နေဒီယံ ၊ကျောက်ပန်းတောင်း၊ရဲ့ “နိုးတစ်ဝက်အိပ်မက်”
ကိုဖတ်ရှုရပါမယ်။
ရသစာတမ်းမှာတော့ အောင်ဝေးရေးသားတဲ့ “ကဗျာဆရာကွယ်လွန်ခြင်း”
ကိုဖတ်ရှုရမှာပါ။
စာအုပ်မိတ်ဆက်အဖြစ်
ဆရာ တော်ကောင်းမိုး ဘာသာပြန်ဆိုထားတဲ့
“ဖား” ကို ဆိုဝ်ငြယ် ညွှန်းဆိုချက်အဖြစ်
ဖတ်ရှုရပါမယ်။
ရသစာပေနဲ့ ဝေးနေကြရသူတွေ၊ ရွှေအမြုတေကို လွမ်းနေကြသူတွေ၊ အိမ်လွမ်းနေကြသူတွေ အလွမ်းပြေဖို့ ရွှေအမြုတေ စာတည်းအဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
သတင်းကောင်း ပါးပါရစေ။
#ရွှေအမြုတေမဂ္ဂဇင်း
ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြောပါကွယ်...
01 October 2026
ဗေဒင်သွားမေးရင်းက ဗေဒင်ဆရာနဲ့ မုန်းမုန်း ပဋိပက္ခ ဖြစ်ခဲ့ကြတယ်ဆိုရင် ယုံကြပါ့မလား မသိဘူးရှင်။ အဲဒီအကြောင်းကိုလေ မုန်းမုန်းက ပြောပြချင်နေတယ်။ တဆိတ်နားထောင် ပေးကြပါဦးနော်။
01 October 2026
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် ဆိုသော စကားပုံ ရှိခဲ့သည်ပဲ။ ရည်းစားတစ်ထောင်ပြည့်ဖို့ ဆိုသည်မှာလည်း ဘယ်လိုနည်းနှင့်မှ မလွယ်။ အကြင်နာပြည့်သော လင်ကောင်းတစ်ယောက် ရဖို့ဆိုသည်မှာလည်း ပို၍ပင် ခက်ခဲနေမည်လား။
01 September 2026
ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကို မင်းရည်းစား ငယ်လေး ဘာလို့လာမကြည့်တာလဲ ဒီနေ့ မင်းအတွက် တီးတဲ့လက်ခုပ်သံတွေထဲမှာ ငယ်လေးရဲ့လက်ခုပ်သံ မပါဘူး
01 October 2026
ဆရာမသက်ငြိမ်က ရွှေအသစ်ဖြတ်သန်းမှုအမှတ်တရတွေအကြောင်းနဲ့ စာပေအနုပညာအပေါ် ခံယူချက်အကြောင်းပြောပြထားတာတွေကို ကြည့်ရှုနားဆင်ရမှာပါ။
30 June 2026ရွှေအမြုတေမဂ္ဂဇင်းမှာ စာရေးခဲ့တဲ့အမှတ်တရတွေနဲ့ ဆရာမဖန်တီးခဲ့တဲ့ ဝတ္ထုတွေ အကြောင်း နားဆင်ရမှာပါ
01 February 2025စာရေးဆရာ ဟမ်စိုင်း(ဆေး- မန်း) ရဲ့ "တိမ်ပန်းချီ" နှင့် အခြားဝတ္ထု ဖန်တီးမှုများ
03 January 2025Podcast အစီအစဉ်မှာတော့ ဆရာ မင်းဝေဟင် ရဲ့ “ရွှေအသစ်အနေနဲ့ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေနဲ့ ဆရာရရှိခဲ့တဲ့ဆုရစာအုပ်တွေအကြောင်း” ပြောပြထားတာကို နားဆင်ရမှာဖြစ်ပါတယ်။
02 December 2024
ဦးလှက စာတွေကို ရေးတုန်းကတော့ စာအုပ်ထုတ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ရေးတယ်။ နို့ပေမယ့် အဲဒီစာတွေကို အစုလိုက် အပုံလိုက်တွေ့တဲ့အခါ စာအုပ်လုပ်ချင်တဲ့စိတ် ပေါက်တတ်တယ်။ သူ ငယ်ငယ်လေးကတည်းက ဒီစိတ်ရှိတယ်။
01 October 2026
'သည်မန်ကျည်း ရွက်ကလေးတွေ ကျွန်မတို့ မန္တလေးဘက် ရောက်တယ်ဆိုတော့ လမ်းခရီးမှာ ကြွေမကုန်ဘူးလား။ ကျွန်မဖြင့် မနက်ဈေးက ဝယ်လာပြီး မချက်ဖြစ်ရင် နောက်တစ်နေ့ ရိုးတံတခြား အရွက်တခြားဖြစ်တာ များလွန်းလို့'
01 October 2026
'အသက် ၆၅ နှစ်ရောက်မှ ကလေးမွေးတဲ့ အဖေ မဖြစ်စေရဘူး၊ ကိုယ့်ကလေး အသက် ၂ဝ လောက်မှာ အဖေလုပ်တဲ့ လူက သေပြီဆိုရင် ကလေးတွေအတွက် ဘယ်တရားပါ့မလဲ'
01 June 2025
ကျွန်တော်သည် စာရေးဆရာမ ခင်ဆွေဦး ရေးပြသော စစ်၏ အနိဌာရုံများကို ဖတ်ရင်း အံ့ဩချင်မိပါသည်။ ရက်စက်မှုများကို သမိုင်းစာအုပ်တွေထဲမှာ စုတ်တသတ်သတ် ဖတ်ချင်လှပါသည်။ ‘ဒါမျိုးတွေ တို့ခေတ်မှာ မကြုံရဘူး’ ဟု လက်မထောင်၍ ဂုဏ်ဝင့်လိုက်ချင်သူ ဖြစ်ပါသည်။ စစ်၏ ရက်စက်မှုများအလွန်တွင် ရက်စက်မှုများသာ ထပ်၍ ထပ်၍ ဖြစ်နေသော ‘သ...
05 August 2026
ဗြုန်းခနဲ ပြောင်းလဲသွားတဲ့ အပြောင်းအလဲကို ကျွန်မ လက်မခံချင်ဘူး ကျွန်မ ဘောလုံးကန်ချင်တယ် ဖေဖေနဲ့ ငါးမျှားထွက်ချင်တယ် မောင်လေးတွေနဲ့ ရေကူးပြိုင်ချင်တယ် ဒါပေမယ့် အပြောင်းအလဲဟာ ကျွန်မနဲ့လောကကို ကန့်လန်ကာ ခြားထားပေးခဲ့ပါပြီ
01 October 2026
ကားနောက်ဖုံးထဲမှာပါလာတဲ့ ကိုရာ့အလောင်းကတော့ တောင့်နေရော့မယ်။ အလောင်းနဲ့ ကျွန်တော်တို့က သိပ်ဝေးတာမဟုတ်လို့ ကျောချမ်းမိပါရဲ့။
01 September 2025