စာအုပ်သုံးသပ်ချက်

The Wish Tree (Special Edition: Adult Edition) ဆုတောင်းသစ်ပင်

ရွှေသီရိခေတ်

01 February 2025
The Wish Tree (Special Edition: Adult Edition) ဆုတောင်းသစ်ပင်
Share to

    ၀၁၇ ခုနှစ်တွင် အထူးထုတ်ဝေခဲ့သော ကတ်သရင်း အတ်ပယ်လ်ဂိတ် (Katherine Applegate) ၏ “ဆုတောင်းသစ်ပင် (The Wish Tree)” စာအုပ်သည် လူကြီးလူငယ်အားလုံး ဖတ်ရှုနိုင်ရန် ရေးသားထားသော ပုံပြင်စာအုပ်ဖြစ်သည်။ “ဆုတောင်းသစ်ပင်” နှင့်ပတ်သတ်သည့်ဓလေ့သည် လူမျိုးများစွာ၏ ရိုးရာဓလေ့တွင်တွေ့ရပြီး ရုပ်နာမ်လောကနှင့် စိတ်ဝိညာဉ်လောကကို ဆက်သွယ်နိုင်စွမ်းရှိသည်ဟု ယူဆမှုများရှိကြသည်။ “ဆုတောင်းသစ်ပင်”သည် ဉာဏ်ပညာ၊ ခွန်အား၊ ကြံ့ကြံ့ခံနိုင်မှုနှင့် အသက်ဝိညာဉ်ကို ကိုယ်စားပြုပါသည်။ “Celtic” “ယင်း”လူမျိုးတို့၏ရိုးရာတွင် ဝက်သစ်ချပင်သည် မြင့်မြတ်သည်ဟုယူဆကြပြီး ထိုသစ်ပင်၏ သစ်ကိုင်းများတွင် ဆုတောင်း ပြုလုပ်ပါက ဝိညာဉ်များက ဆုတောင်းကို ဖြည့်ပေးလိမ့်မည်ဟုယူဆကြသည်။ အလားတူ အိန္ဒိယနိုင်ငံ၊ နှင့် ဂျပန်နိုင်ငံတို့တွင်လည်း ညောင်ပင်နှင့် ဝါးပင်တို့တွင် အဝတ်စ၊ သို့မဟုတ် ရောင်စုံစက္ကူတို့တွင် ၎င်းတို့၏ ဆုတောင်းများကို ရေးသားချိတ်ဆွဲပါက ဆုတောင်းပြည့်မည်ဟု ယုံကြည်ကြသည်။

ကတ်သရင်း အတ်ပယ်လ်ဂိတ် (Katherine Applegate)သည် “ဆုတောင်းသစ်ပင် (The Wish Tree)” စာအုပ်ကိုရေးသားရာတွင် ထိုရိုးရာဓလေ့များအပေါ် အခြေခံ၍ ရေးသားထားသည်။ ဒီစာအုပ်တွင် အဓိကဇာတ်ကောင်အနေဖြင့် “Red” ခေါ် ဝက်သစ်ချပင်အနီကြီးပါဝင်ပြီး သူကသူ၏ ဘဝဇာတ်ကြောင်းများ ဖြည်းဖြည်းချင်း တစ်ခါတစ်ရံ ပညာရှိသစ်ပင်ကြီး၏ ဟာသပြက်လုံးများ ထည့်သွင်းရေးသားခြင်းများဖြင့် စိတ်ဝင်စားဖွယ်ပြောပြနေဟန် ရေးသားထားပါသည်။ ဒီပုံပြင်လေးတွင် “Red” သည် သူဟာ သူ၏ပတ်ဝန်းကျင်ရှိ များစွာသောလူများ၏ ဘဝများကိုစောင့်ကြပ်ကြည့်ရှုရင်း ထိုများစွာသောသူတို့ မျှော်လင့်ချက်များ၊ ဆုတောင်းများကို သယ်ဆောင်ထားသူအနေဖြင့် ဘယ်လောက်ဝန်ကြီးကြောင်းနှင့် ဂုဏ်ယူကြောင်းကို စိတ်ဝင်စားဖွယ် ပြောပြထားပါသည်။ ဒါ့အပြင် လူတို့မသိနားမလည်သော သစ်ပင်နှင့် တိရိစ္ဆာန်တို့လောက၏ ဓလေ့များ အလေ့အကျင့်များကိုလည်း “Red” ၏သစ်ခေါင်းများတွင်နေထိုင်သော “Red” အခေါ် “အိမ်ငှားများ” မှတစ်ဆင့်လည်း စိတ်ဝင်စားဖွယ် တွေ့ရမှာဖြစ်သည်။

ဒီပုံပြင်လေးတွင် ဘယ်လောက်ကြာအောင် အသက်ရှင်ခဲ့သော သစ်ပင်ကြီးပင်ဖြစ်စေ နောက်ဆုံးအချိန်တွင် ပူပန်မှုများရှိနိုင်ပုံ၊ တိရိစ္ဆာန်များက မျိုးနွယ်မတူသော်လည်း အတူတစ်ကွ နေထိုင်နိုင်ပုံ၊ အရေးကြုံလာသောအခါတွင် ပူးပေါင်းနိုင်ပုံ တို့ကို အားရဖွယ်၊ စိတ်ဝင်စားဖွယ် ရေးသားထားပါသည်။ ထို့အပြင် တစ်ခါတစ်ရံတွင် လူတို့သည် မကောင်းသောအချက်များအပေါ်တွင် အာရုံစိုက်နေမိပြီး ကောင်းသောအရာများ၊ အမှတ်တရများကိုမေ့နေတတ်ပုံနှင့် တစ်ခါတစ်ရံမှာ ဘယ်လိုသေးငယ်သော အပြုအမူလေးကပင် ကန်ရေပြင်မှာ ပဲ့တင်ထပ်သလို လူအများကို လှုံ့ဆော်နိုင်ပြီး စည်းရုံးနိုင်ပုံနှင့် အရေးကြီးသော အမှတ်တရများကို အမှတ်ရစေနိုင်ပုံတို့ကို ပါးနပ်စွာ၊ ဖြင့် သစ်ပင်ကြီးအဖြစ် ရိုးရှင်းစွာ ရေးသားထားပါသည်။

ရွှေသီရိခေတ်

စာရေးသူ - ကတ်သရင်း အတ်ပယ်လ်ဂိတ် (Katherine Applegate)


Related Articles

စာအုပ်သုံးသပ်ချက်
...
ဂုဏ်ရောင်ပြောင်စွာ ရှင်သန်ကျန်ရစ်သူများ
မောင်ဘစီ

နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ မမြင်ချင်လည်း မြင်ရ၊ မကြားချင်လည်း ကြားရ၊ မကြုံချင်လည်း ကြုံနေရသည့် ဆိုးဝါးလွန်းသော အတွေ့အကြုံတွေထဲမှာ ကျွန်တော်တို့ ပြိုလဲမကျသွားဘူးလို့ မဆိုနိုင်။ အခြားသူတွေတော့ မသိ။ က...

စာအုပ်သုံးသပ်ချက်
...
စာမရေးဖြစ်သော စာရေးဆရာများသို့
မောင်ဘစီ

လေးစားအပ်သော မြန်မာစာရေးဆရာတွေ ဘာကြောင့်များ ‘ခေတ်ကို အပြစ်ဆို’ကာ စိတ်ဓာတ်ကျနေကြပါမည်လဲ။ ယစ်ရွှေရည်တွင် ရီဝေ ရီဝေ လုပ်ရင်း လောကကို စိတ်နာနေကြမည်လား။ ဗျစ်ရည် စုပ်ရင်း ကြုံနေရသည့် စနစ်ကို ဆဲရေးတိုင်းထွာ...

စာအုပ်သုံးသပ်ချက်
...
ဂန္ဓီသင်္ချိုင်းမှ ကနေဒီသင်္ချိုင်းအထိ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခြင်း
မောင်ဘစီ

ရူးသွပ်သွားလို့ အနုမြူဗုံးကြဲဖို့ ခလုတ်နှိပ်တော့မယ်ဆိုရင် ခဏရပ်သင့်ပါတယ်။ ဒီလက်ဖက်ခြောက်ထုပ်တွေထဲက လက်ဖက်ရည်တစ်ခွက် သောက်ပါလို့။ ကမ္ဘာပေါ်က လူတွေကတော့ ဗုံးတွေထက် ပေါင်မုန့်သာ လိုချင်တယ်၊ သေခြင်းထက် ရှ...