ရွှေဝတ္ထု

လေယူရာတိမ်း ယိမ်းပါ့မယ်

ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

01 July 2026
လေယူရာတိမ်း ယိမ်းပါ့မယ်
Share to

သဘောကျသည်ဖြစ်စေ၊ သဘောမကျသည်ဖြစ်စေ အခြေအနေ၊ အချိန်အခါအရ တွေ့ကြုံရမယ့် ပြောင်းလဲမှုကို သင် လက်ခံရပေမယ်။ ဘယ်ပညာရှင်မှ ပြောခဲ့တဲ့စကား မဟုတ်ရပါဘူး။

အဟီး... ကျုပ်ကိုယ်ကျုပ် ပြောတဲ့စကားပါ။ နံရံမှာ သေနတ်တစ်လက် ချိတ်ထားတယ် ဆိုပါတော့။

□

ဟေး...ဟေး... ရှေ့မျက်နှာ နောက်ထားလို့ ပြောရမှာပဲ။ ကျုပ်ရင်ထဲက အချစ်ပန်းလေး စတင်ဖူးပွင့်စေတာ ဘယ်သူလဲ သိလား။ ကိုးတန်းအေက ရှင်ဖုန်းညိုဆိုတဲ့ ကောင်မလေးပဲ။

ကျုပ်က ဆယ်တန်းဆိုတော့ ဆယ်တန်းရောက်မှ ပညာရေးလမ်းကြောင်းနဲ့ ယှဉ်ပြီး

အချစ်လမ်းကြောင်း စပေါ်လာတယ် ပြောရမှာပဲ။ စိုင်းထီးဆိုင်ကတော့ နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံလို့ မိန်းမနဲ့ပတ်သက်ရင် အမြဲတမ်း ကံဆိုးနေတယ်တဲ့။ ကျုပ်ကတော့ ပညာရေးလမ်းကြောင်းမှာ ကျွန်းခံတယ်ဆိုရင်လည်း ခံပါစေတော့။ ချစ်မိနေမှကိုး။ အချစ်ပန်း စပွင့်ခဲ့ရတာက ဒီလိုပါ။ ကျုပ်နဲ့ အတန်းတူ ဘော်ဒါ တိုးကြီးရဲ့ ရည်းစား နှင်းဆီပွင့်နဲ့ ရှင်ဖုန်းညိုက အတန်းတူ ဆိုတော့ကာ ကျောင်းမတက်ခင် နေ့လယ်မုန့်စားဆင်းချိန်၊ ညနေ ကျောင်းဆင်းချိန် သူ့ကောင်မလေးနဲ့

ဘာညာ အီစကလီ ပြောဆိုကြည်နူးနေတာတွေ့ပြီး ကျုပ်ရင်ထဲ တစ်မျိုးကြီး ဖြစ်လာတယ်။ နှင်းဆီပွင့်နဲ့အတူ ပါလာတဲ့ ရှင်ဖုန်းညိုကို မြင်ရပါ များလာတော့ ဟေး...ဟေး... ခေတ်ဟောင်းတေး တစ်ပုဒ်ထဲကလို တွေ့ပါမြင်ပါများတော့ ကိုယ့်မှာ ချစ်ကျွမ်းဝင်သွားတယ် ဆိုပါတော့ဗျာ။

            ရင်ထဲတစ်မျိုးကြီးဖြစ်နေတဲ့ ကျုပ်စက်ကွင်းထဲ ရောက်လာတာလေ။ ပထမဦးဆုံး တိုးကြီးကို ဖွင့်ဟဝန်ခံမိတယ်။ ဘော်ဒါ ပီသပါပေရဲ့။ အပြတ်မြှောက်ပေးတယ်။ အဲဒါနဲ့ တစ်လက်စတည်း သူ့ပဲ ဆရာတင်ပြီး ဆရာရယ်... ဘယ်လိုကြံရင် ကောင်းမလဲ မေးတော့ စကားလိုက်ပြောကွာတဲ့။

            ကျုပ်ကို ဘဏ်ဓားပြ တိုက်ခိုင်းတာလေ။ ကျောင်းစိမ်းလုံချည်နဲ့ ကျောင်းဝင်းထဲ ရည်းစားစကားလိုက်ပြောဖို့ မဝံ့ပါဘူး ဆရာရယ်။ အတန်းပိုင်ဆရာမက အပျိုကြီးလည်း အပျိုကြီး၊ အရိုက်ကလည်း ကြမ်းပါဘိနဲ့ကွာလို့ ပြောတော့ အပြင်မှာ လိုက်ပြောကွာတဲ့။

            ကျုပ်ကို ပြည်သူ့စစ်တွေရှိတဲ့ ရွာထဲဝင်စီးခိုင်းတာပဲ။ သူ့အစ်ကိုတွေ အမြဲစောင့်ရှောက်နေတာ သိလျက်နဲ့ မင်း ငါ့ကို ဒုက္ခရောက်အောင် လုပ်တာလားကွာလို့ ငိုပြတော့ တိုးကြီး အတော်စိတ်လေသွားပုံပဲ။

'ကဲ...ကဲ... ရည်းစားစာပဲ ပေးတော့ဟေ့။ နေဦး၊ မင်း မပေးရဲဘူးလို့ ပြောဦးမယ် မဟုတ်လား။ နှင်းဆီပွင့်က တစ်ဆင့် ပေးပေးမယ်။ အဲဒါကြောင့် အမေက ပြောတာ အပေါင်းအသင်း ပေါင်းတာ ကြည့်ပေါင်းတဲ့'

            တိုးကြီးရဲ့ စိတ်ရောကိုယ်ပါ ကူညီမှု သက်ရောက်မှုတိုင်းတွင် ယင်းနှင့် ညီမျှသော တန်ပြန်သက် ရောက်မှု တစ်ခုစီရှိသည်ဆိုတဲ့ ရူပဗေဒဆရာရဲ့ မြှောက်ပေးမှုကြောင့် စာသဝဏ်လွှာပါး ရင်ထဲက အချစ်တွေကို ရှင်ဖုန်းညို သိစေခဲ့တော့တယ်။

            တစ်စောင်၊ နှစ်စောင်နဲ့တော့ ဘာမှမဖြစ်ဘူးဆိုတာ လက်ခံပါတယ်။ ငါးစောင် အထိ ဘာသံမှ မကြားရဘူးဆိုတော့ နျူတန့်နိယာမကို သံသယဝင်လာတယ်။

            ဆရာတိုးကတော့ အားပေးရှာတယ်။

            'ဟေ့ကောင်၊ မိန်းကလေးဆိုတာ ချက်ချင်းတော့ အဖြေဘယ်ပေးပါ့မလဲ။ ငါးစောင်နဲ့ မရ၊ အစောင် ငါးဆယ်ကွာ။ မင်း ပေးသမျှ လက်ခံနေတာပဲ နည်းတဲ့ အခွင့်အရေးလား။ နောက်တစ်ခု လက်သည်ကြီးပဲ အားကိုးမနေနဲ့။ ကိုယ်တိုင်လည်း ညှစ်ပေးဦးကွ'

            ညှစ်ပေးဦးကွဆိုလို့ ညှစ်ပေးခဲ့ပါတယ်။

            ကျောင်းမှာ တွေ့တိုင်း အသနားခံတဲ့ မျက်နှာငယ်လေးနဲ့ နေပြမိခဲ့ပါတယ်။ ကျောင်းပိတ်ရက် ကြုံကြုံသလို မကြုံလည်း အတင်းကြုံအောင် ကြိုးစားပြီး အိမ်ရှေ့က ဖြတ်၊ လာပိုးတယ် ဆိုတာ သိစေခဲ့တော့တယ်။

            ညှစ်ပြီး တစ်လလောက်ကြာတော့ နှင်းဆီပွင့်ကတစ်ဆင့် အသံတွေ ကြားလာရတော့တယ်။

            'ဟိုလူကြီး အိမ်ရှေ့လာ ပတ်တာ လမ်းတွေ ပျက်စီးကုန်ပြီ'

            'အဲဒီလူကြီးကို လမ်းထဲက ကလေးနဲ့ခွေးတွေတောင် မှတ်မိနေပြီ'

            တိုးကြီးလင်းတစုတ်က ရယ်တယ်။ ဒင်းက ရယ်နိုင်မှာပေါ့။ ဒင်းက ခံမှ မခံစားရတာ။ ကျုပ်မှာသာ အပျက်ပျက်နဲ့ အသည်းနုနုလေး ကွဲရချေတော့မယ်။ အရေးမပါတာ။ မင်းကုသ ထုံးတို့၊ မင်းကုသ ကွမ်းသီး တို့နဲ့ ဥပမာပေး ကျုပ်ကို တရားချတယ်။ မရဘူး၊ ခံစားရတာက ခံစားရတာပဲ။ တကယ်ဆိုဗျာ... မချစ်တာတောင်မှ ခုလို ပိုးစိုးပက်စက် မပြောသင့်ပါဘူး။

□

            ဆယ်တန်းကို ဒီသုံးလုံးနဲ့ အောင်တော့ ကျုပ်ဟာ ခေသူ မဟုတ်ဘူးဆိုတာ မြို့ကလေးက လူတွေ သိသွားကြတယ်။ ဒါတောင် ပညာရေးလမ်းကြောင်းမှာ အချစ်လမ်းကြောင်း ဝင်ပူးလိုက်လို့။ တိုးကြီးကတော့ အေနဲ့ပဲ ရိုးရိုးအောင်ခဲ့တယ်။

            ရှင်ဖုန်းညိုဆီက အသံတွေ ကြားလာရတယ်။

            'ဒီလူက ဘယ်ဆိုးလို့လဲ'

            'ရည်းစားစာပဲ ရေးနေတဲ့ ဒီလူ့ကို ရှင်ဖုန်း အောင်မယ်တောင် မထင်ဘူး'တဲ့။

            တိုးကြီးက အရင်ကထက်စာရင် အခြေအနေ ကောင်းလာပြီ၊ စိတ်မလျှော့နဲ့။ မင်းလည်း အစွမ်းကုန်ရေး၊ တို့လည်း အစွမ်းကုန် လှော်ပေးမယ်' အားပေးရှာတယ်။

            မလျှော့သေးဘူး။ အချစ်ဦးမို့ ရူးတောင် မေ့လို့ရမှာမှ မဟုတ်တာ။

            အဖြူအမည်း မသိတာ တစ်ခုပဲ ဆိုးတယ်။ နှင်းဆီပွင့်နဲ့ ပေးသမျှစာတွေ လက်ခံနေတာကိုပဲ ကျုပ် ကျေနပ်နေရတော့တယ်။

            အားလုံး ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်နေကြရတော့တယ်။ ကျုပ် စီးပွားရေး တက္ကသိုလ်လျှောက်တာရတယ်။ တိုးကြီးကတော့ သူ့အဖေရဲ့ စီးပွားရေးအလုပ်ထဲ ဝင်သွားတော့တယ်။

            ရှေ့တစ်ပတ်ဆို ကျောင်းဖွင့်တော့မှာမို့ မြို့ကလေးနဲ့ ခွဲရတော့မယ်။ ရှင်ဖုန်းညိုနဲ့ ဝေးရာအရပ်ဆီ သွားရတော့မယ်။ မြို့ကလေးကိုပဲ လွမ်းသလိုလို၊ မြို့သူကလေးကိုပဲ လွမ်းသလိုလို လွမ်းချက် စိုးရိမ်ရေမှတ် ရောက်ခဲ့ရတော့တယ်။

            မသွားခင် တစ်ရက် ရင်ထဲက ခံစားရတာတွေ အားလုံး စာအိတ်ထဲ ထည့်ပြီး စိတ်လျှော့လိုက်မိတယ်။ ပထမဦးဆုံးနဲ့ နောက်ဆုံး အချစ်ဆိုတာတော့ ရှင်ဖုန်းညို ရင်ထဲစွဲနေအောင် ကြိုးစား ပြောခဲ့မိတော့တယ်။

□

            သင်္ဘောဆိပ်ကို တိုးကြီးနဲ့ ကျောင်းတော်သား ဘော်ဒါတွေ လိုက်ပို့ကြတယ်။ အားလုံး ဝမ်းသာပျော်ရွှင်နေပေမယ့် ကျုပ်ရင်ထဲ မပျော်နိုင်ဘူးဆိုတာ တိုးကြီး တစ်ယောက်ကတော့ သိမှာပါ။ သင်္ဘောထွက်ခါနီး နှင်းဆီပွင့်နဲ့ ကျုပ် လုံးဝ မျှော်လင့်မထားဘဲ ကောင်မလေးတစ်ယောက် အပြေး အလွှား ရောက်လာကြတယ်။

            ကျုပ်ဆီက အပျော်တွေ ထပ်တူ ခံစားလိုက်ရလို့ထင်၊ အိမ်ပြန်တော့မယ့် လိမ္မော်ရောင် နေလုံးကြီးဟာ တိမ်တိုက်ကြားက ပြုံးပြီး ကြည့်နေလေရဲ့။

            ရင်ထဲက အပျော်လှိုင်းတွေ ဆိပ်ခံဘောက တစ်ဆင့် ကူးစက်သွားလေရော့ထင်။ စောစောက ဣန္ဒြေရ ငြိမ်သက်နေတဲ့ မြစ်ရေပြင်ဟာ လှိုင်းကြက်ခွပ်တွေနဲ့ ကဲချင်တိုင်း ကဲနေကြတော့တယ်။

            တိုးကြီးနဲ့ အပေါင်းပါ ဘော်ဒါတွေဟာလည်း သာယာလှပတဲ့ ညနေခင်း ပြကွက်တစ်ခုမှာ နစ်ဝင်ခံစား စီးမျောနေကြတော့တယ်။

            'ကိုရန်ကြီးအောင်အတွက် ရှင်ဖုန်းရဲ့ လက်ဆောင်ပါ'ဆိုပြီး အထုပ် တစ်ထုပ်ပေးတော့ ကျုပ် ဝမ်းသာအံ့သြမှုဟာ အတိုင်းအဆမဲ့ ဖြစ်ရလေပြီ။

            သင်္ဘောထွက်ခွာဖို့ အချက်ပေး ဥသြသံရှည်ဟာ တိုးကြီးနဲ့ အပေါင်းပါတစ်စုရဲ့ 'ဟေး' ဆိုတဲ့ အော်သံရှည်ကြီးအောက်မှာ သိမ်ငယ်သွား ရရှာတော့တယ်။

            ကျုပ်အသက်နဲ့ ခန္ဓာကိုယ် တည်မြဲနေသမျှ မေ့ပျောက်လို့ မရနိုင်တဲ့ မှာတမ်းတော်တစ်ခုရှိတယ်။ အဲဒါ ဘာလဲဆိုတော့ သင်္ဘောဆိပ်ကမ်းက စခွာတော့ လက်ကလေး ဝှေ့ယမ်းပြီးပြောလိုက်တဲ့ ရှင်ဖုန်းညိုရဲ့ မှာတမ်းတော်ပါ။

            'ကိုရန်ကြီးအောင် စာကြိုးစားနော်' တဲ့။

□

            စီးပွားရေး တက္ကသိုလ် ပထမနှစ် ကျောင်းတော်သား အီဖေကိုလေ နှစ်တစ်ဝက်လောက်မှာ ကောင်းကင်က ဓူဝံကြယ်ကို ဆွတ်ခူးနိုင်ခဲ့တယ်။

            ကျုပ်ဆီ မြို့ကလေးရဲ့ စာတိုက်တံဆိပ်နဲ့ စာတစ်စောင် ရောက်လာတယ်။ မထင်မှတ်တာတွေ ဖန်တီးနိုင်စွမ်း ရှိတဲ့အထဲမှာ ကျုပ်ရည်းစား ပူပူနွေးနွေးလေးလည်းပါတယ်၊ အဟီး...။

            ရူးမတတ် မျှော်လင့်မိပေမယ့် မမျှော်လင့်ရဲဖြစ်ခဲ့ရတဲ့ ရှင်ဖုန်းညိုဆီက အဖြေစကား ကျုပ် ပိုင်ဆိုင်ခဲ့ရပြီ။

            တစ်ဆောင်လုံး သိအောင် လက်ဖက်ရည်ဆိုင် ခေါ်ပြီးကြွားပလိုက်တယ်။ လုပ်မှမလုပ်ရင် ဟိုဂေါ်မစွံ ပုဂ္ဂိုလ်တွေကြား အုတ်ရောရော၊ ကျောက်ရောရော အထင်သေးမခံနိုင်ပါဘူး။

            အိမ်က သိရင် မိုးမီးလောင်မှာ စိုးတာရယ်၊ ပညာရေးမှာ အနှောင့်အယှက်ဖြစ်မှာ စိုးတာရယ်ကြောင့် ကျုပ်ကို ခုမှ အဖြေပေးခဲ့တာလေ။ နောက်ပြောသေးတယ်။

            'ရှင်ဖုန်းလည်း စာကြိုး စားနေပါတယ် ကိုရန်။ ရှင်ဖုန်း ဆယ်တန်းအောင်ရင် စီးပွားရေး တက္ကသိုလ် လျှောက်မယ်။ ဒါမှ ကိုရန်နဲ့ အတူ...'

            ကျန်တာကိုတော့ ပိတ်ကားပေါ်မှာ ဆက်ကြည့်ပါဗျာ။

            ဟေး...ဟေး... ကိုရန် ကိုရန်နဲ့ မကြာမီ ကိုယ်ရံတော် တပ်မှူးလေးဖြစ်တော့မယ့် အောင်အတိတ် တဘောင် နိမိတ်လေလားမသိ။

□

            စီးပွားရေး တက္ကသိုလ်နယ်မြေ ကျဉ်းလိုက်တာ လွန်ပါရော။ ရန်ကုန်တက္ကသိုလ် နယ်မြေ ကျဉ်းသေးတယ်။ အားမရဘူး။ မြို့တော်ရန်ကုန် ဒေသတစ်ခုလုံး အင်း... မဆိုးဘူး ပြောရမှာပဲ။

            ကိုကိုရေ... ဘုရား သွားရအောင်ဆို အိုကေ အချစ်လေး။

            အချစ်လေးရေ... ရုပ်ရှင်သွားကြည့်ရအောင်ဆို အိုကေ ကိုကို။ သူ အိုကေ၊ ကျုပ်အိုကေနဲ့ တက္ကသိုလ် ကျောင်းတော်သူ၊ ကျောင်းတော်သားဘဝ ပူပူနွေးနွေး သမီးရည်းစားစုံတွဲ ရွက်လွှင့်တာများ ကမ်းမမြင် လမ်းမမြင်။

            ဘာဖြစ်သေးလဲ၊ အရိုက်သန်တဲ့ ဆရာမ အပျိုကြီး မရှိဘူး။ ရှင်ဖုန်းကို မျက်စိဒေါက်ထောက် စောင့်ရှောက်နေတဲ့ အစ်ကိုလူဆိုးတွေ မကြောက်ဘူး။ သူတို့စက်ကွင်း ကျဉ်းလှတယ်။

            ဂလိုနဲ့ တစ်နှစ်တစ်တန်း မှန်မှန်အောင်လာတာ စိတ်မကောင်းဖြစ်လို့ မဆုံးတော့။

□

            မြို့ကလေးရဲ့ ကမ်းနား အအေးဆိုင်မှာ တိုးကြီးက အကြံပေးတယ်။

            'စိတ်ကြည်ကြည်သာသာ ရှိနေချိန် ပြောစရာရှိတာ၊ လိုချင်တာပြော' တဲ့။

            နှင်းဆီပွင့်က ပြုံးရင်း တိုးကြီးကို မျက်စောင်း တစ်ချက်ပစ်လိုက်တယ်။ ရှင်ဖုန်းညိုက ရယ်တယ်။ အဲဒီညပဲ ထမင်းစားသောက်ပြီးလို့ အေးအေးဆေးဆေး စကားပြောဆို ရယ်မောနေတဲ့ အဖေနဲ့အမေနား ကျုပ်အသာ ကပ်သွားမိတယ်။

            'အမေ... မိဘဝတ္တရား ငါးပါးဆိုတာ ဘာလဲဟင်'

            အမေ ကျောင်းဆရာမကြီး သားတော်မောင် ကျုပ်ကို အေဒီယမ်သတ္တဝါတစ်ကောင်ကို မြင်လိုက်ရလို့ လန့်သွားတဲ့ပုံနဲ့ လှည့်ကြည့်တယ်။

            အဖေ တရားသူကြီး မျက်မှန်ဘောင်ကိုကျော်ပြီး ကျုပ်ကို တရားခံကြည့်ကြည့်တယ်။ နောက် ပါးစပ်ထဲ လက်ညှိုးထိုးပြရင်း...

            'ဟေ့ကောင်... ရန်ကြီးအောင်၊ ဒီမှာတွေ့လား အံတိုနေပြီ။ ဘာလဲ... ဘွဲ့ရပြီးတာနဲ့ မိန်းမလိုချင်နေပြီ ဆိုပါတော့'

            အမေက ရယ်ရင်းမေးတယ်။

            'သားမှာ ချစ်သူရည်း စားရှိလို့လား။ ဒါမှမဟုတ် အမေတို့က ရှာပေးရမှာလား'

            'အမေတို့ ရှာရတာ ပင်ပန်းမှာစိုးလို့ သားဘာသာ သား ရှာထားပါတယ် အမေ'

            'အေးကွာ၊ ကျေးဇူးပဲ' အဖေက ကျုပ်ကို လေပြည်အေးနဲ့ ဝင်ထေ့တယ်။

            'ဘယ်သူလဲ၊ ဘယ်ကလဲ သားရဲ့'

            'ဟေ့...ဟေ့... မယ်သဇင်၊ မင်းကွာ... အလွယ်တကူပဲ ပေးစားတော့မလို့လား။ ဘွဲ့ရပြီး မိဘကို လုပ်ကျွေးဖို့ စိတ်မကူးဘူး။ မိန်းမကို လုပ်ကျွေးမယ့်ကောင်။ မွေးရတာ ဝမ်းရေးစပ်တယ် ဘာညာ မပြောတော့ဘူးလား'

            'ပြောလည်းရမှာမှ မဟုတ်တာ။ တော့်သားက လိုချင်တာရှိရင် တော့်လိုပဲ။ ဇွတ်တရွတ်ဆိုတာ သိရဲ့သားနဲ့'

            ဟေး...ဟေး... အဖေ တော့ သူ့အချိုးနဲ့သူ ပြန်ထိသွားပြီ။

            'ဟေ့... ငါ့ကို ခလုတ် မတိုက်နဲ့။ မင်းသဘော မင်းသဘော'

            'ကဲ... သား၊ သားချစ်သူ ဘယ်သူလဲ'

            'မြောက်ပိုင်းက ဆန်စက်ပိုင်ရှင် ဦးမောင်ညိုရဲ့ သမီး ရှင်ဖုန်းညိုပါ အမေ'

            ကျုပ်ရင်ကော့ပြီး ဖြေလိုက်တော့ အဖေက 'ဟေ' တဲ့။ အမေက 'ဟင်'တဲ့။

            ဘုရား... ဘုရား... သူတို့ သဘောမတူတဲ့သူများလား။

            'မင်းနဲ့ကြိုက်တာ သေချာလို့လား။ မင်းက ကြိုက်နေတာ မဟုတ်လား။ ဟုတ်မှလည်း လုပ်ပါကွာ။ လူကြီးတွေမျက်နှာ အိုးမဲ သုတ်မလို့လား'

            'အဖေကလည်း သားဆို အရမ်းလျှော့တွက်တာပဲ။ ပိုင်ပါတယ် အဖေရ။ အဖေ့ သားပဲဟာ။

            ဟေ့ကောင်... တော် တော်၊ ငါ့ဆွဲမထည့်နဲ့။ မယ်သဇင်... ဒီကိစ္စ ငါမပါဘူး။ ငါတော့ ရင်လေးတယ်။ မင်းဘာသာမင်း ဆက်ကပေတော့'

            'သားရယ်၊ ကလေးမလေးက ဖြူဖြူချောချောနဲ့ လိမ္မာယဉ်ကျေးပြီး ဗိုင်းကောင်းကျောက်ဖိ'

            'အဲဒါကြောင့်မို့လည်း သားက ချစ်ရတာပေါ့ အမေရယ်'

            ကျုပ်ပြောတာ ဘာမှားသွားလို့လဲမသိ။ စောစောက ဒီကိစ္စ ငါမပါဘူးဆိုတဲ့ အဖေ ကျုပ်ကို ဘုကြည့် တစ်ကြည့် လှမ်းပေးလိုက်တယ်။

            နောက်ဆုံးတော့ မိဘဝတ္တရား ငါးပါးထဲက ထိမ်းမြားခြင်းလျှင်ဆိုတဲ့ နောက်ဆုံးဟာကြီး မလုပ်ပေးဘဲ နေလို့မရတော့။

            ရပ်ဆွေရပ်မျိုး မိဘရဲ့ မျက်နှာကြောင့် ငြင်းရခက်တာက တစ်ကြောင်း၊ လိမ္မာရေးခြားရှိတဲ့ သူငယ်လေးဆိုတာ မြို့လေးက စိတ်ချလက်ချ သိနေတာကတစ်ကြောင်း၊ သမီးလိမ္မာလေးရဲ့ဆန္ဒကို လိုက်လျောတာက တစ်ကြောင်း အကြောင်းသုံး ကြောင်းကြောင့် ထိမ်းမြားခြင်းဆိုတဲ့ အကျိုးတရားဖြစ် ပေါ်လာရတော့သတည်း။ ကောင်းလေစွ... ကောင်းလေစွ။

            အဲ... မကောင်းတာ တစ်ခုရှိတယ်။ မညီတဲ့ကြိုး တစ်ချောင်း။

            ကျုပ် ဘိသိက်ဆရာ ဆရာသြကို သွားပင့်ရင်း မညီတဲ့ကြိုးတစ်ချောင်း ညှိပေးဖို့ တိုးတိုးတိတ်တိတ် မေတ္တာရပ်ခံမိတယ်။

            'ဆရာရယ်၊ အဟီး... ကျွန်တော်က အသားမည်းမည်း၊ သတို့သမီးက အသား ဖြူဖြူဆိုတော့ ဟိုနေနဲ့လ၊ ရွှေနဲ့မြ အပိုဒ်လေးကို မဆိုဘဲ မသိမသာလေး ချန်ထားပေးခဲ့ပါလားဟင်။ သူများတွေ စိတ်ထဲက ပြုံးနေမှာ ဆရာရဲ့'

            ညှိမရတဲ့အပြင် စိတ်ဆိုးတာ၊ စိတ်ဆိုးတာလေ။

            'ကျုပ် ခေတ်အဆက်ဆက် ဘိသိက်ဆရာလုပ်လာတာ။ မင်းကျမှပဲ ဈေးဆစ်ခံရတော့တယ်။ ဘာမှနားမလည်ဘဲနဲ့ ဒီအပိုဒ်က ဘိသိက်တစ်ခုလုံးရဲ့ အခရာကွ။ ဒါဖြုတ်လိုက်မှတော့ မင်းဘိသိက်မြှောက်မနေနဲ့တော့။ ငါ့လခွေး ဘယ်လိုကောင်နဲ့ လာတွေ့နေတယ် မသိပါဘူး'

            မြို့လေးဝန်းကျင်မှာလည်း ဆရာသြမှတစ်ပါး အခြားမရှိပြီဆိုတော့...

            'ဆရာ့စိတ်တိုင်းကျ ဆိုချင်သလိုသာ ဆိုပါတော့ ဆရာရယ်'လို့ မနည်းချော့မော့ တောင်းပန်ပြီး ပြန်ပြေး ခဲ့ရတော့တယ်။

            အဲဒီအချက်ကလေး တစ်ခုကလွဲရင် မြို့ကလေးရဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာ ပွဲကြီးတစ်ခုဟာ အောင်မြင် ချောမောစွာနဲ့ ပြီးဆုံးခဲ့ရတော့တယ်။

□

            'မောင်'

            'ဗျာ...ဗျာ့'

            'ပင်လယ်ကြီးက ဘာလို့ ပြာနေရတာလဲ မောင်'

            'နေနဲ့လ၊ ရွှေနဲ့မြ၊ စိန်နဲ့ ပလက်တီနမ် မောင်နဲ့ဟောဒီက အချစ်လေးတို့ လိုက်ဖက်ညီသလို အပြာရောင်ကောင်း ကင်ကြီးနဲ့ လိုက်ဖက်ညီအောင် ပင်လယ်ကြီး ပြာနေရတာပေါ့ကွယ်'

            'အလဲ့... ခစ်...ခစ် ခစ်... မောင်က မှတ်ဉာဏ် အရမ်းကောင်းတာပဲ။ ဘိသိက်ဆရာကြီးရဲ့ စကားတွေ မှတ်မိနေတယ်။ မမေ့ဘူးနော်'

            'မေ့လို့မှ မရတာ။ အဲ... အဲ... ဆရာကြီးက အပြောကောင်းတော့ နားထဲ စွဲနေတာပေါ့။ ဟီး...ဟီး... ဟီး'

            မင်္ဂလာဆောင်ပြီး ကျုပ်တို့ ချောင်းသာကို ပျားရည်ဆမ်း ထွက်လာကြတာလေ။ ညနေခင်း ပင်လယ်ကမ်းစပ် သဲသောင်ပြင်ပေါ်မှာ ပလီပလာ တီတီတာတာတွေဆိုရင်း တစ်လောကလုံးမှာ မောင်နဲ့အချစ်လေး နှစ်ယောက်တည်း။

            ပြန်တော့မယ့် လိမ္မော်ရောင် နေလုံးကြီးက အကြည့်ရှက်လေရော့ထင်။ ပင်လယ်ရေအောက် အမြန်ငုံ့ဝင်နေလေရဲ့။ အပြာရောင် ပင်လယ်ပြင်ထက်က လေပြည်လေညင်းလေးတွေလည်း အကြားရှက်လေရော့ထင်။ ငြိမ်သက်လို့ အဝေးမှာ ပုန်းအောင်း နေလေရော့တယ်။

□

            အစိမ်းနုရောင် အရွယ်တွေ တဖြည်းဖြည်း အရောင်ရင့်ခဲ့ရလေပြီ။ ဆယ်စုနှစ် တစ်ခုအတွင်းမှာ ကျောခိုင်း နောက်ဆုတ်ပြန်သွားတဲ့ ဧည့်သည်တွေလည်း မစဲ။ အားစမ်းရင်ဆိုင်ဖို့ အသစ်ရောက် လာကြတဲ့ ဧည့်သည်တွေလည်း တဖွဲဖွဲ။

            ရှင်ဖုန်းညိုအမေ ဆုံးသွားပြီး ကျုပ်တို့မှာ သားတစ်ယောက်နဲ့ သမီးလေး တစ်ယောက် မွေးဖွားခဲ့လေတယ်။

            ရှင်ဖုန်းညို အစ်ကိုကြီးက အိမ်ထောင်ကျ၊ ရန်ကုန်မှာ အခြေချပြီး အစ်ကိုငယ်ကတော့ သင်္ဘောတက်သွားလေရဲ့၊ ဆန်စက်ကို ရှင်ဖုန်းညိုအဖေနဲ့ကျုပ် ဦးစီးလည်ပတ်ခဲ့ပြီး ရှင်ဖုန်းညိုကတော့ ကလေးနှစ်ယောက်၊ အိမ်အလုပ်တွေနဲ့ ပတ်ချာလည်နေတော့တယ်။

            ကျုပ်လည်း ရှင်ဖုန်းညိုရဲ့ ပတ်ချာလည်စက်ဝိုင်းထဲ တတ်နိုင်သရွေ့ ဝင်ထမ်းခဲ့ရ ပေတယ်။

            'ယောကျ်ားရေ၊ ညနေအပြန် သမီးလေး ကျောင်းဆင်း ဝင်ခေါ်ခဲ့ပါဦးနော်။ ရှင်ဖုန်း ဈေးပြေးလိုက်ချင်လို့'

            'အစ်ကိုရေ၊ နှင်းဆီပွင့်ဆီမှာ ရှင်ဖုန်းမှာထားတဲ့ ပါတိတ်တွေ ရောက်နေပြီတဲ့။ အဲဒါ ဝင်ယူခဲ့ပေးပါနော်'

            'ယောကျ်ားရေ၊ အဖေ့ အတွက် ထမင်းချိုင့် စားပွဲပေါ်မှာ တင်ထားတယ်။ မေ့နေဦးမယ်နော်'

            နေ့တစ်နေ့ရဲ့ မှာတမ်းတော်မျိုးစုံကို ဝင်ထမ်းခဲ့တာလေ။ ရှင်သန်မှုအတွက် နေရောင်ခြည်ကို မျှော်လင့်နေတဲ့ သစ်ရွက်တို့ရဲ့ နံနက်ခင်းများစွာ အဆင့်ဆင့်အရောင်ပြောင်းခဲ့ပြီး မြေခခဲ့ရတဲ့ သစ်ရွက်အိုတို့ရဲ့ ရွက်ကြွေချိန်များစွာကို မောင်တစ်ထမ်း မယ်တစ်ရွက် ဖြတ်ကျော်ခဲ့ကြရတော့တယ်။

□

            အစိမ်းရင့်ရောင် အရွယ်မှ အဝါရောင်ကူးပြောင်းခဲ့ရလေပြီ။ မနက်ဖြန်ဆို သမီးငယ် တက္ကသိုလ်မြေခိုဝင်နားဖို့ မြို့ကလေးက ခွာရပေတော့မယ်။ ကျုပ်တို့ ခြေရာနင်းမယ့် သားကြီးကတော့ စီးပွားရေးတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားကြီး ဖြစ်နေပေပြီ။

            သမီးငယ်နဲ့အတူ တိုးကြီး၊ နှင်းဆီပွင့်တို့ရဲ့ သမီးငယ်လည်း ပညာရေး တက္ကသိုလ် ဝင်ခဲ့ရခဲ့ကြတယ်ဆိုတော့...

            'ကလင်...ကလင်... ကလင်'

            ဖုန်းသံကြောင့် ကျုပ် လှည့်ကြည့်မိလိုက်လေတယ်။ သမီးငယ်က ခရီးဆောင် သေတ္တာကြီးထဲ အဝတ်အစားတွေ ထည့်နေပြီး ရှင်မယ်ညို မီးပူတိုက်နေရာက ဖုန်းကောက်ကိုင်တာ တွေ့လိုက်ရတယ်။

            'ဟယ်လို နှင်းဆီလား၊ ဆို... ဘာဖြစ်ရပြန်တာတုံး'

            'အေးဟယ်၊ ပြင်တုန်း ဆင်တုန်း၊ ထည့်တုန်းပဲဟေ့'

            ရှင်ကလည်းလေ သိပ်နားပူတာပဲ။ ကျုပ်လည်း လိုက်ချင်တာပေါ့။ ဒါပေမယ့် ဆန်စက်က ခုအချိန် အလုပ်တွေ အရမ်းများတာ။ အဖေ ကလည်း အသက်ကြီးလာတော့ စက်ထဲ အမြဲမသွားနိုင်ဘူး။ သမီးတို့အဖေပဲ သွားနေရတာ ခု သူ မရှိတော့ ကျုပ်သွားရမှာ။ နောက် အဖေ စားရေး၊ သောက်ရေး ကလည်း ရှိသေး။ နောက် အခေါက်တွေ ရှိပါသေးတယ် ဟယ်'

            'အမယ်လေး...လေး ကျုပ်က ဘယ်မှသွားတတ်တာ မဟုတ်ဘူး။ ရှင် ဘာမှ မပူနဲ့။ သမီးတို့အဖေ တစ်ယောက်လုံး ပါတဲ့ဟာ။ သွားချင်တဲ့နေရာ သူလိုက်ပို့လိမ့်မယ်။ ရန်ကုန်မြေပုံဆွဲတုန်းက သမီးတို့အဖေလည်း ပါတယ်လေ။ သူက ရန်ကုန်ဂျပိုးရှင့်'

            ရှင်မယ်ညိုကတော့ လုပ်ထည့်လိုက်ပြန်ပါပြီ။ ကျုပ်ကိုများ ရန်ကုန်ဂျပိုးတဲ့။

□

            အဝါရောင်အရွယ်မှ အနီရောင် သမ်းခဲ့ရလေပြီ။

            'ကဲ... လာစမ်းပါဦး ကိုအဝှာရေ။ နှင်းဆီတို့ လင်မယား လာသွားကြတယ်။ ချောင်းသာသွားဖို့ အတင်းခေါ်နေတယ်လေ။ အဲဒါ ကျုပ်ကလည်း ငြင်းရခက်တာနဲ့ အိမ်က လူပြန်လာမှ မေးကြည့်ဦးမယ်လို့ ပြောလိုက်တယ်'

            'ဟေ... ဟုတ်လား။ အေးကွာ၊ သူတို့က လိုက်စေချင်လို့ ခေါ်တာဆိုတော့ ငြင်းရခက်သား'

            'တော်ကပါ လိုက်ချင်နေတယ် မဟုတ်လား'

            'မဟုတ်ရပါဘူး ရှင်မယ်ညိုရယ်။ တိုးကြီးတို့၊ နှင်းဆီတို့ဆိုတာ တို့ရဲ့ငယ်ပေါင်း သူငယ်ချင်းဆိုလည်း ဟုတ်၊ ကျေးဇူးရှင်ဆိုလည်း မမှားပေဘူး။ အဲဒါကြောင့်မို့ပါ။ နောက်ပြီး အိမ်ထောင် ကျပြီးကတည်းက အလုပ်ထဲမှာပဲ နစ်မြုပ်နေခဲ့ရတာ ခု သားကြီးက စက်ကို ဦးစီးနိုင်ပြီဆိုတော့ အပန်းဖြေ အနားယူသွားသင့်တာပေါ့ကွာ'

            'ဒါဆိုလည်း အဖေကြီး ရယ်၊ တခြားနေရာ သွားရောပေါ့။ ပင်လယ်ဆိုတော့ ကျုပ်တို့ အသက်အရွယ်နဲ့ မသင့်တော်ဘူး ထင်တယ်'

            'အပျော်သွားတာမှ မဟုတ်တာ ရှင်မယ်ညိုရယ်။ အပန်းဖြေ အနားယူဖို့ သွားတာပဲဟာ။ အဲ... ဒုတိယအကြိမ် ဟန်းနီးမွန်းပေါ့ မိန်းမရယ်။ ဟေး...ဟေး...ဟေး'

            'အဖေကြီး ကလေးကလား၊ နားရှက်စရာတွေ ပြောမနေနဲ့။ သွားချင်ရင်လည်း သွား၊ သဘောပဲတော်ရေ့'

            ဟေး...ဟေး ပင်လယ် သွားဇာတ်လမ်းကို ကျုပ် ဖန်တီးခဲ့တယ် ဆိုတာရယ်။ လာ ယ့် တနင်္ဂနွေနေ့ဟာ ကျုပ်တို့ရဲ့ မင်္ဂလာသက်တမ်း နှစ်ဆယ့်ငါးနှစ်မြောက် ငွေရတု မင်္ဂလာနေ့ရက်ဆိုတာ ရယ်ကို အပြာရောင်ပင်လယ်ကမ်းစပ်မှာထိုင်၊ အပြာရောင် မိုးကောင်းကင်ကြီးကို ကြည့်ပြီး ရှင်မယ်ညိုကို ပြောပြရပေဦးမယ်။

            အဲဒီအခါ ရှင်မယ်ညို ကျုပ်ကို မျက်စောင်းထိုးပြီး...

            'အဖေကြီး၊ ရှင် တော်တော် ဉာဏ်များပါလား'လို့ ပြောလေရော့မယ်ထင်။

□

            'ရှင်ဖုန်းရေ... ရှင်ဖုန်း'

            'ရှင်... လာပြီ ဒေါ်လေးရေ... လာပြီ။ ဘာကိစ္စများ ရှိလို့လဲ ဒေါ်လေး'

            'အေးကွယ်၊ အားနာစရာ။ မနေ့က ကိုရန်ကြီးအောင်ကို ဒေါ်လေး ဆေးမှာလိုက်တာ ရလားမသိဘူး။ အဲဒါ...'

            'ခဏလေးနော် ဒေါ်လေး။ ကျွန်မအိမ်သားကို တစ်ချက်မေးကြည့်လိုက်ဦးမယ်။ အပေါ်ထပ်မှာ စာဖတ်နေလား မသိဘူး။ ကိုအဝှာ ရေ၊ ဘာလုပ်နေလဲ။ ဒီမှာ ဒေါ်လေးရောက်နေတယ်။ ဆေးမှာလိုက်တာ ဝယ်ခဲ့လားတဲ့'

            ဘေးအိမ်က ဒေါ်လေးသန်းနဲ့ ရှင်မယ်ညိုတို့ စကားပြောသံကြားလို့ စာဖတ်နေရာက ကျုပ်အောက်ထပ်ကို ဆင်းခဲ့တယ်လေ။

            'လာပြီဟေ့၊ လာပြီ။ ဒေါ်လေးရယ်... ဆေးဝယ်လာပြီး ပေးဖို့မေ့နေတာ။ တောင်းပန်ပါတယ်'

            'အဲဒီလိုပဲ ဒေါ်လေးရေ၊ အိမ်ကလူလည်း အသက်ကြီးလာတော့ မေ့တတ်တာလေ'

            'အေးကွယ်၊ ဒီလိုပါပဲ။ ဒေါ်လေးဆို ပိုဆိုးတော့မပေါ့။ ဝယ်လာပေးဖော်ရတာပဲ ကျေးဇူးကြီးလှပါပြီကွယ်'

            'ကိစ္စမရှိပါဘူး ဒေါ်လေးရယ်။ ဘာမှ အပန်းကြီးတာမှ မဟုတ်တာ။ နောက်လိုတာရှိလည်း မှာပါ။ အဲဒီဆေးဆိုင်က ဆရာဝန်က အိမ်ကလူရဲ့ သူငယ်ချင်းလေ။ ဈေးမှန်နဲ့ ရတာပေါ့'

            'အေးကွယ်၊ ကျေးဇူးပါပဲ။ ဒါနဲ့ မြေးလေးတွေလည်း မမြင်ပါလား။ ဘယ်သွားကြတုံး'

            'အကြီးမလေးကတော့ သူ့အဒေါ်နဲ့ အလှပြင်ဆိုင်ဆိုလား။ အငယ်လေးကတော့ သူ့အဖေ၊ အမေနဲ့ ဈေးလိုက်သွားတယ် ဒေါ်လေး'

            'အေးကွယ်၊ ပြန်လာရင် အိမ်ဘက်လွှတ်လိုက်ပါဦးနော်'

            'ဟုတ်ကဲ့ပါ ဒေါ်လေး'

□

            အနီရောင် အရွယ်တွေ နီညိုရောင် ပြောင်းခဲ့ပေပြီ။

            ဦးစီးခဲ့တဲ့ မာလိန်မှူးတွေသာ တစ်ဦးပြီးတစ်ဦး ပြောင်းသွားခဲ့ပေမယ့် ကြံတိုင်းအောင် ဆန်စက်ကြီးကတော့ သခင့်အလိုကျ တဂျုံးဂျုံး အသံပေးပြေးလွှား နေလေရဲ့။ 

            ဆန်စက်ကြီးရဲ့ လက်ရှိ မာလိန်မှူးကတော့ ကျုပ်တို့ရဲ့ သားတော်မောင် ဘွဲ့ရပြီးကတည်းက ကျုပ်လိုပဲ တဂျုံးဂျုံး သံစဉ်ကြမ်းကြီးတွေနဲ့ ပျော်မွေ့နေတာလေ။ သမီးငယ်ကတော့ ဆရာမ ဆိုတဲ့ ဂုဏ်ယူကြည်နူးစရာ ဘဝမှာ ပျော်မွေ့ရင်း မြို့ကလေးရဲ့ ကျေးဇူးကို ပြန်ဆပ်နေတော့တယ်။

            ကျုပ်နဲ့ ရှင်မယ်ညိုကတော့ နီညိုရောင်အရွယ် ရင့်ခဲ့ပြီမို့ အပြန်ခရီးမှာ ပါသွားရလေအောင် ဘုရားသွား၊ ကျောင်းတက်ရင်း...

            ရာသီတွေပြောင်း၊ နှစ်တွေပြောင်း၊ ဆယ်စုနှစ်တွေ ပြောင်းခဲ့သလို ပြောင်းလဲခဲ့တဲ့ ရှင်မယ်ညိုရဲ့အသံတွေ ကြားယောင်မိပြီး ကျုပ် ပြုံးလိုက်မိတယ်။

            'ဒီလူကြီးကို လမ်းထဲက ကလေးနဲ့ ခွေးတွေတောင် မှတ်မိနေပြီ'

            ဟေး...ဟေး ဟိုလူကြီး၊ ဒီလူကြီးက စခဲ့တာလေ။ သာယာနာပျော်ဖွယ်သံ။ ကိုကို၊ မောင်၊ အစ်ကို ဆိုတာလည်း ပါလေရဲ့။ ဟေး...ဟေး ခုတော့ဗျာ။

            'အဘိုးကြီး တရား စာအုပ်ကိုင်ပြီး တစ်ယောက်တည်း ဘာတွေပြုံးနေတာလဲ။ ထမင်းစားဖို့ အဆင်သင့် ဖြစ်နေပြီ။ ရေသွားချိုးတော့လေ'

            ရှင်မယ်ညို အသံကြောင့် နှစ်ပေါင်းများစွာ အဝေးအတိတ်ဆီ ပြန်လည်ရောက်ရှိသွားတဲ့ ကျုပ်အတွေးတွေ ရပ်တန့်သွားရတော့တယ်။

□

            ဟိုလူကြီးက စခဲ့တာ အဘိုးကြီးအဆုံးထိ ဆိုပါတော့ဗျာ။ အခြေအနေ၊ အချိန်အခါလိုက်ပြီး ပါးစပ်ထဲ အဆင်ပြေသလို ခေါ်သွားလိုက်တာ စုံပါရောလား။

            ဘယ်လိုပဲခေါ်ခေါ် ဟေး...ဟေး သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ပြောင်းလဲမှုကို အမြဲ သိနားလည်ပေးခဲ့ရပါတော့တယ်။

▀

ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)

 ရင်ထဲက အပျော်လှိုင်းတွေ ဆိပ်ခံဘောက တစ်ဆင့် ကူးစက်သွားလေရော့ထင် စောစောက ဣန္ဒြေရ ငြိမ်သက်နေတဲ့ မြစ်ရေပြင်ဟာ လှိုင်းကြက်ခွပ်တွေနဲ့ ကဲချင်တိုင်း ကဲနေကြတော့တယ်

Related Articles

ရွှေဝတ္ထု
...
‌ဧနွေလု
ကိုငြိမ်း ၊မန္တလေး၊

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...

ရွှေဝတ္ထု
...
နောက်ဆုံးခံစစ်
ကိုဆေး ၊ပစိဖိတ်ကမ်းခြေ၊

ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...

ရွှေဝတ္ထု
...
အချစ်လက်ကျန်ရှင်းတမ်းထဲက အလွမ်းမြီစား
ခြိမ့်သဲ

ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။