မနှင်းဖွေး
အကြောင်းပြချက် အမျိုးမျိုးနဲ့ ဂျပန်နိုင်ငံထဲ ဝင်လာတဲ့လူတိုင်းမှာ တူညီတဲ့မျှော်မှန်းချက်က အလုပ်လုပ် ပိုက်ဆံရှာဖို့ပဲ ဖြစ်တယ်။
ကျောင်းဗီဇာနဲ့ ဝင်လာတဲ့ လူငယ်လေးတွေကို
မေးကြည့်။ ၉၉ ရာခိုင်နှုန်းဟာ ပညာရဖို့ထက် ဥစ္စာရဖို့က အဓိက ရည်ရွယ်ချက်ဖြစ်တယ်လို့
ဖြေလိမ့်မယ်။ စီးပွားရေးဗီဇာနဲ့ ဝင်လာတဲ့သူကကော ဂျပန်ကုမ္ပဏီကြီးတွေနဲ့ ချိတ်ဆက်ယူ၊
အကျိုးတူ လုပ်ငန်းကြီးတွေအတွက် တိုင်ပင်ဆွေးနွေး၊ နှစ်နိုင်ငံ ကူးချည်သန်းချည်နဲ့ လုပ်ငန်းထူထောင်
စတာတွေလုပ်ဖို့ထက် ပိုက်ဆံသေချာပေါက်ရမယ့် ဗီဇာရက်ကျော်နေထိုင်ပြီး ဘိုက်တို (အချိန်ပိုင်း
အလုပ်)ဆွဲဖို့ကို အားသန်ကြတာ တွေ့ရတယ်။
ရတနာကုန်သည်ဆိုတဲ့
လူတချို့ ဂျပန်မှာ ပန်းကန်ဝင်ဆေးနေတာကို တွေ့ရင် အံ့သြကြမလားပဲ။
အဲဒီတော့
Tour Visa ခေါ်တဲ့ အလည်အပတ် ဗီဇာသမားတွေကကော ဘာသားနဲ့ ထုထားတာမို့လို့လဲ။
သူတို့လည်း အလုပ်လုပ်ဖို့ပဲပေါ့။ ယုတ်စွအဆုံး ရတဲ့ဗီဇာ သုံးလအတွင်း စရိတ်ကျေအောင်ဆိုပြီး
အလုပ်ဝင်လုပ်၊
ဘိုက်တိုဝင်ဆွဲကြတာ အားလုံးအသိပဲ မဟုတ်လား။ ပိုက်ဆံရှာလို့ ကောင်းတဲ့
ဂျပန်နိုင်ငံကို
ခက်ခက်ခဲခဲ ရောက်လာကြပြီး မိုးရွာတုန်း ရေခံဆိုသလို အလုပ်လုပ်၊ ခြိုးခြိုးခြံခြံ ငွေစုတဲ့
လူမျိုးတွေရှိသလို အခွင့်အရေးကို အကျိုးရှိရှိ အသုံးမချဘဲ ရှာရှာသမျှ အလွယ်တကူ သုံးဖြုန်းပစ်တဲ့
လူမျိုးတွေလည်း ဂျပန်မှာ အများကြီး ရှိနေတယ်။
အဲဒီ အများကြီးထဲက တစ်ယောက်ကို ပြပါဆိုရင်တော့
တင်ထွန်းအောင်ဆွေကို ပြရလိမ့်မယ် ထင်တယ်။ တင်ထွန်းအောင်ဆွေတဲ့။ နာမည်က လေးလုံးမို့
နည်းနည်း အခေါ်ရခက်သလို လူကလည်း ဂျစ်တစ်တစ်နဲ့မို့ နည်းနည်းတော့ အပေါင်းရခက်တာ အမှန်ပဲ။
ခက်ဆို သူ့စိတ်က ဆတ်လွန်းအား ကြီးတာကိုး။ အမှန်တော့ သူ့ မူလစိတ်ရင်းက မဆိုးပါဘူး။ မဆိုးပါဘူး
ဆိုတာထက် ကောင်းကို ကောင်းပါတယ်။ တစ်ဖက်သားကို ကူညီချင်စိတ်လည်း ရှိတယ်။ အဲ... ဒါပေမယ့်
မဟုတ်ရင်တော့ တကယ့်ကို သည်းမခံတာပါ။ မဟုတ်လို့ကတော့ ဂျပန် ဖြစ်ဖြစ်၊ မြန်မာဖြစ်ဖြစ်၊
ဘိုက်တို အချင်းချင်းဖြစ်ဖြစ်၊ သူဌေး၊ ဆိုင်ခေါင်းနဲ့ဖြစ်ဖြစ် လာထားပဲ။ စကားသိပ်များများ
မပြောဘူး။ လက်က အရင်ရောက်တာ။ ဇီဇာကြောင်လွန်းတဲ့ ဂျပန်ရိုးရာဆိုင်က ဆိုင်ခေါင်းကို
လက်သီးနဲ့ထိုးပြီး အလုပ်က ထွက်လာတာ တင်ထွန်းအောင်ဆွေပေါ့။ ဂိုင်းဂျင်း (နိုင်ငံခြားသား)
အလုပ်သမားတွေကို အပြစ်မရှိ အပြစ်ရှာပြီး တမင်သက်သက် ချိုးနှိမ်တဲ့နေရာမှာ နာမည်ကြီးတဲ့
ခေါက်ဆွဲဆိုင်ရှင် သူဌေးမကို လက်လိမ်ချိုးတာ တင်ထွန်းအောင်ဆွေပေါ့။
အဲဒီတုန်းက သူဌေးမက နာလွန်းလို့ ဆတ်ဆတ်တုန်သွားပြီး
နင့်ကို ရဲတိုင်မယ်လို့ တင်ထွန်းအောင်ဆွေကို ခြောက်တယ်။ တင်ထွန်းအောင်ဆွေက အိုဗာစတေးလေ။
ရဲနဲ့ခြောက်ရင် ကြောက်မယ် ထင်တာပေါ့။ အဲဒါကို တင်ထွန်းအောင်ဆွေက ဂျင်းဘောင်းဘီအိတ်ထဲက
လက်ကိုင်ဖုန်းကို ဆတ်ခနဲ ထုတ်၊ သူဌေးမရှေ့ချပေးပြီး...
'ရော့...ဖုန်း၊ တိုင်စမ်း၊ အခုချက်ချင်း
တိုင်လိုက်စမ်း၊ ဒုက္ခဖြစ်ရင် ငါတစ်ယောက်တည်း ဖြစ်မှာမဟုတ်ဘူး။ ငါ အိုဗာစတေးမှန်းသိလျက်နဲ့
ငါ့ကို နင် အလုပ်ခန့်ထားတာ။ နင်ပါ အဖမ်းခံရမယ်' လို့ ပြန်ခြိမ်းခြောက်တယ်။
တင်ထွန်းအောင်ဆွေရဲ့ မျက်နှာနဲ့ အမူအရာကို
ကြည့်ပြီး သူဌေးမ လန့်သွားတယ်။ ဘာမှ ဆက်မပြောရဲတော့ဘူး။ တစ်ခါတည်း ငြိမ်သွားလိုက်တာ
အဲဒီအချိန်ကစပြီး ဂိုင်းဂျင်း(နိုင်ငံခြားသား) တွေအပေါ် ခါတိုင်းလို အနိုင်မကျင့်ရဲတော့တဲ့အထိပါပဲ။
တင်ထွန်းအောင်ဆွေက အဲဒီလို လူမျိုး။
ဒါပေမယ့် စောစောက ပြောခဲ့သလို တင်ထွန်းအောင်ဆွေမှာ
အားနည်းချက်တွေ ရှိတယ်။ လူက တော်နေလျက်နဲ့ မလိမ္မာချင်ဘူး။ တော်တယ်ဆိုတာ အလကားပြောတာ
မဟုတ်ဘူး။ တကယ့်ကို တော်တာပါ။ ဂျပန်စကားကို ဂျပန်တစ်ယောက်နဲ့မခြား ပြောနိုင်တာ တော်တယ်
ခေါ်ရမှာပေါ့၊ မဟုတ်ဘူးလား။ သူ ဂျပန်မှာ ကျောင်းနေဖူးတာ မဟုတ်ဘူး။ ဂျပန်စာသင်ဖူးတာ
မဟုတ်ဘူး။ ဂျပန်ကို အလည်သက်သက် ရောက်လာတဲ့သူ။ သူ ရန်ကုန်မှာ ဓာတုဗေဒနဲ့ ကျောင်းပြီးတော့
ကားပွဲစားဝင်လုပ်ရင်း ကားအရောင်းအဝယ်တစ်ခု၊ နှစ်ခုမှာ မြိုးမြိုးမြက်မြက်လေး ရလိုက်တယ်။
အဲဒီအချိန် ဂျပန်ကိုသွားဖို့ ခွင်တစ်ခုကလည်း တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတော့ ပွဲခရတဲ့ငွေနဲ့
ဂျပန် ရောက်လာခဲ့တာပဲ။ ဉာဏ်ကကောင်းတော့ ရောက်ပြီး
တစ်နှစ်၊ နှစ်နှစ်အတွင်းမှာကို ဂျပန်စကားကို ကောင်းကောင်း ပြောလာနိုင်တယ်။ အခုတော့
ဂျပန်ရောက်တာ ၆ နှစ်လောက် ရှိပြီပေါ့။ တချို့ ၆ နှစ်၊ ၇ နှစ်သမားတွေ 'အာနိုး... အယ်တို'နဲ့
အင်း...အဲ... ဖြစ်နေတဲ့သူတွေမှ အများကြီး။ ဉာဏ်မကောင်းရင်၊ မလေ့လာရင်
စကားက ရကိုရတာ မဟုတ်ဘူး။ ဂျပန် ရောက်ရင် စကားက အလိုလို တတ်သွားတယ်ဆိုတာ အလကား ပြောတာ။
တင်ထွန်းအောင်ဆွေ ကတော့ စကားကောင်းကောင်းရတယ်။
ပြီးတော့ စားသောက်ဆိုင် တော်တော် များများမှာ လုပ်ခဲ့ဖူးတဲ့အတွက် ဓားလည်းကျွမ်းတယ်၊
ဒယ်လည်း ကျွမ်းတယ်။
ဂျပန် စားသောက်ဆိုင်မှာ အလုပ်လုပ်ချင်တယ်ဆိုရင်
ယောကျ်ားလေးတွေအဖို့ ဓားကျွမ်းရင်ကျွမ်း၊ မကျွမ်းရင် ဒယ်ကျွမ်းရတယ်။ ဘာမှ မကျွမ်းရင်
ဆေးပေတော့ ပန်းကန်ပဲ။
ဓားကျွမ်းတယ် ဆိုတာက မြေ့နေအောင် သွေးထားတဲ့
ဓားကို ပိုင်ပိုင်နိုင်နိုင် ကိုင်တတ်၊ လှီးတတ်၊ ဖြတ်တတ်တာကို ပြောတာ။ အသားငါး၊ ဟင်းသီးဟင်းရွက်
လှီးဖြတ်တဲ့အခါ ဓားကျွမ်းသူနဲ့ မကျွမ်းသူက အတော်ကွာတာ။ ဥပမာ- ဓားကျွမ်းတဲ့ သူများ ဂေါ်ဖီထုပ်လှီးပြီဆိုရင်
ဂေါ်ဖီထုပ်ကိုင်ထားတဲ့ ဘယ်ဘက်လက်ချောင်းတွေက ဓားမထိအောင် အတွင်းဘက် ခပ်ကုပ်ကုပ်လေး
ထားလို့၊ ဓားချက်ကို လက်ချောင်းခုံလေးတွေနဲ့ ထိန်းကာလို့၊ ဓားကိုင်ထားတဲ့ ညာဘက်ကလည်း
စက္ကန့်မလပ် တဒုတ်ဒုတ် ခုတ်ချလို့၊ ထွက်လာတဲ့ ဂေါ်ဖီဖတ်ကလေးတွေဆိုတာ သေးလည်းသေး၊ ညီလည်း
ညီ၊ လှလည်းလှလို့ပေါ့။ ဓားမကျွမ်းတဲ့လူ ဂေါ်ဖီလှီးရင်တော့လား။ ထွက်လာတဲ့ ဂေါ်ဖီဖတ်တွေက
ကြီးတာ ကြီး၊ သေးတာသေး၊ မညီမညာ၊ မလှမပနဲ့ပေါ့။ အခန့်မသင့်ရင် လက်ကို ဓားထိသေးတယ်။ ဂေါ်ဖီတစ်ထုပ်
ပြီးဖို့အရေး အချိန်က ကြာသေးတယ်။
အသားငါး လှီးရင်လည်း ဒီအတိုင်းပဲ။ လိုချင်တဲ့
အရွယ်အစား၊ အနေအထားကို လက်ဆမှန်မှန်နဲ့ လှီးနိုင်ဖြတ်နိုင်ဖို့ သိပ်အရေးကြီးတယ်။ လှီးတတ်ရမယ်။
အတုံးမညီမညာ၊ မလှမပ မဖြစ်ရဘူး။ ဂျပန်လူမျိုးတွေက ဟင်းကို လျှာနဲ့တင် အရသာ ခံတာမဟုတ်ဘူး။
မျက်စိနဲ့ပါ အရသာခံသေးတာ။ ပြီးတော့ ရှိသေးတယ်။ သိတဲ့အတိုင်း ဂျပန်လူမျိုးတွေက အချိုမှုန့်
စားကြတာ မဟုတ်ဘူး။ သူများနိုင်ငံကိုသာ တင်ပို့ကြတာ။ သူတို့ကျတော့ ဟင်းအချိုဓာတ်ရဖို့
အတွက် လတ်ဆတ်တဲ့ သား ငါး၊ ဟင်းသီးဟင်းရွက်ကိုပဲ စားကြသတဲ့။
သူတို့ ဘယ်လောက်အထိ လတ်ဆတ်တာ ကြိုက်သလဲဆိုတာ
ပြောပြရဦးမယ်။ တချို့ဆိုင်တွေမှာပေါ့လေ။ ငါးအရှင်တွေ မှန်လှောင်အိမ်နဲ့ ပြထားတယ်။ ဧည့်သည်က
မှန်လှောင်အိမ် ထဲ ကြည့်ပြီး ကိုယ်စားချင်တဲ့ ငါးကို လက်ညှိုးထိုးပြတယ်။ အဲဒီငါးကို
ဆိုင်က ဓားသမားကဖမ်း၊ ဧည့်သည်ရှေ့မှာပဲ ဖျတ်ဖျတ်လူးနေတဲ့ ငါးကို ပါးဟက်အောက်နားကနေ
အမြီးနားအထိ အရိုး မပါအောင် ဆတ်ခနဲ အသားကို လွှာချလိုက်ရတယ်။ လွှာလိုက်တဲ့ အသားပိုင်းဟာ
တဆတ်ဆတ် ခုန်လို့ပေါ့။ အဲဒီအသားလွှာပိုင်းကို တစ်ခါ တစ်လုတ်စာအရွယ်တော်လေး ထပ်တုံးပေးရတယ်။
အဲဒီလို အသားတုံး လေး ဖြစ်တဲ့အထိ အသားက လှုပ်နေတုန်းပဲ။ အဲဒါကိုမှ သူတို့က ရှောယု
(ဂျပန်ပဲ ငံပြာရည်)နဲ့ ဝါဆာဘိ (စပ်ရှိန်းတဲ့ ဟင်းခတ်တစ်မျိုး) ရောထားတဲ့ ဆော့စ်ထဲ နှစ်နှစ်ပြီး
မြိန်ရေရှက်ရေ စားကြတာ။ အသားက လှုပ်မနေရင် မကြိုက်ဘူး။ အဲဒီလောက်အထိ လတ်ဆတ်တာကို ကြိုက်တာ။
အဲဒီတော့ ဓားသမားက အသားငါး အလှီးအဖြတ်
အခုတ်အထစ် ကျွမ်းရုံတင် မကဘူး။ ငရဲငအုံလည်း မဖြုန်မှ။ အကုသိုလ်လည်း မကြောက်မှ ဖြစ်မယ်။
ထားပါလေ။ ဒယ်ကျွမ်းတယ် ဆိုတာကိုလည်း ပြောပြရဦးမယ်။
ဒယ်ကျွမ်းတယ်ဆိုတာက ဟင်းကို ချက်ပြုတ်ကြော်
လှော်တဲ့အခါ ဒယ်အိုးလက်ကိုင်ရိုးကို ပိုင်ပိုင်နိုင်နိုင်ကိုင်ပြီး အိုးထဲက ဟင်းတွေလည်း
မဖိတ်မစဉ်အောင် အထက်အောက် မှောက်နိုင်၊ လှန်နိုင်တဲ့ ကျွမ်းကျင်မှုမျိုးကို ဆိုလိုတာပါ။
ဒယ်အိုးထဲက ဟင်းတွေ အကျက်ညီချင်တယ်ဆိုရင် ဇွန်းတို့၊ ဂေါ်တို့ မသုံးဘဲ ဒယ်အိုးကို မြှောက်မြှောက်ပြီး
ဟင်းကို လေထဲမှာ အထက်အောက် လှန်တာလေ။ အဲဒါကို ပြောတာ။ အဲဒီလို လုပ်ခြင်းအားဖြင့် အချိန်ကုန်သက်သာပြီး
အကျက်လည်း ညီတာကိုး။ ကျက်သွားတဲ့ဟင်းကို ပန်းကန်ထဲ မှောက်ချလိုက်ရင် အမြင်မှာပါ လှပသွားတာကိုး။
ဒယ်ကို ညာသန်သမားက ဘယ်လက်နဲ့ ကိုင်နိုင်ရတယ်။
ဘယ်သန်သမားက ညာလက်နဲ့ ကိုင်နိုင်ရတယ်။ ကျန်တဲ့ လက်တစ်ဖက်က အသားငါး၊ ဆားပျား လိုအပ်တာတွေ
ထည့်ဖို့။ ဒယ်ကျွမ်း လို့ကတော့ ကြိုက်တဲ့ စားသောက်ဆိုင် အလုပ်သွားလျှောက်၊ လာပါ လာပါဆိုတဲ့
အထဲကပါပဲ။
တင်ထွန်းအောင်ဆွေက ဓားလည်း ကျွမ်းတယ်၊
ဒယ်လည်း ကျွမ်းတယ်။ ဒါကြောင့် သူ့အတွက် အလုပ် ပေါတယ်။ ဒါပေမယ့် ဘယ်ဆိုင်မှ မမြဲဘူး။
တစ်ဆိုင် လေးငါးခြောက်လ အလွန်ဆုံးပဲ။ လေးငါးခြောက်လလောက် လုပ်ပြီးရင် ပြဿနာ တစ်ခုခုနဲ့
ထွက်ရတာချည်းပဲ။ အဲဒီတော့ လေးငါးခြောက်လလောက် အလုပ်လုပ်လိုက်၊ နှစ်ပတ်လောက် နားလိုက်၊
လေးငါးခြောက်လလောက် လုပ်လိုက်၊ တစ်လလောက် နားလိုက်နဲ့ အလုပ်ကို လုပ်ချင်သလိုကို လုပ်နေတာ။
တစ်ခုတော့ ရှိတာပေါ့လေ။ သူက အင်မတန် နောက်ကြောင်းအေးတဲ့
လူကိုး။ ကျွေးမွေးထောက်ပံ့စရာ သားမယား မရှိဘူး။ မိဘတွေဆိုတာကလည်း ရာထူး ရာခံနဲ့ ပြည့်စုံကုံလုံနေတဲ့သူ။
သူ ငွေပို့လည်း ကိစ္စမရှိ၊ မပို့လည်း ကိစ္စမရှိတဲ့ အနေအထား။ ညီအစ်ကို၊ မောင်နှမ ဆိုတာလည်း
တစ်ယောက်မှ မြန်မာနိုင်ငံမှာ မရှိဘူး။ တချို့က စင်ကာပူမှာ၊ တချို့ အမေရိကားမှာ။ သူတို့
ဘာသာ အဆင်ပြေလို့။ သူ ဘာမှ ထောက်ပံ့ကူညီစရာ မလိုဘူး။ အဲဒီတော့ သူ ရန်ဖြစ်ပြီး အလုပ်ပြုတ်လည်း
ဘာအရေးလဲ။ တစ်ကိုယ်ရေ တစ်ကာယသမားပဲ။ အလုပ် ရှိနေရင်လည်း သူရှာတာ သူသုံးပေါ့။ သူသုံးတာ၊
ဖြုန်းတာနဲ့ ပတ်သက်လို့ ဆူမယ့်သူ၊ ပူမယ့်သူ၊ ဟန့်တားမယ့်သူလည်း မရှိလေတော့ ဂျပန်မှာ
သူ့လောက် လွတ်လပ်တဲ့သူ ဘယ်ရှိတော့မလဲ။
ဒါကြောင့် သူ ဖဲရိုက်တယ်။ ပါချင်းကိုး
(ဂျပန် လောင်းကစားတစ်မျိုး)ကစားတယ်။ မြင်းလောင်းတယ်၊ ဘောပွဲ လောင်းတယ်။ စုတယ်၊ ဆောင်းတယ်၊
နှမြောတယ် ဆိုတာ သူ့ရာဇဝင်မှာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ပိုက်ဆံရှိလည်း မပူဘူး။ မရှိလည်း
မပူဘူး။ ရှေ့ဖို့၊ နောက်ဖို့လည်း မစဉ်းစားဘူး။
အလုပ်ကလည်း လက်မဲ့၊ အိတ်ထဲမှာလည်း တစ်ပြားမှကို
မကျန်တော့ဘူးဆိုရင်တော့ သူနေတဲ့အိမ်ရဲ့ အနီးအနားတစ်ဝိုက် ပိုက်စိပ်တိုက်ပြီး အရေးပေါ်
အလုပ်ရှာတယ်။ သူမို့လို့ အလုပ် လျှောက်ပြီဆိုရင် မရဘူးဆိုတာ မရှိသလောက်ပဲ။ ရပြီဆိုရင်
သူ့အတွက် ကိစ္စပြီးပြီလေ။
အလုပ်ကို သူ့အိမ်ကနေ ဘယ်နှဘူတာဝေးဝေး လမ်းလျှောက်သွားတယ်။
ဆိုင်မှာ အလုပ်လုပ်ပြီဆိုတော့ ထမင်းအတွက် မပူရတော့ဘူး မဟုတ်လား။ ဆိုင်က ကျွေးတာကိုး။
မနက်ဆိုင်၊ ညဆိုင်လုပ်တော့ မနက်စာ၊ ညစာ ကိစ္စအေးသွားပြီ။ အဲဒီအတောအတွင်း သူ ဘီယာမသောက်ဘူး၊
နေနိုင်တယ်။ ဆေးလိပ် မသောက်ဘူး၊ နေနိုင်တယ်။ ဂျပန်မှာ ဘုံဘိုင်ရေကလည်း သန့်လို့ သောက်လို့ရတယ်။
အားလုံး အဆင်ပြေတယ်။
အဲဒီလို သူ တစ်လလောက် အောင့်အည်းလိုက်ရင်
ဟော...လခထုတ်တော့ ရပါပြီ လစာ။ သောင်း အစိတ်၊ သောင်း ၃ဝ ဆိုတာ ပြေးမလွတ်ဘူး။
အဲဒီအခါမှာ အိမ်လခ နှစ်လ၊ သုံးလစာအကြွေး ၁ဝ သောင်းလောက်၊ အပေါင်းအသင်းတွေဆီက နည်းနည်း
တို့တိတို့တိ ချေးထားတဲ့ (ပြန်မဆပ်လည်းရတဲ့) ငွေ ၂ သောင်း၊ ၃ သောင်းလောက် ဆပ်လိုက်ရင်
လက်ထဲ ၁ဝ သောင်း၊ ၁၅ သောင်း အသာလေး ကျန်တာပဲ။ အဲဒီငွေနဲ့ ပါချင်းကိုး သွားမလား၊ မြင်းပွဲသွားမလား၊
မြန်မာ စားသောက်ဆိုင် ညလုံးပေါက်ထိုင်ပြီး ဘောလုံးပွဲ ကြည့်မလား၊ လောင်းမလား။
လောင်းတာ နိုင်တဲ့အခါဆိုရင် အပေါင်းအသင်းတွေကို
ဒကာခံလိုက်သေးတာ။ မနှမြောဘူး။ ရှိလို့ကတော့ ကျွေးပစ်မွေးပစ်တာပဲ။
ရှုံးပြီ ဆိုရင်လည်း စိတ်မကောင်းမဖြစ်ဘူး။
အလုပ်ရှိနေတယ်လေ။ ဘာပူစရာရှိတာမှတ်လို့။ အဲ... တစ်လခလုံး ပြုတ်သွားတဲ့တိုင်အောင် တင်ထွန်းအောင်ဆွေတို့ကတော့ မဖြုံရေးချာ့ မဖြုံ။ တရားရှိတယ်။ ပစ္စည်း သင်္ခါရ၊
လူသင်္ခါရတဲ့။ လူတောင် သေရဦးမှာ။ ပစ္စည်းရှုံးတာ ဘာတုန်လှုပ်စရာ ရှိလို့လဲ။
သူနေတာ ထိုင်တာနဲ့ ပတ်သက်ပြီး အသည်းယားနေတဲ့
လူငယ်လေး တစ်ယောက်ရှိတယ်။ သူ့အခန်းဖော်ပဲပေါ့။ ကျော်စိုးမင်းဆိုတဲ့ နာမည်ရင်း ရှိပေမယ့်
လူတိုင်းက အသေးလေးလို့ ခေါ်တဲ့ ပုပုညက်ညက် ကောင်လေးက ဆိုရင်...
'အစ်ကိုရာ၊ ကျွန်တော်သာ အစ်ကို့လို စကားလည်း
ရတယ်၊ ဒယ်ရောဓားရော ကျွမ်းတယ်၊ လခလည်း ကောင်းတယ်၊ ဒီမှာ ၆ နှစ်လောက်လည်း ရှိနေပြီဆိုရင်တော့ဗျာ...ရန်ကုန်မှာ
တိုက်လည်း ဆောက်ပြီးပြီ၊ ကားလည်း ဝယ်ပြီးပြီ၊ ရင်းနှီး စားသောက်စရာ ငွေထုပ်ပိုက်ပြီး
ပြန်သွားပြီဗျာ။ ဒီမှာ ဆက်ဒုက္ခမခံတော့ဘူး' လို့ မချင့်မရဲ ပြောပြောနေတတ်တယ်။
သူ့ထက်ငယ်တဲ့ သူက ပြောတော့ ဟုတ်လည်းဟုတ်နေတာမို့
သူ ဘာမှပြန်မပြောဘဲ ရယ်ကျဲကျဲ လုပ်နေတော့တယ်။
'အစ်ကိုက ဂျပန်မှာ ပျော်နေတာလား'လို့မေးရင်
'ပျော်တယ်လည်း မဟုတ်ပါဘူး၊ ဒီလိုပါပဲ'လို့
မတင်မကျ ဖြေတယ်။
'ကျွန်တော်ကတော့ ဂျပန်မှာ တစ်စက်မှ မပျော်ဘူး
အစ်ကို။ သူတို့လူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်မျိုးတွေကို ကျွန်တော်တို့က လုပ်ပေးနေရတာ။
သေချာတွေးရင် စိတ်နာတယ်။ ပိုက်ဆံ မြိုးမြိုးမြက်မြက်လေးရနေလို့ သည်းခံလုပ်နေတာ။ ကျွန်တော်
လိုချင်တဲ့အတိုင်းအတာ ငွေရရင် ကျွန်တော်တော့ ပြန်မှာပဲ။ ဒါကြောင့် မြန်မြန်ပြန်ရအောင်
ကျွန်တော် အပိုမသုံးဘဲ ခြိုးခြံနေတာ'
အသေးလေးက ဒီလို ဆက်ပြောရင်တော့ တင်ထွန်းအောင်ဆွေရဲ့
ရယ်ကျဲကျဲ မျက်နှာက တည်သွားတတ်တယ်။
'အခွင့်အရေးဆိုတာ နှစ်ခါမလာဘူးဆိုတဲ့စကား
အစ်ကိုလည်း ကြားဖူးမှာပေါ့။ ရတဲ့အခွင့်အရေးကို အပြည့်အဝ သုံးစမ်းပါ အစ်ကိုရာ'
အဲဒီအခါ အသေးလေးဘေးမှာ သူ ဆက်မနေနိုင်တော့ဘူး။
မတ်တတ်ထရပ်တယ်။
'မင်းတရား နာရတာ ကောင်းပါတယ်ကွာ။ ဒါပေမယ့်
ခုလောလောဆယ်တော့ ငါ ဒါလေး သွားလုပ်လိုက်ဦးမယ်' လို့ဆိုပြီး ညာဘက်လက်ချောင်းတွေကို ဝက်အူလှည့်သလို
လုပ်ပြပြီး ထွက်သွားတယ်။ သဘောက ပါချင်းကိုး သွားလှည့်လိုက်ဦးမယ်ပေါ့။
နောက်ဆုံးတော့လည်း အသေးလေး ပါးစပ်အဟောင်းသားနဲ့
ကျန်ခဲ့ရတာပါပဲ။
□
အသေးလေးတို့အခန်းမှာ စုနေတဲ့ လူလေးယောက်ထဲမှာ အသေးလေးနဲ့ တစ်မြို့တည်းသားလည်းဖြစ်၊
အသေးလေးထက် ဂျပန်ကို ၆ လစောရောက်ပြီး အသေးလေး ဆရာတင်ထားတဲ့ လူကတော့ ကိုသီဟပဲ ဖြစ်တယ်။
ကိုသီဟက သင်္ဘော
ခုန်ဆင်း။
သင်္ဘောလိုက်ရင်း သင်္ဘောက ဂျပန်ကမ်းကပ်တော့
ခုန်ဆင်းပြီး နေခဲ့တဲ့သူ။ ဂျပန်ကို ဝင်တဲ့နည်းလမ်းတွေထဲမှာ စရိတ်စက သိပ်မကုန်ဘဲ ရောက်တဲ့နည်းလမ်း တစ်ခုပေါ့။
ဂျပန် ဗီဇာရဖို့ သိန်းရာနဲ့ချီပြီး ကုန်တဲ့အချိန်မှာ
သင်္ဘောလိုက်ဖို့က ဆယ်ဂဏန်းနဲ့ ရတယ်မဟုတ်လား။ ဆယ်ဂဏန်းအကုန်ခံပြီး
သင်္ဘောပေါ်တက်တယ်။ သင်္ဘောက ဂျပန်ဆိပ်ကမ်း ကပ်တော့
အသာဆင်းနေခဲ့တာပေါ့။ ဘာဖြစ်လဲ၊ အဓိကက ဂျပန်ရောက်ဖို့ပဲ မဟုတ်လား။
ကိုသီဟကတော့ အလုပ်တစ်ခုလုပ်ရင်း အမြဲတမ်း
စရိတ်စကကျဉ်းကျဉ်း၊ အရင်းနည်းနည်းနဲ့ အမြတ်များများရတဲ့ နည်းလမ်းကိုပဲ ရွေးချယ်တယ်။
ဘယ်အရာမဆို သူ့ဦးနှောက်က စီးပွားတွက်ပဲ တွက်လေ့ရှိတယ်။
အခုလည်းကြည့်၊ စရိတ်ကျဉ်းကျဉ်းနဲ့ သူ ဂျပန်ကို
ရောက်လာတယ်။ ရောက်လာတော့ အချိန်ကို အလဟဿ အဖြစ်မခံဘူး။
'ဂျပန်မှာ အချိန်ဟာ ငွေပဲကွ။ အချိန် တစ်နာရီကို
ဟိုလိုလို ဒီလိုလိုနဲ့ ဖြုန်းပစ်လို့လည်း ရတယ်။ ဒါပေမယ့် အလုပ်တစ်ခုခုလုပ်နေလိုက်ရင်
ငွေ ၉ဝဝ၊ ၁ဝဝဝ လောက်ရတာ နည်းလား။ အမှန်တော့ တို့တွေအားလုံး ငွေပင်ကြီးအောက် ရောက်နေတာ။
ခူးယူဖို့ပဲ လိုတာကွ'
ဒါ သူ့ရဲ့ ဒဿန။
ဒါကြောင့် သူ အလုပ်ကို သုံးပိုင်း ခွဲထားတယ်။
မနက် ၆ နာရီကနေ နေ့ ၁၂ နာရီအထိ ဆောင်းနားစိုးဂျိ (ရေနွေးစိမ်ကန် သန့်ရှင်းရေး) အလုပ်။
နေ့ ၁ နာရီကနေ ညနေ ၅ နာရီအထိ မီးပူတိုက် စက်ရုံမှာ အဝတ်လျှော်။ ညနေ ၆ နာရီကနေ ည ၁၂
နာရီအထိ စားသောက်ဆိုင်မှာ ပန်းကန်ဆေး။
တစ်နေ့ကို ၁၆ နာရီ အလုပ်လုပ်ပြီး ၄ နာရီပဲ
အိပ်တယ်။ အလုပ်တစ်ခုနဲ့တစ်ခု အကူးအပြောင်း ရထားပေါ် မှာတော့ ၁ဝ မိနစ်၊ ၁၅ မိနစ် မှေးရတာတော့
ရှိတာပေါ့ လေ။ နောက်ပြီး အဲဒီအလုပ် သုံးပိုင်းလုံးကို ယာစုမိနရှိ (နားရက်မယူဘဲ) လုပ်တာ။
သူ့ကြည့်ရတာ ပင်ပန်းပုံလည်း မပေါက်ဘူး။
နွမ်းနယ်ပုံလည်း မပေါက်ဘူး။ ဘယ်ပေါက်မလဲ၊ ဂျပန်လစ်ပို တစ်လုံးတစ်လုံး မနက်တိုင်း သောက်နေတော့
ဘယ်တော့ ကြည့်လိုက်ကြည့်လိုက် လန်းဆန်းတက်ကြွလို့ပေါ့။ အမြဲတမ်း
ပျော်နေပုံလည်း ထွက်တယ်။ မပျော်ခံနိုင်မလားလေ။ လခထုတ်ရက်ဆိုရင် ရလာတာ တနင့်တပိုးကိုး။
အနည်းဆုံးသောင်း ၄ဝ။ တကယ့်ကို ပျော်စရာကြီး ပေါ့။
ကိုသီဟက အရှာကောင်းသလို အစုအဆောင်းလည်း
တော်တယ်။ တချို့ အရှာကောင်းပေမယ့် မစုနိုင်၊ မဆောင်းနိုင်ကြဘူး။ ပင်ပန်းလို့၊ အိမ်လွမ်းလို့၊
စိတ်ပြေလက်ပျောက်ဆိုတဲ့အကြောင်း ပြချက်တွေနဲ့ သုံးလို့ရတဲ့နေရာ၊ ဖြုန်းလို့ရတဲ့နေရာမှာ
ဝေါခနဲ သွားသွန်တတ်ကြတယ်။
ဂျပန်မှာကလည်း သိတဲ့အတိုင်း ဖဲရိုက်၊ မြင်းလောင်း
အလုပ်တွေသာမက ဝါသနာပါရင် အကုန်လွယ်လွယ်နဲ့ ရတယ်မဟုတ်လား။ အိုးမကွာ၊ အိမ်မကွာ ပျော်ချင်လည်း
ရတယ်။ ဖုန်းတစ်ချက် ဆက်လိုက်ရုံပဲ။ လမ်းမှာဝေတဲ့ လက်ကမ်းကြော်ငြာတွေ၊ အိမ်က စာပုံးထဲလာ
လာထည့်သွားတဲ့ ကြော်ငြာတွေမှာ ကြည့်မယ်ဆိုရင် ဓာတ်ပုံ၊ ကိုယ်အတိုင်းအထွာ၊ အသက်၊ ဈေးနှုန်းနဲ့
ဖုန်းနံပါတ်ပါ တစ်ခါတည်းပါပြီးသား။
ကိုသီဟကတော့ ဒီလို ငွေကုန်ကြေးကျများတဲ့
အလုပ်မျိုးကို မလုပ်ရေးချာ့ မလုပ်ထဲကပဲ။ အကုန်မခံနိုင်ပါဘူး။ နဖူးကချွေး ခြေမကျတဲ့အထိ
ရှာထားရတဲ့ငွေတွေ။ အသွားမတော် တစ်လှမ်း။ မတော် ရောဂါတွေ ဘာတွေရရင် ငွေက ကုန်ရဦးမယ်။
တော်ပါပြီ။
ဒါမျိုး မပြောပါနဲ့။ ဂျပန်ရောက် မြန်မာတွေ
တစ်နှစ်လုံးနေမှ တစ်ခါလောက် လည်ကြပတ်ကြတဲ့ နှစ်သစ်ဦး အပန်းဖြေခရီးစဉ်တွေတောင် တစ်ခါဆို
တစ်ခါမှ မလိုက်ပါဘူးဆို။ ငွေ ၁ သောင်း၊ ၂ သောင်း နှမြောလို့တဲ့။
ဂျပန်မှာ မြန်မာတွေ စုပြီး ဘာသာရေးအဖွဲ့အစည်း၊
လူမှုရေးအဖွဲ့အစည်းလေးတွေ ဖွဲ့ထားတာ ရှိတယ်။ အဲဒီ အဖွဲ့အစည်းတွေက တစ်ဖက်က အဖွဲ့ရန်ပုံငွေလည်း
ရှာရင်း တစ်ဖက်ကလည်း မြန်မာတွေ လည်ဖို့ပတ်ဖို့ အပန်းဖြေ ခရီးစဉ်လေးတွေ စီစဉ်ပေးတယ်။
လူ ၅ဝ၊ ၆ဝ လောက်ဆံ့တဲ့ ဘတ်စ်ကားတွေ ၂ စီး၊ ၃ စီးနဲ့ ဂျပန်ရှေးဟောင်းယဉ်ကျေးမှု အနုပညာလက်ရာတွေရှိတဲ့
နိကိုးဘက်လို၊ ဒုတိယမြို့တော် အိုဆာကာနဲ့ ကိုဘေးမြို့ဘက်လို၊ ဂျပန်မှာ အလှဆုံးဒေသဖြစ်တဲ့
ကျိုတိုနဲ့ နာရာမြို့ ဟောင်းဘက်လို၊ ဒုတိယ ကမ္ဘာစစ်ရဲ့ အနိဋ္ဌာရုံ ပြယုဂ်ဖြစ်တဲ့ ဟီရိုရှီးမားဘက်လို
ထင်ရှားတဲ့ နေရာမျိုးတွေဘက် ခရီးထွက်ရတာ အလွန်ကို ပျော်စရာကောင်းတယ်။စီစဉ်သူတွေက တည်းဖို့ခိုဖို့
ကအစ၊ အစားအသောက်ကအစ အကုန်တာဝန်ယူတော့ ခရီးသွားရတာ တကယ်လည်း စိတ်ချမ်းသာတယ်။ စိတ်လည်း
အပန်းပြေ၊ လူလည်း အပန်းပြေ၊ နယ်မြေ ဗဟုသုတလည်းရ၊ မြန်မာ အချင်းချင်း တွေ့ဆုံခင်မင်ခွင့်လည်း
ရတာမို့ ဘယ်လောက်ကောင်းတဲ့ အစီအစဉ်လဲ။ လူဆိုတာ အလုပ်လည်းလုပ်၊ အပန်းလည်းဖြေ၊ ခွန်အားလည်း
စိုက်ထုတ်၊ အားသစ်လည်း လောင်းပေါ့၊ မဟုတ် လား။
ဒီလိုအခါမျိုးမှာ ကိုသီဟက နှစ်သစ်ကူးခွင့်ယူလို့
လစ်လပ်သွားတဲ့ အလုပ်တွေမှာ အစားဝင်လုပ်တယ်။ သူ အလုပ်လုပ်တဲ့ စက်ရုံတို့၊ စားသောက်ဆိုင်တို့က
ပိတ်ထားလို့ အားနေတာကိုး။ နှစ်သစ်ကူးမှာ ပိတ်တဲ့ဆိုင်ပိတ်၊ ဖွင့်တဲ့ဆိုင် ဖွင့်တာ မဟုတ်လား။
အလုပ်လုပ်ရင်း သူ့ဘာသာသူ ကျေနပ်နေတယ်။
သူများတွေ အားအားယားယား ပျော်နေတဲ့အချိန်မှာ သူက ငွေရှာနေတယ်ပေါ့။ ကဲ...
အဲဒီလောက်အထိ။
'သီဟရာ၊ မင်း ဂျပန်ရောက်တာ ရောက်ရကျိုး
မနပ်လိုက်တာကွာ။ မင်းကို ကြည့်ပြီး ငါငယ်ငယ်က တွေ့ခဲ့တဲ့ အဖေတို့ရွာက နွားကြီးတွေ သွားသွား
သတိရတယ်။ မြက်နဲ့ကောက်ရိုးလေး စားပြီး ရုန်းရတာ ဆိုတာလေ'
ဦးလေးလို ခင်နေတဲ့ အခုတော့ ပန်းကန်ဆေးနေတဲ့
အခန်းဖော် ဦးလေး ဦးစိန်လှက ကရုဏာဒေါသောနဲ့ ပြောတဲ့အခါ မခံချင်ဖြစ်ပေမယ့် ပြုံးပဲ နေလိုက်ပါတယ်။
ပြောပါစေ။ ရန်ကုန်ပြန်ရောက်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အခြေအနေတွေ ကွာကုန်မှ လူတွေသိမယ်လို့ စိတ်ထဲ တေးထားလိုက်တယ်။
ကိုသီဟကတော့ လခထုတ်ပြီဆိုရင် ရထားလပေး
လက်မှတ်ဝယ်ပြီးလို့ တိုတိုထွာထွာလေး သုံးဖို့ ငွေ ၁ သောင်း၊ ၂ သောင်းလောက် ချန်ပြီးရင်
ကျန်တာအကုန် ဘဏ်ထဲထည့်တာပဲ။ အိမ်က ငွေမှာတဲ့လမျိုးဆိုရင်တော့ လိုသလောက် ပို့ပေးပါတယ်။
မမှာရင်တော့ မပို့ဘူး။ မမှာဘဲ ပို့ပို့နေရင် အိမ်က လူတွေ လွယ်လွယ်ရတယ်ထင်ပြီး လွယ်လွယ်သုံးပစ်ကုန်မှာ
စိုးလို့။
သူ့ရည်ရွယ်ချက်က သူ ပြန်ပြီဆိုမှ ဘဏ်က
ငွေတွေ တစ်ခါတည်း အပြီးထုတ်သွားမယ်။ သူ့မှာ မိဘရှိတယ်။ ငယ်ချစ်ရှိတယ်။ အဖေတို့၊ အမေတို့ကို
သူ ထိုက်ထိုက်တန်တန်ကန်တော့မယ်။ ပြီးရင် သူ အိမ်ဝယ်မယ်။ ကားဝယ်မယ်။ အိမ်ထောင်ပြုမယ်။
လုပ်ငန်းထူ ထောင်မယ်။ ဒါအတွက် သူ လသာတုန်း ဗိုင်းငင့်နေတာ။
ဒါပေမယ့် ပထမ တစ်နှစ်မှာတော့ ကိုသီဟ လုပ်နိုင်တယ်။
ဘာမှမဖြစ်ဘူး။ လူက နဂိုကတည်းက ကျန်းမာရေးကောင်းတဲ့လူပဲ။ ဧရာဝတီတိုင်း ဘက်စကက်ဘော လက်ရွေးစင်လေ။
အိုကေတယ်။
ဒုတိယနှစ်မှာတော့ သူ နည်းနည်း အဲ... မဆို
စလောက်လေး နွမ်းနယ်လာတယ်။ သိပ်ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ဘူး။ လစ်ပိုတန်ခိုးနဲ့ လုပ်နိုင်တုန်း၊
ကိုင်နိုင်တုန်းပဲ။
တတိယနှစ် ရောက်တော့ သိပ်မခံနိုင်တော့ဘူး။
လူလည်း ပိန်ကျသွားပြီ။ ဖျားတာ၊ နာတာ၊ နှာစေး၊ ခေါင်းကိုက်တာတွေ မကြာခဏ ဖြစ်လာတယ်။ ခဏ
ခဏ ယာစုမိ(နားခွင့်)ယူရတယ်။ ဒါကြောင့် မနက်ပိုင်း အလုပ်ဖြစ်တဲ့ ဆောင်းနားစိုးဂျိ (ရေနွေးစိမ်ကန် သန့်ရှင်းရေး) အလုပ်ကို ဖြုတ်လိုက်ရတယ်။
မနက်စောစော အလုပ်ဖြုတ်လိုက်တော့ သူ အိပ်ရေးဝဝတော့ ပြန်အိပ်ရတာပေါ့။ အိပ်ရေးဝဝ အိပ်ရတဲ့အတွက်
နည်းနည်းပြန် ပြည့်လာတယ်။ ဒါပေမယ့် သူ အရင်လိုမပျော်တော့ဘူး။ မတက်ကြွတော့ဘူး။
ငွေတွေ မြင်လည်း မက်မက်မောမော မရှိလှတော့ဘူး။ တစ်ခါတစ်ခါ ငွေတွေကြည့်ပြီး ငိုင်နေတာ
အကြာကြီး။
စတုတ္ထနှစ် ရောက်တော့ သူ့ကျန်းမာရေးက သိသိသာသာကြီး
ဆိုးဝါးသွားပြီ။ ရုပ်ပိုင်းတင် မကတော့ဘူး။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ ထိခိုက်သွားပြီ။
သူ ကောင်းကောင်း အလုပ်မလုပ်နိုင် တော့ဘူး။ အလုပ်ထဲမှာ အမှားမှား အယွင်းယွင်း၊ အမေ့မေ့
အလျော့လျော့တွေ ဖြစ်ကုန်ပြီ။ သူ့ကြောင့် အဝတ်အစားတွေ ပျက်စီးပြီး လျော်ရတာ ခဏခဏ။ သူ့ကြောင့်
ကွဲတဲ့ပန်းကန်ဆိုလည်း မရေ တွက်နိုင်တော့တဲ့အထိ။ အလုပ်ရှင်တွေကလည်း သူ့ကို မကြိုက်ချင်တော့ဘူး။
သူ ကိုယ်တိုင်ကလည်း အလုပ်ကို သွားချင်မှ
သွားတယ်။ မသွားချင် မသွား ဘူး။ အလုပ်သွားဖို့ ရထားစီးရင်လည်း ပြောင်းပြန် (ဆန့်ကျင်ဘက်)
စီးလိုစီး၊ ရောက်ချင်ရာရောက်၊ ရောက်တဲ့နေရာ နေကုန်နေခန်း ထိုင်ချင်ထိုင်နေရော။ အိမ်လည်းပြန်ချင်မှ
ပြန်လာတယ်။ အခန်းဖော်တွေကိုလည်း စကားပြောချင်မှ ပြောတယ်။ မေးလည်း မဖြေဘူးဆိုတော့ အခန်းဖော်တွေက
စိတ်ပူလာတယ်။ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြကြည့်ဖို့ စီစဉ်တယ်။ သူ့ကို စိတ်ဆရာဝန်ဆီ ခေါ်သွားမယ်ဆိုတာလည်း
သိရော၊ တစ်ခါတည်း မီးဖိုထဲက သားလှီးဓားဆွဲပြီး ကြမ်းပါလေရော။
အခန်းဖော်တွေလည်း လန့်ကုန်တာပေါ့။ မနည်းဝိုင်းဆွဲ၊
ဝိုင်းဖျောင်းဖျမှ ငြိမ်သွားတယ်။ သူက သာမန်မဟုတ်တော့ဘူးဆိုတာ အားလုံး လက်ခံလိုက်ရပြီ။
ကိုသီဟ အလုပ်ပျက်တာများလို့ အလုပ်နှစ်ပိုင်းလုံး
ပြုတ်သွားတယ်။ နေလည်း မကောင်းဆိုတော့ ဂျပန်မှာ ဆက်နေဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။
ဒါကြောင့် ဦးစိန်လှက ဦးဆောင်ပြီး သူပြန်ဖို့အတွက် စီစဉ်ပေးရတော့တာပေါ့။ ဂျပန်လူဝင်မှုကြီးကြပ်ရေးရုံးမှ
သူပြန်ဖို့ကိစ္စဝစ္စတွေ ဆောင်ရွက်ပြီးတာနဲ့ ဘဏ်မှာထည့်ထားတဲ့ သူ့ငွေတွေ အကုန်ထုတ်ဖို့
ဦးစိန်လှက သတိပေးတယ်။
သူက 'ဦးလေးပဲ ထုတ်ပေးပါ'ဆိုပြီး ဘဏ်ကတ်
ထိုးပေးတယ်။ ဦးစိန်လှက အသေးလေးကိုပါ ညှိပြီး 'တို့နှစ်ယောက် ထုတ်ပေးမယ်။ လျှို့ဝှက်နံပါတ်ပြော'
ဆိုတော့မှ ပြဿနာ စတော့တာပဲ။
ကိုသီဟက သူ့ဘဏ်ကတ်ရဲ့ လျှို့ဝှက်နံပါတ်
ဂဏန်းလေးလုံးကို လုံးဝ မမှတ်မိတော့ဘူးတဲ့။
ဂျပန်မှာက ငွေသွင်းငွေထုတ်ကိစ္စက အလွန်လွယ်
ကူတာပေါ့။ မြန်မာနိုင်ငံမှာ ကွမ်းယာဆိုင် ပေါသလိုမျိုး ငွေသွင်းငွေထုတ်စက်တွေက ပေါတာ။
ရုံးနား၊ ဈေးနား၊ ဘူတာရုံနား နေရာတိုင်းမှာ ရှိတယ်။
ငွေသွင်းချင်ရင် ဘဏ်ကတ်လေးကို ကြိုက်တဲ့
ငွေသွင်းငွေထုတ်စက်ထဲ ထည့်၊ စက်က အလိုအလျောက် ညွှန်ကြားတဲ့အသံနားထောင်။ သူခိုင်းသလို
ခလုတ်တွေ နှိပ်၊ ငွေထည့်လိုက်ရင် ငွေက သွင်းပြီးသား ဖြစ်သွားတာပဲ။ တစ်မိနစ်အတွင်းမှာပဲ
ကိုယ့်ငွေ ကိုယ့်စာရင်းထဲ ရောက်ကြောင်းနဲ့ စုစုပေါင်း ဘယ်လောက်ရှိသွားပြီဆိုတဲ့ ငွေပမာဏကို
ဖော်ပြတဲ့စာ ရွက်လေးတောင် ထွက်လာတာပဲ။
ငွေထုတ်ချင်လည်း ဒီလိုပဲ။ ဘဏ်ကတ်ကို စက်ထဲထည့်ပြီး
စက်က ညွှန်ကြားတဲ့အတိုင်း ခလုတ်တွေ နှိပ်လိုက်ရင် ကိုယ်လိုသလောက် ငွေအတိအကျ စက်ထဲက
ထွက်လာတယ်။ ဒါပေမယ့် လျှို့ဝှက်နံပါတ် သိဖို့တော့လိုတယ်။ လျှို့ဝှက် နံပါတ်မသိလို့ကတော့
ဘယ်လိုမှ ထုတ်မရဘူး။ ဒါက လည်း ကိုယ့်ရဲ့ကတ် ကျပျောက်လို့ ဖြစ်စေ၊ အခိုးခံရလို့ဖြစ်စေ
တစ်စုံတစ်ယောက်လက်ထဲ ရောက်သွားရင် ထုတ်မရအောင် ကာကွယ်ထားတဲ့ နည်းစနစ်ပါပဲ။
ကိုသီဟက သူ့ရဲ့လျှို့ ဝှက်နံပါတ် မမှတ်မိတော့ဘူးဆိုတော့
ပြဿနာပေါ့။
'ကဲပါကွာ၊ မင်း ခေါင်းအေးအေးထားပြီး စဉ်းစားပါဦး။
ဒီနေ့မရတော့လည်း မနက်ဖြန်ပေါ့။ ဒီည မင်း အိပ်ရေးဝဝ အိပ်လိုက်ဟုတ်လား'
မနက်လင်းတော့ အားလုံးက စဉ်းစားလို့ ရပြီလားမေးတော့
ဟိုလိုလို၊ ဒီလိုလိုနဲ့ နံပါတ်တစ်ခုပေးတယ်။ ၁၂၃၄ တဲ့။
ဦးစိန်လှနဲ့ အသေးလေး အဲဒီလျှို့ဝှက်နံပါတ်နဲ့
ငွေသွား ထုတ်တော့ စက်က လျှို့ဝှက်နံပါတ် မှားနေကြောင်း ပြန်ပြောတယ်။ ဒါနဲ့ နှစ်ယောက်သား
ကုတ်ကုတ်ကုတ်ကုတ်နဲ့ ပြန်လာရတယ်။
ပြန်ရောက်လာမှ ကိုသီဟက...
'ကျွန်တော် မှားသွားတာ။ အခုမှ သတိရပြီ။
၃၇၉၉' တဲ့။
ဒါနဲ့ ဦးစိန်လှတို့လည်း ၃၇၉၉ နဲ့ သွားထုတ်ပြန်တယ်။
မဟုတ်ပြန်ဘူး။ တပ်ခေါက်လာရတယ်။
နောက်ထပ် နံပါတ် တစ်ခုပေးပြန်တယ်။ ၆၆၈၈
တဲ့။
ဒါနဲ့လည်း မရဘူး။
သုံးခါမှားပြီဆိုတော့ ဦးစိန်လှ ထပ်မသွားရဲတော့ဘူး။
ဟုတ်တယ်လေ။ စက်မှာ ငွေလာထုတ်တဲ့သူတွေ ဘယ်သူမှ နံပါတ်အမှားနဲ့လာ မထုတ်ကြဘူး။ အခုတော့
ဦးစိန်လှက သုံးခေါက်သွားတာ သုံးခေါက်လုံး မှားနေတော့ သူများကျပျောက်တဲ့ ကတ်ပြားကောက်ရလာပြီး
လာစမ်းထုတ်နေတဲ့ ဂျပိုး သူခိုးလို့ ထင်စရာကောင်း မနေပေဘူးလား။ စက်မှာ တပ်ထားတဲ့ ဗီဒီယိုကင်မရာကလည်း
ရှိသေးတာ။
'ကဲ... သီဟရာ၊ ငါ ကတော့ ထပ်ထုတ်လို့ မကောင်းတော့ဘူး။
မင်း ကိုယ်တိုင် တစ်လှည့်ကြိုးစား ကြည့်ပါဦး။ လုံးဝမရရင်တော့ တစ်မျိုးတစ်ဖုံ စဉ်းစားကြတာပေါ့'
ဦးစိန်လှက ကိုသီဟကို ဘဏ်ကတ်ပြန်ပေးပြီး
အလုပ်ကို ထွက်ခဲ့တယ်။
အဲဒီည ၁ နာရီလောက် အိမ်ပြန်ရောက်ပြီး အခန်းမှာ
လူစုံမှ သိရတာက ကိုသီဟ တစ်ယောက် သူ့ဘဏ်ကတ်ကိုရော၊ ဘဏ်စာအုပ်ကိုရော နေ့ခင်းကတည်းက မီးရှို့ပစ်လိုက်ပြီတဲ့။
'ဦးလေးတောင် ထုတ်မရတာ၊ ကျွန်တော်လည်း ဘယ်ထုတ်လို့ရမှာလဲ။
ထုတ်မရမယ့်တူတူ မီးသင်္ဂြိုဟ်လိုက်တာ့ အေးရောမဟုတ်လား'
'ဟင်...'
အဲဒီညက ကိုသီဟာ 'မီးသင်္ဂြိုဟ်လိုက်တော့ အေးရောမဟုတ်လား' ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ
ပြောရင်း တဟားဟားနဲ့ ဗိုက်နှိပ်ပြီး ရယ်တာလေ မိုးလင်းတဲ့အထိပါပဲ။
သူ မြန်မာပြည် ပြန်သွားတော့ လေးနှစ်လုံးလုံး
သူ ကုန်းရုန်းရှာထားရတဲ့ ငွေတွေ သူနဲ့အတူ ပြန်ပါမသွားဘူး။ ဂျပန်က ဘဏ်တစ်ခုထဲမှာ ကျန်ရစ်ခဲ့လေရဲ့။
□
အခုတော့ တင်ထွန်းအောင်ဆွေတို့ ပြောအားရှိသွားပြီပေါ့။
'ဂျပန်ကျွန်း နတ်ကြီးတယ်ဆိုတာ ယုံပြီလား
အသေးလေး။ ဂျပန်နိုင်ငံ အဝင်ခက်၊ အထွက်ခက်ရုံ တင်မကဘူး။ ဂျပန်ပိုက်ဆံကလည်း ထိုက်မှ စားရတာကွ။
အဲဒါကြောင့် ငါတော့ ငါရှာသမျှ ပိုက်ဆံ ငါ မြန်မြန် စားပစ်တာပေါ့' တဲ့။
▀
မနှင်းဖွေး
(အမှတ် ၂၀၄၊ နိုဝင်ဘာလ၊၂၀၀၆ ရွှေအမြုတေမဂ္ဂဇင်း။)
ဒယ်ကျွမ်းတယ်ဆိုတာက ဟင်းကို ချက်ပြုတ်ကြော်လှော်တဲ့အခါ ဒယ်အိုးလက်ကိုင်ရိုးကို ပိုင်ပိုင်နိုင်နိုင်
ကိုင်ပြီး
အိုးထဲက ဟင်းတွေလည်း မဖိတ်မစဉ်အောင် အထက်အောက် မှောက်နိုင် လှန်နိုင်တဲ့ ကျွမ်းကျင်မှုမျိုးကို
ဆိုလိုတာပါ
အစွန်း
အကြောင်းပြချက် အမျိုးမျိုးနဲ့ ဂျပန်နိုင်ငံထဲ
ဝင်လာတဲ့လူတိုင်းမှာ တူညီတဲ့မျှော်မှန်းချက်က အလုပ်လုပ် ပိုက်ဆံရှာဖို့ပဲ ဖြစ်တယ်။

ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ချင်တယ်... ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ဆီ ရေးရမယ်... အဲဒါကို မသိဘူး... ဖြစ်နေတယ်... သွားဖို့အချိန်ကလည်း မြန်မြန်ကြီး နီးလာနေတယ်... ကျွန်တော် ဘယ်သူ့ဆီ စာရေးရမလဲ... သိရင် ပြေ...
ကြင်နာသနားတတ်မှု၊ ညှာတာထောက်ထားတတ်မှုဆိုတဲ့ သံယောဇဥ်ကြိုးတွေ မခိုင်လို့ ပြတ်တောက်ကုန်တာလည်း ဖြစ်မယ်။ တခြားအကြောင်းအမျိုးမျိုးလည်း ရှိပေမပေါ့။ တစ်လင်ကွာ၊ တစ်လင်ပစ်၊ တစ်လင်ပြေး အမျိုးသမီးတွေဆိုတာ တူနှစ်...
ဝါးကိုဖောင်ဖွဲ့၍ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာရသည့် အလုပ်မျိုးကို တစ်ချိန်တွင် တာဝန်ယူရမည်ဟု ကြိုတင်တွက်ဆထားလို့သာ ဘွဲ့ရပညာတတ်မာနကို ခဝါချနိုင်ခဲ့သည်။